မျက်ခွံ၌ဖြစ်ပွားသော မျက်စိဝေဒနာများသည် အစဦးကာလများ၌
အမြင်အာရုံကို ရုတ်တရက် ထိခိုက်စေနိုင် လောက်သည့် အခြေအနေမျိုး
မဖြစ်နိုင်သော်လည်း၊ လူအများ၏အမြင်တွင်သိသာထင် ရှားပြီး ကာယကံရှင်အားလည်း
အထူးပင်စိတ်ကသိကအောင့်ဖြစ်စေ၏။ကာလကြာလာသောအခါ နာကျင်မှုဝေဒနာ ပိုမိုထင်ရှားလာပြီး
အမြင်အာရုံဆုံးမှုမရှိသော်လည်း တဖြည်းဖြည်းနှင့် အမြင်ကျဆင်း လာမှုကို ဖြစ်စေသော
ဝေဒနာများရှိကြောင်း သတိမှုမိကြစေရန် ရည်ရွယ်၍ ဤဆောင်းပါးကိုပြုစုပါ သည်။
အဖြစ်များသော
မျက်ခွံဝေဒနာများကို လေ့လာလျှင်…..
(က)မျက်ခွံရောင်ခြင်း(Blepharitis) (ခ)မျက်ခွံ၌အဖုဖြစ်ခြင်း(Chalazion)
(ဂ)မျက်ခမ်းစပ်ရောဂါ(Trachoma) နှင့် (ဃ)မျက်ခွံကျခြင်း(Ptosis) တို့ကို
တွေ့ကြရပါမည်။
(က)မျက်ခွံရောင်ခြင်း(Blepharitis)
မျက်ခွံရောင်ခြင်းသည်
သိသာမြင်သာသော အဖြစ်များသည့် မျက်စိပြဿနာတခုဖြစ် သည်။ ဗက်တီးရီးယားပိုးကြောင့် မျက်ခွံသည်
နီရဲလျှက် ဖောင်းလျှက် မို့အစ်လျှက် ရောင်နေမည်ဖြစ် ၏။ ကာယကံရှင်မှာ ကျိန်းစပ်သော ဝေဒနာကိုခံစားရလျှက်
မျက်ရည်ပူများ တခါတရံကျနေတတ်ပါ သည်။ အမြင်အာရုံကို ထိခိုက်စေခြင်းမရှိသော်လည်း ခံစားရသည့်ဝေဒနာမှာ
သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။
မျက်ခွံရောင်ခြင်းကိုသုံးမျိုးသုံးစားတွေ့ကြရပါမည်။အပြင်မျက်ခွံရောင်ခြင်း၊အတွင်းမျက်ခွံရောင်
ခြင်း နှင့် အပြင်မျက်ခွံရောအတွင်းမျက်ခွံပါရောင်ခြင်းတို့ဖြစ်၏။အပြင်ဖက်မျက်ခွံရောင်လျှင်
မျက်ခွံ အပြင်ဖက် အပေါ်ယံ အရေပြား၊ အရေပြားအောက်ခြေအလွှာနှင့် မျက်တောင်မွှေးအောက်ခြေ
မွှေး ညှင်းပေါက်နေရာများမှ ဗက်တီးရီးယားပိုးဝင်ခြင်းကြောင့် စတင်ဖြစ်ပွား သည်ကိုတွေ့ရပါသည်။
အပြင် ဖက်မျက်ခွံအရေပြားသည် ရောင်ရမ်းလျှက် နာကျင်သော ဝေဒနာကို ခံစားရပါမည်။တခါတရံပြည်
တည်တတ်သော ဗက်တီးရီးယားပိုးတမျိုး (Staphylococcal infections) ကြောင့် အပြင်ဖက်မျက်ခွံ
ရောင်ရခြင်း ဖြစ်ပါသည်။
အတွင်းဖက်မျက်ခွံရောင်ခြင်းသည်
မျက်ခွံအတွင်းဖက်ကိုဖုံးအုပ် ထားသော မျက်မြှေးလွှာနှင့်
မျက်လုံး၏မျက်ဖြူလွှာကိုဖုံးအုပ်ထားသော မျက်မြှေးလွှာတို့ဆုံတွေ့ရာ
ဒေါင့်ချိုး(Inner Edge) မှ စတင် ဖြစ်ပွားပြီး မျက်ခွံ၏အတွင်းပိုင်းတွင်
ရောင်ရမ်းနေသည်ကို တွေ့ကြရပါမည်။ အပေါ်အောက် မျက်ခွံ များတွင်ရှိသော မျက်ရည်အဆီဂလင်း(meibomian
