လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုဆိုသည်မှာ
မျက်မှောက်ခေတ် မျက်စိကုသမှုနယ်ပယ်တွင်
မျက်စိအထူးကုဆရာဝန်ကြီးများသည် လေဆာ ရောင်ခြည်အမျိုးမျိုးကိုအသုံးပြု၍ မျက်စိကုသမှုအမျိုးမျိုးကို
ဆောင်ရွက်လျှက်ရှိပါသည်။ အမြင်အာရုံ တိုးတက်ကောင်းမွန်စေရန် ကုသသော
လေဆာရောင်ခြည်သုံး ကုသမှုနည်းပညာများအနက် ဤ ဆောင်းပါးတွင် ဆွေးနွေးရေးသားလိုသည်မှာ
အမြင်အလျားတို(Short – sightedness)သော ကြောင့် သို့မဟုတ် အမြင် အလျားရှည်(Long
–Sightedness)သောကြောင့် အဝေးမှုန်သူများနှင့် ဆလင်ဒါ ပါဝါ(Astigmatism) ရှိသူများအား
ကုသမှုပေးသည့် လေဆာဖြင့် အမြင်ဆိုင်ရာ
မျက်စိခွဲစိတ် ကုသမှု နည်းပညာ (Laser eye surgery) နှင့် ဆက်စပ်သော အကြောင်းအရာများဖြစ်
ပါသည်။
လေဆာဖြင့်
အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုနည်းပညာကို အရပ်သားဝေါဟာရအားဖြင့် လေဆာရောင် ခြည်ဖြင့်
မျက်မှန်ပါဝါလျော့ခြင်း(သို့)ဖျောက်ခြင်းဟု သိကြ သုံးနှုန်းကြပါသည်။မျက်စိ ပညာရပ် အခေါ်
အားဖြင့်မူ LASIK, ASLA,PRK,SMILE စသည်ဖြင့် ကုသရမည့်အခြေအနေနှင့်သုံး စွဲရမည့် နည်းစနစ်ပေါ် မူတည်၍
သုံးနှုန်းပါသည်။သက်ဆိုင်ရာဘာသာရပ်တွင် အထူးကျွမ်းကျင်သော မျက်စိဆရာဝန် ကြီးများ မှ
သင့်တော်သည်ဟု ယူဆသော နည်းပညာကို ကျင့်သုံး၍ မျက်မှန်ပါဝါလျော့ စေရန်အတွက်
မျက်ကြည်လွှာကို လေဆာရောင်ခြည်ဖြင့် ပြုပြင်ကုသသော စနစ်ဖြစ်ပါသည်။ဤနည်း ပညာကို
မျက်မှန်တပ်သူများအကြား လူသိများလာသကဲ့သို့ လူတိုင်းကုသ၍ ရနိုင်မရနိုင်ကိုလည်း
သိချင်လာကြပါ သည်။
အကျဉ်းမှတ်သား နည်းပညာများ
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြုရာတွင်
အသုံးပြုသော နည်းပညာများကို အကျဉ်း အားဖြင့် မိတ်ဆက်ပေးလိုပါသည်။
(၁)LASIK (Laser-Assisted in Situ Keratomileusis)။ ဤနည်းပညာသည် အသုံးများသောနည်းဖြစ်
ပြီး၊မျက်စိကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးပြည့်စုံသူများ အတွက် အထူးသင့်လျှော်သော
နည်း ဖြစ်၏
(၂) ASLA (Advanced
Surface Laser Ablation)။LASIK နည်းပညာကို သုံးရန် အရည်အချင်း မပြည့်
မီသော သူများအတွက် ကုသမှုပြုရာတွင်သုံးပါသည်။အထူးသဖြင့် မျက်ကြည်လွှာ အခုံးအခွက် ပုံမှန်
မရှိသူများနှင့် မျက်ကြည်လွှာပါးနေသူများ၊ပျမ်းမျှမျက်မှန်ပါဝါထက် ပိုမိုလွန်ကဲသော မျက်မှန်ပါဝါရှိသူ
များအားကုသရန် ဤနည်းပညာကိုသုံးပါသည်။
(၃) PRK
(photorefractive keratectomy)။ လေဆာနည်းပညာသုံး အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသ
မှုပြုသောနည်းများ တွင် ပထမဆုံးသောနည်းပညာဖြစ်၍ LASIK နည်းပညာ၏ ရှေ့ပြေးဖြစ်ပါသည်။
