(မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမြအောင်နှင့်တွေ့ဆုံမေးမြန်းခြင်း-၁၉/၁၁/၂၀၁၁)
လူတိုင်းရဲ့မျက်စိထဲမှာ သဘာဝ မှန်ဘီလူး ရှိပါတယ်။ ဒီမှန် ဘီလူးဟာ ခုံးလွန်း၍ မျက်လုံး အိမ်ရှည် သောအခါ ပုံရိပ်သည် မြင်လွှာ (Retina) ၏ ရှေ့တွင် ထင်နေ စေတဲ့ အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ယင်း ကို Myopia လို့ခေါ်ပါတယ်။ အလား တူပဲ မှန်ဘီလူးခွက်လွန်းနေ၍ မျက်လုံး အိမ်တိုသောအခါ ပုံရိပ်များမှာ အမြင် အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်း ကြောင့် ပုံရိပ်များကို ထင်ရှား စွာမမြင်ရတော့ဘဲ ဝါးနေတတ်ပြန်ပါ တယ်။ Hyperopia လို့ခေါ်ပါတယ်။
လူတိုင်းရဲ့မျက်စိထဲမှာ သဘာဝ မှန်ဘီလူး ရှိပါတယ်။ ဒီမှန် ဘီလူးဟာ ခုံးလွန်း၍ မျက်လုံး အိမ်ရှည် သောအခါ ပုံရိပ်သည် မြင်လွှာ (Retina) ၏ ရှေ့တွင် ထင်နေ စေတဲ့ အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ယင်း ကို Myopia လို့ခေါ်ပါတယ်။ အလား တူပဲ မှန်ဘီလူးခွက်လွန်းနေ၍ မျက်လုံး အိမ်တိုသောအခါ ပုံရိပ်များမှာ အမြင် အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်း ကြောင့် ပုံရိပ်များကို ထင်ရှား စွာမမြင်ရတော့ဘဲ ဝါးနေတတ်ပြန်ပါ တယ်။ Hyperopia လို့ခေါ်ပါတယ်။
ဒါ့အပြင်
မျက်ကြည်လွှာ၏ မျက်နှာပြင် အခုံးအခွက် မညီညာ သောကြောင့် ဆလင်ဒါစောင်းနေခဲ့
လျှင်လည်း ပုံရိပ်ဟာ ရွှဲ့စောင်း (Distorted) နေတတ်ပါတယ်။ ဒါကို တော့
Astigmatism လို့ ခေါ်ပါ တယ် ။ ဖော်ပြပါ ပြဿနာများကို
ဖြေရှင်းကုသပေးတဲ့နည်းကတော့ ထိုသူကို သင့်တော်တဲ့ ပါဝါမျက်ကပ်မှန် များရှိသော မျက်မှန်များ တပ်ဆင်စေခြင်းဖြစ်ပါတယ်။
မျက်စိ
အမျိုး အစားတွေ အမျိုးမျိုးရှိသလို မျက်မှန် ကိုင်းတွေလည်း အမျိုးမျိုး
ရှိလာခဲ့ရာ လွန်စွာကျယ်ပြန့် လှသော မျက်စိကျန်း
မာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဈေးကွက် ကြီး တစ်ခုပင် ဖြစ်ထွန်း
လာခဲ့ပါတယ်။ သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ မျက်မှန်တပ်စရာ
မလိုတော့ဘဲ လေဆာရောင်ခြည်ဖြင့် လိုအပ်သည့် မျက်စိပါဝါအတိုင်း
ပြုပြင်ပေးနိုင်သော နည်းပညာတစ်ခု ဖြစ်တဲ့ Lasik (Laser Assisted in Situ