glands) အားနည်း သို့မဟုတ် ချို့ယွင်းခြင်း ကြောင့်
သော်လည်းကောင်း၊ကိုယ်တွင်းခုခံအားစနစ် အားနည်းခြင်းကြောင့်သော်လည်းကောင်း မျက် ရည်၏
အရည်အသွေးကျဆင်းသွားခြင်းကြောင့် စတင်ဖြစ်ပွားရပါသည်။ဆက်လက်၍ ဗက်တီးရီးယား ပိုးဝင်ခြင်း
ဖြစ်လာနိုင်သဖြင့် ပေါ့ဆ၍မရပေ။
အပြင်ဖက်မျက်ခွံရောင်ခြင်းနှင့်
အတွင်းဖက်မျက်ခွံရောင်ခြင်းတို့သည် သီးခြားဆီဖြစ်တတ် သကဲ့သို့ အပြိုင်နက်တည်းဖြစ်ပွားခြင်းလည်းရှိပါသည်။ထိုအခါ
အထက်ဖော်ပြပါ သင်္ကေတနှစ်မျိုးစလုံး ကိုတွေ့ကြရ မည်ဖြစ်ပါသည်။မျက်ခွံရောင်ခြင်းသည် အမြင်အာရုံကိုရုတ်တရက်မထိခိုက်နိုင်သော်
လည်း ရေရှည်ဖြစ်ပွားပါက မျက်ခွံ၏လုပ်ငန်းစဉ်များကိုထိခိုက်စေနိုင်သဖြင့် ဂရုတစိုက်ကုသမှုခံယူ
သင့်ပါသည်။
(ခ)မျက်ခွံ၌
အဖုဖြစ်ခြင်း(Chalazion)
မျက်ခွံတွင်းရှိ အဆီဂလင်း(sebaceous gland)မှ အဆီစိမ့်ထွက်ရာ လမ်းကြောင်း(duct)
ပိတ်ဆို့သွားသောကြောင့် မျက်ခွံတွင်းရှိ ၄င်းအဆီဂလင်းရှိရာနေရာ၌ အဆီများစုဝေးလျှက်
တဖြည်း ဖြည်းရောင်လာဖြင်း ဖြစ်ပါသည်။ရောင်ရမ်းခြင်း မရှိဘဲအဆီကြိတ်အဖြစ် ရှိနေခြင်းမျိုးလည်း
တွေ့ရ တတ်ပါသည်။အဆီကြိတ်ရှိရာ နေရာ၌သာရောင်နေရာမှ မျက်ခွံတခုလုံးနီး ပါး ရောင်ရမ်းလာခြင်းမျိုး
(secondary infection)လည်း ဖြစ်တတ်ပါသည်။ ထို့ပြင် မျက်ခွံပိုးဝင်၍ဖြစ်သောအဖု(Infected
Chalazion)သို့မဟုတ် မျက်စိစွံခြင်း(Stye) ၊ ကင်ဆာမဟုတ်သော အဖုအကြိတ်(Benign
Tumours) နှင့် ကင်ဆာအဖုအကြိတ်(Malignant Tumours) စသည်ဖြင့်လည်း ရှိပါသေးသည်။
နာကျင်သောဝေဒနာ ခံစားလာရသည်မှ သူ့အလိုလျှောက် အဆီကြိတ်ပေါက်ထွက်သွားခြင်း လည်း
ရှိပါသည်။ကုသမှုအပိုင်းတွင် …ကော်မျက်စဉ်း (Antibiotic eye ointment)ခပ်ရန် ညွှန်ကြား
ခြင်းနှင့် မျက်ခွံအဖုကို ခွဲစိတ်ခြစ်ထုတ်ဖယ်ရှားပေးခြင်း စသည်ဖြင့် သက်သာပျောက်ကင်း
စေမည် ဖြစ်ပါသည်။ အသေးစား ခွဲစိတ်ကုသမှုဖြစ်၍ လျှင်မြန်စွာသက်သာ ပျောက်ကင်းမည်ဖြစ်၏။
မျက်စိ အထူးကုဆရာ ၀န်နှင့်ပြသ၍ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်ပါသည်။
(ဂ)မျက်ခမ်းစပ်ရောဂါ(Trachoma)
မျက်ခမ်းစပ်ရောဂါသည်
ကလေးဘ၀မှ စတင်ကူးစက်ခြင်းခံရတတ်ပြီး ရောဂါကူးစက်သည်မှ နောက်ပိုင်း နှစ်ပေါင်းနှစ်ဆယ်
သို့မဟုတ် နှစ်ဆယ်ကျော်ခန့်တွင် အမြင်အာရုံဆုံးရှုံးသွားရတတ်ပါ သည်။ သက်သာလိုက် ပြန်ဖြစ်လိုက်နှင့်
မျက်စိ၌ ရေရှည်ဖြစ်ပွားတတ်သော ရောဂါအမျိုး အစားဖြစ် ပြီး အချို့သောအပူပိုင်းနိုင်ငံများတွင်