(၄) SMILE (Small incision lenticule
extraction)။ အမြင်အာရုံပြုပြင်ပေးသည့်
နောက်ဆုံးပေါ် နည်း ပညာများကို ကိုယ်စားပြုသည့် နည်းဟုပင်
ဆိုနိုင်ပါသည်။ကုသမှုလိုအပ်ချက်အရ ပုံမှန် မျက်ကြည် လွှာများကို ကုသရာတွင် LASIK
နည်းနှင့် တလှည့်စီ အသုံးပြုရသောနည်းဖြစ်ပါသည်။ အထူးသဖြင့် အမြင်အလျားတို
အဝေးမှုန်(Myopia)ပါဝါ များသူများနှင့်ဆလင်ဒါပါဝါများကို လျော့ချ ပေးရာတွင်
ဤနည်းကိုသုံးပါသည်။
ကုသမှုခံယူနိုင်သူများ
အထွေထွေကျန်းမာရေးကောင်း(မည်သည့်ရောဂါမျှမရှိ)သူ၊အနည်းဆုံး
တစ်နှစ်တစ်ခါ မျက်မှန်
ပါဝါပုံမှန်စစ်ဆေးနေသူ၊မျက်မှန်လိုအပ်ချက်ရှိ(မျက်မှန်တပ်နေရ)သည်ကလွဲ၍
မျက်စိကျန်းမာရေး ကောင်း(အထူးသဖြင့် မျက်ကြည်လွှာကောင်း)သူများသည် ယေဘုယျအားဖြင့် လေဆာဖြင့်
အမြင် ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြုနိုင်ပါသည်။ များသောအားဖြင့်
ပုံမှန်အခြေအနေရှိသူများအား LASIK နည်းပညာဖြင့် ကုသမှုပေးပါသည်။သို့သော်လည်း
အမြင်အလျားတို၍ အဝေးမှုန်ပါဝါများသူ၊ မျက် ကြည်လွှာ ပုံမှန်အခြေ အနေမရှိဘဲ ပါးသူများအား
ASLA နှင့် SMILE နည်းပညာ များကိုကျင့်သုံး၍ သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ
မျက်စိအထူးကုဆရာဝန်ကြီးများမှ ကုသမှုပေးပါသည်။
ကုသမှု မပြုနိုင်သူများ
(၁)အသက်(၄၀)ကျော်
အနီးမှုန်သူများ(Presbyopia)
ထိုသူများသည်
အသက်အရွယ်အရ သဘာဝအတိုင်း အနီးမှုန်လာခြင်းဖြစ်ပါသည်။အသက်ပို၍ ပို၍ကြီးလာသည်နှင့်အမျှ
အနီးကြည့်တွင်လည်း ပိုမှုန်လာမည်ဖြစ်၏။ရွေးချယ်ရန်နည်းလမ်းများမှာ
မျက်စိအထူးကုဆရာဝန်/မျက်စိပညာရှင်တို့နှင့် တိုင်ပင်၍
အနီးကြည့်မျက်မှန်တပ်ခြင်းနှင့် အနီးမှုန်
သူများအတွက် လေဆာဖြင့်ခွဲစိတ်ကုသနည်း(Laser Lens Surgery)ဖြင့်
ကုသခြင်းတို့ဖြစ်ပါသည်။
(၂)မျက်မှန်ပါဝါ
အလွန်အမင်းများနေသူများ
အမြင်အလျားတို(Myopia)နှင့်အမြင်အလျားရှည်
အဝေးမှုန်(Hyperopia)သူများတွင် ပျမ်းမျှ ပါဝါထက် ပို၍ များနေသူများအား LASIK
သို့မဟုတ် ASLA နည်းပညာများဖြင့်ကုသ၍ မရပေ။(ဥပမာ Myopia များ အတွက်
ပျမ်းမျှအဆင့်သတ်မှတ်ချက်မှာ - 8.00 နှင့် - 20.00 diopters အကြား ဖြစ်ပါ သည်)။ရွေးချယ်ရန်
နည်းလမ်းမှာ ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်၍၊ SMILE
နည်းပညာကို အသုံးပြု၍ ကုသ၍ မရပါက၊မျက်စိတွင်းရှိ သဘာဝမှန်ဘီးလူး၏ရှေ့တွင် မှန် ဘီးလူးတု
(Phakic IOL or implantable contact lens)တမျိုးတပ်ဆင်ခြင်းပင်ဖြစ်ပါသည်။
(၃)
မျက်စိကျန်းမာရေးနှင့်အထွေထွေကျန်းမာရေးချို့တဲ့သူများ
မျက်စိရောဂါတမျိုးမျိုးရှိသူများ၊အထွေထွေကျန်းမာရေးချို့တဲ့သူ
ရောဂါတမျိုးမျိုးရှိသူများ၊ခန္ဓာ ကိုယ်၏ သဘာဝခုခံအားစနစ်ချို့ယွင်းနေသူများနှင့်