Keratomileusis) နည်းပညာ ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာပေါ်မှာ ပထမဦးဆုံး Lasik
နည်းဖြင့် မျက်စိ ပါဝါ ပြုပြင်ပေးသော ကုသမှုကို ၁၉၈၉ခုနှစ်၌ အမေရိကန်
ပြည်ထောင် စုတွင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
Lasik
အကြောင်းနှင့် ပတ်သက် ပြီး မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးမြအောင် နှင့်ဆွေးနွေးမေးမြန်းခဲ့သည်များကို ပြန် လည်ဖော်ပြလိုပါတယ်။ဆရာကြီးရဲ့ ဆွေးနွေးရှင်းလင်း ချက်အရ လူတို့၏ မျက်စိတွင် မျက် ကြည်လွှာ
Cornea ရှိကြောင်း၊ အဆိုပါမျက်ကြည်လွှာတွင် အလွှာ ၅ခု ပါရှိသည့်အနက် Stroma
အလွှာနေရာအထိရောက်အောင် Microkeratome ဆိုတဲ့ ဓားလေးနဲ့ ခွာ လိုက် ရကြောင်း၊
အဝေးမှုန်ဖြစ်ပါက Minus Power ကို လျှော့ပေးကြောင်း၊ အနီးမှုန်ဖြစ်နေလျှင်
Plus Power ကို လျှော့ပေးကြောင်း၊ ဆလင်ဒါ စောင်းနေလျှင်လည်း တည့်မတ်သွား
အောင် လုပ်ပေးကြောင်း ပြောပြပါ တယ်။
ဆရာကြီး က “
မျက်ကြည်လွှာ (Cornea) Flat ဖြစ်နေရင် နည်းနည်းလေးခုံး သွားေ အာင်
ဘေးပတ်ပတ်လည် နေရာတွေကို လေဆာနဲ့ ပြုပြင်ပေးတယ်။ သိပ်ခုံးနေတဲ့
မျက်ကြည် လွှာ ဆိုရင် အလယ်ပိုင်းက ခုံးနေသော နေရာကို လေဆာဖြင့်
ပြေပြစ် သွားအောင် ပြုပြင်ပေး ရပါတယ်။ ဆလင်ဒါရှိရင်တော့ Axis ၀င်ရိုးတန်း
ကို ပြေလည်သွားအောင် Neutralise လုပ်ေ ပးခြင်းဖြစ်ပါသတယ်။ ပြီးရင်တော့
အပေါ်ယံ မျက်ကြည်လွှာ အလွှာ (Anterior Flat) ကိုပြန် အုပ်ပေးခဲ့တယ်” လို့ ပြောပြပါတယ်။ ဆက်လက်၍ “Microkeratome
ကို လက်နဲ့ပဲ ချိန်ပြီး မျက်ကြည် လွှာပေါ်မှာလိုချင်တဲ့ နေရာ အရွယ်
အစားရအောင် လုပ်ရတယ်။ အထူးသဖြင့် မျက်ကြည်လွှာရဲ့ အထူ Thickness of Cornea
ပေါ်မူတည်ပြီးအနည်းဆုံး မျက်ကြည် လွှာအထူ ၃ ပုံ ၁ ပုံ လောက် ချန်ထားပေးရတယ်။
ဥပမာ- မျက်ကြည်လွှာ ၅၀၀ မိုက်ခရို မီလီမီ တာ ရှိရင် ၁၅၀ လောက် ကို လေဆာနဲ့
စားလိုက်တဲ့အခါ ၃၅၀ လောက်ကျန်တယ်” လို့ပြောပြပါတယ။်
Lasik
ကုသမှုမစခင်ကတည်း က မျက်ကြည်လွှာ၏ အထူအပါးကို တိုင်းခြင်း၊ လေဆာဖြင့်
စားရမည့် အထူကို တွက်ချက်ခြင်း စသည်တို့ အားပြုလုပ်ကာ အချက်အလက် data
များအား ကွန်ပျူတာ ထဲတွင် ထည့် သွင်းပေးရကြောင်း သိရပါတယ်။