အဖြစ်များ၏။
ကူးစက်တတ်သော ရောဂါဖြစ်ပြီး အထူးသဖြင့်
ယင်ကောင်ကဲ့သို့သော ပျံသန်းသည့် အင်း ဆက်များက ရောဂါပိုးများကို သယ်ဆောင် ပြန့်ပွားစေသည်။ကမ္ဘာတ၀န်း
၎င်းရောဂါပိုး ကူးစက်ခံရသူ သန်း ၅၀၀ ခန့်ရှိသည်ဟု ပညာရှင်များက ခန့်မှန်းကြပြီး မျက်စိအမြင်အာရုံဆုံးရှုံးသူ
ပေါင်း ၆ သန်းခန့် ရှိသည်ဟု ဖော်ပြကြသည်။
တကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု လွန်စွာနိမ့်ကျ ခြင်း၊မိလ္လာစနစ်နှင့်
ရေဆိုး စနစ်များ အဆင့်နိမ့်ကျလွန်းခြင်းများသည် အထက်ဖော်ပြပါ မျက်ခမ်းစပ်ရောဂါ ပြန့်ပွားနှုန်းကို
အထူး မြင့်တက် စေသော အချက်များဖြစ်ပါသည်။ ကလေးဘဝမှစတင်ကာ နေ့စဉ် စနစ်တကျ မျက်နှာသစ်
ခြင်းသည် တကိုယ်ရေသန့်ရှင်းမှုကို အခြေခံအားဖြင့် အထောက်အပံ့ပြု၍ မျက်ခမ်းစပ်ရောဂါကို
ကာ ကွယ်ပေးသည်ဖြစ်ရာ နေ့စဉ်စနစ်တကျ မျက်နှာသစ်ကြစေရန်လည်း တိုက်တွန်းကြ ရမည်ဖြစ်ပါ
သည်။
မျက်ခမ်းစပ်ရောဂါပိုးကြောင့် အထက်မျက်ခွံရှိ မျက်တောင်မွှေး များသည် အတွင်းသို့
စိုက် ၀င်လျှက်ရှိပြီး မျက်ကြည်လွှာကို အစဉ်တစိုက် ပွတ်တိုက်မိစေသည်။အထက်မျက်ခွံ၏ အနားသတ်များ
သည် အတွင်းဖက် သို့ကုတ်လျှက် စိုက်ဝင်နေ သောကြောင့်၊ ထိုသို့စိုက်ဝင်နေသော အခြေအနေကို
Entropion ဟုခေါ်ပါသည်။ အတွင်းသို့ မျက်ခွံကုတ်ဝင်သော ရောဂါ ဟုခေါ်ဆိုဟန်ရှိ၏။ အချိန်ကာလ
ကြာသောအခါ မျက်ကြည်လွှာအနာ (Corneal Ulcer)မှတဆင့် အနာရွတ် ဖြစ်လာပြီး မျက်ကြည်လွှာ ပိတ်ဖုံးခြင်း(Opaque)
ဖြစ်သွားမည် ဖြစ်ပါသည်။ အမြင်အာရုံလည်း ကျဆင်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ထိုအခြေအနေများ
ဆက်လက်မဖြစ်ပွားစေရန် အတွက် မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး မှန်ကန်သော ခွဲစိတ်ကုသမှုကို
ခံယူရန်လိုအပ်ပါသည်။ ခွဲစိတ်ကုသမှု ခံယူပြီးမှာသာ အတွင်းသို့ ကုတ်ဝင်နေသောမျက်ခွံသည်
အပြင်သို့ပြန်လန်ထွက်လာပြီး မျက်လုံးကို မျက်တောင်မွှေး များဖြင့် ပွတ်တိုက်နေမှုမှ လွတ်သွားမည်
ဖြစ်ပါသည်။
(ဃ)မျက်ခွံကျခြင်း(Ptosis)
မျက်ခွံကျခြင်းဆိုသည်မှာ အပေါ်မျက်ခွံသည် မျက်စိကိုပိတ်ဖုံးလုနီးပါး သို့မဟုတ်
တစိတ်တပိုင်း အောက်သို့တွဲကျလျှက်ရှိသော မျက်စိပြဿနာတမျိုးဖြစ် ပါသည်။ မျက်စိတဖက်ချင်းစီ
သာ အဖြစ်များ ၏။ဖြစ်ပွားရသောအကြောင်းရင်းများမှာ- မွေးရာပါမျက်ခွံကျခြင်း