မျိုးရိုးလိုက်သူများ၊မျက်ကြည်လွှာကျန်းမာရေးမ ကောင်းသူများ၊ဆီးချိုသွေးချိုရောဂါရှိသူများအား
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသ၍ သာမန်အားဖြင့် မရပါ။ရွေးချယ်ရန်
နည်းလမ်းမှာ မျက်စိအထူးကုဆရာဝန်နှင့် စဉ်ဆက်မပြတ် တိုင်ပင် ၍ ကုသ၍ရနိုင်မည့်အချိန်ကို
စဉ်းစားဆုံးဖြတ်ရန်ဖြစ်၏။
(၄) အသက်(၂၀)အောက်လူငယ်များ
အသက်(၂၀)အောက်လူငယ်များသည်
မျက်မှန်ပါဝါတည်ငြိမ်မှုမရှိသေးဘဲ ပြောင်းလဲနိုင်သေး သည့် သဘာဝရှိပါသည်။လေဆာဖြင့်
အမြင်ဆိုင်ရာ မျက်စိခွဲစိတ်အထူးကု မျက်စိဆရာဝန်ကြီးများ သည် လွန်ခဲ့သော တနှစ်အတွင်း
မျက်မှန်ပါဝါ မပြောင်းလဲသောသူများကိုသာ ဦးစားပေးကုသမှုပြုပါ သည်။ မျက်မှန်ပါဝါ တည်
ငြိမ်သူများသာ ကုသမှုရလဒ် ကောင်းသောကြောင့်ဖြစ်ပါသည်။ ရွေးချယ်ရန် နည်း လမ်းမှာ
ကုသမှု ရလဒ် ကောင်းသည့် အသက်(၂၀)ကျော်အရွယ်ရောက်မှသာ ကုသမှုခံယူရန် ဖြစ်ပါသည်။
(၅)မျက်မှန်ပါဝါအမြဲတိုးနေသူများ(Progressive
Myopia)
ထိုသူများတွင်
အကြောင်းအမျိုးမျိုးကြောင့် မျက်လုံးတဖြည်းဖြည်းရှည်လာခြင်း(Progressive Axial
Length) သဘောရှိသဖြင့် မျက်မှန်ပါဝါ အမြဲတိုးနေတတ်သည်။မျက်မှန်ပါဝါတည်ငြိမ်မှုမရှိသော
ကြောင့် လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှု ပြု၍မရပါ။
အကြံပြုချက်
အမြင်အာရုံ
ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်သည် မျက်မှောက်ခေတ် လူနေမှုပုံစံများကြောင့် မျက်စိကျန်းမာရေးကောင်းနေသူများ
အကြားတွင်ပင် ၉၀% ကျော်မျှရှိနေသည် ဖြစ်ရာ၊ထိုသူများ အားလုံးအား၊ လေဆာဖြင့် အမြင်ဆိုင်ရာ
ခွဲစိတ်ကုသမှုပြု၍ အမြင်အာရုံ တိုးတက်ကောင်းမွန်စေရန် ပြုပြင်၍ရသည် မဟုတ်ပေ။လေဆာဖြင့်
မျက်မှန်ပါဝါဖျောက်ရာတွင် ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ စက် ကိရိယာကောင်းမွန် အဆင့်မြင့်ရန်
မဖြစ်မနေလိုအပ်ခြင်း၊နည်းပညာကျွမ်း ကျင်မှုနှင့် အတွေ့အကြုံ များစွာလိုအပ်ခြင်းတို့ကြောင့်
မလွန်ကဲသော(ပျမ်းမျှ)မျက်မှန်ပါဝါမျိုးဖြစ်ပါက ပုံမှန် မျက်စိစမ်းသပ် စစ်ဆေး၍
မျက်မှန် တပ်ခြင်း သို့မဟုတ် မျက်ကပ်မှန်အသုံးပြုခြင်းသည်သာ အကောင်းဆုံးဖြစ် ပါသည်။အကယ်၍
မိမိ၏ အမြင်အာရုံစစ်ဆေးခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်အောင် ပြုပြင် ခြင်းများ
ပြုလုပ်လိုပါက သက်ဆိုင်ရာမျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အချိန်ယူတိုင်ပင်၍
ဆောင် ရွက်သင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။
Ref; https://visioneyeinstitute.com.au/eyematters/everyone-suitable-laser-eye-surgery/

No comments:
Post a Comment