(congenital)၊ ဦးနှောက်၏ တတိယမြောက်အာရုံကြော အားနည်းခြင်း (Third craneal nerve
polsy)၊ ထိခိုက် ဒဏ်ရာရခြင်း (Trauma)၊ မျက်စိ
ကြွက်သားများ အင်အား ဆုတ်ယုတ်လာခြင်း(Mysthenia) စသည်တို့ ကြောင့်ဖြစ်လေ သည်။
ဦးနှောက်နှင့် ဆက်သွယ်လျှက်ရှိသည့်
အာရုံကြော(၁၂)စုံအနက် တတိယမြောက်အာရုံ ကြော(third craneal nerve) အလုပ်မလုပ်တော့ လျှင်လည်း
မျက်ခွံကျတတ်ပါသည်။၎င်းတတိယ မြောက် ဦးနှောက်အာရုံကြောသည်၊မျက်လုံးနှင့် ၄င်းပတ်လည်ရှိ
ကြွက်သားများကို ထောက်ပံ့သော ကြောင့် မျက်စိကိုလှည့်ပတ်လှုပ်ရှားနိုင်ခြင်း၊မျက်လုံးအဖွင့်အပိတ်
နှင့် သူငယ်အိမ်၏အကျဉ်းအကျယ် ပြောင်းလဲခြင်း တို့ကို ဆောင်ရွက်နိုင် ခြင်းတို့ကြောင့်
ထိုအာရုံကြောကို မျက်စိလှုပ်ရှားမှုဆိုင်ရာ အာရုံ ကြော (oculomotor nerve)ဟုလည်းခေါ်ပါသည်။
တခါတရံတွင် မျက်ခွံကျသည်ဆိုရုံမျှ
ဖြစ်သော်လည်း၊ အခြားအရေးကြီးသော ရောဂါများ နှင့်ဆက် စပ်လျက် ဖြစ်ပွားတတ်သည် ဖြစ်ရာ အကြောင်းရင်းဇစ်မြစ်ကို
ရှာဖွေကုသရခြင်းမျိုး ရှိသဖြင့် မပေါ့ဆ သင့်ပေ။(ဥပမာအားဖြင့်-ဦးနှောက်၌ ဖြစ်နေသည့်
အဖုအကြိတ် တခုခုက တတိယမြောက် အာရုံကြောကို ဖိထားသောကြောင့် (သူငယ်အိမ်ကျယ်၍) မျက်ခွံကျခြင်းနှင့်၊
တတိယမြောက် အာရုံ ကြောအတွင်း စီးဆင်း သည့် သွေးကြောများ ဖောက်ပြန်သော (ဆီးချိုရောဂါ)
ကြောင့် (သူငယ်အိမ် ကျဉ်း၍)မျက်ခွံကျခြင်း တို့ဖြစ်ပါသည်။
ထို့ပြင် မျက်စိကြွက်သားနှင့် ပတ်သက်သော
ရောဂါတမျိုးမျိုး ကြောင့် မျက်စိလှုပ်ရှားမှု နှေး ကွေးခြင်းနှင့် လုံးဝမလှုပ်ရှားတော့သည့်
မွေးရာပါ မျက်စိပြဿနာမျိုးလည်း ရှိသေးရာ မျက်ခွံကျခြင်း သည် ထိုမျက်စိ ပြဿနာ၏ ထူးခြားသော
သွင်ပြင်လက္ခဏာတရပ်အဖြစ်လည်း တွေ့ရတတ်ပါသည်။ မျက်ခွံကျသူသည် တခါတရံ၌ ပြင်းထန်စွာနာကျင်ခြင်း
အပြင် အခြားလက္ခဏာတရပ်အဖြစ် ခေါင်း ကိုက်ခြင်းကိုလည်း ခံစားရလေ့ရှိ၏။
အသေးစားခွဲစိတ်ကုသခြင်းအပါအ၀င် ရောဂါဖြစ်ပွားရခြင်း၏
အကြောင်းရင်း ဇစ်မြစ်များကို ရှာဖွေကုသမှုများ ပြုလုပ်ခြင်းဖြင့် မျက်ခွံတွဲကျခြင်း(ptosis
or blepharoptosis)ကို သက်သာပျောက် ကင်းအောင် ကုသရမည်ဖြစ်ရာ မျက်ခွံတွဲကျသောသူများသည်
မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင် လျှက် ကုသမှုခံယူခြင်း သည်သာ အကောင်းဆုံးဖြစ်ပါကြောင်း
အကြံပြုရေးသားအပ်ပါသည်။
ပြည့်အောင်(COA)

No comments:
Post a Comment