အဝေးမှုန်သူများကို ပြုပြင်ပေး ပြီးတဲ့အခါ အချို့သော သူများ အတွက် စာဖတ်ရန်
အနီးကြည့်မှန်ဘီလူးလို နေသေးသည့်အတွက် ပါဝါထည့်ပြီး Cornea Inlay
လုပ်ပေးပြီး မှ Flat ကို ပြန်အုပ်ပေးရကြောင်း ပြောပြ ပါတယ်။ အဝေးမှုန်ရော
အနီးမှုန်ပါ ရှိနေ သူများအတွက် မျက်မှန် တပ်ရသူများတွင် Multi focal lenses
ထည့်သကဲ့သို့ သဘောတရားချင်း အတူတူဖြစ် ကြောင်းလည်း ပြော ပပါတယ်။ Lasik
နည်းဖြင့် မျက်စိမှန်ဘီလူး ပါဝါပြုပြင်ပေးတဲ့အခါ အဆိုပါ လူနာ များအနေနဲ့
ဆေးရုံတက်စ ရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှုပေးနိုင် ကြောင်း၊
ထုံဆေးပေး၍ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Lasik ဖြင့် မျက်စိပါဝါ ပြုပြင်သူများအနေနဲ့ ဘယ်အသက်အရွယ်မှာ လုပ်သင့် သလဲဆိုတဲ့ အချက် ကိုလည်း ပြောပြပါ တယ်။ “အသက်အရွယ်ကတော့
အသက် ၁၈ နှစ် ကျော်မှ ပဲလုပ်သင့်ပါတယ်။ မျက်ကြည်လွှာ ဖွံ့ဖြိုးမူက အသက် ၁၈
နှစ်ရောက်မှ ပြီးဆုံးသွားတာဖြစ်တယ်။ အဲဒီ အသက်ထက် ငယ်တဲ့အချိန်မှာ
လုပ်ခဲ့ရင် မျက်စိပါဝါက မမှန်သေးတဲ့အတွက် ထပ်ပြောင်း သွားတဲ့အခါ Lasik
နောက်တစ်ကြိမ် ပြန်လုပ်ရတတ်ပါတယ်။ မျက်မှန်ပါဝါတိုင်းကြည့်လျှင်
အဝေးမှုန်(-၁၄.ဝ၀)အထိ လည်း ကောင်း၊ အနီးမှုန် (+၈.ဝ၀) အထိ လည်းကောင်း၊ ဆလင်ဒါ
(-၄.ဝ၀) ကိုျူေငု ဖြင့် ပြုပြင်ပေးနို င်ကြောင်း သိရပါတယ်။ ဒီကုထုံးကို
အဝေးမှုန် သမားများ လုပ်လေ့ရှိကြောင်းလည်း ပြောပြပါတယ်။
Lasik
ကုထုံးခံယူလျှင် ခွဲစိတ် ခန်းဝင်သကဲ့သို့ပင် လူနာ၊ ဆရာဝန် နှင့်
သူနာပြုများပါ ပိုးသန့် စင်ခြင်းများ ပြုလုပ်ရကြောင်း ပြောပြပါတယ်။ နဂိုကတည်းက
မျက်လုံးခြောက် သွေ့လေ့ရှိသူ SdolDry Eye ဆိုပါကဒီကုထုံး
ခံယူပြီးတဲ့နောက် သဘာဝမျက်ရည် နှင့် တူသော အရည်မျက်စဉ်း တစ်မျိုး
ကိုပိုခတ်ရ တတ်ကြောင်း သိရပါတယ်။ အသည်းရောင်အသားဝါ Bပိုး၊ C ပိုး နှင့်
ဆီးချိုသွေးချိုရှိသူများလည်း cotrol လုပ်ပြီး Lasik ကုထုံးကို
ပြုလုပ်နိုင်ကြောင်း၊ သို့သော် အမြင် အာရုံမှာ ရောဂါတစ်ခုခုရှိနေခြင်း၊
ရေတိ မ်ရောဂါ၊ မျက်ကြည်လွှာရောဂါ ရှိခဲ့လျှင် မပြုလုပ်သင့်ကြောင်း ပြောပြ
ပါတယ်။
မြန်မာနိုင်ငံမှာတော့ Lasik ကုထုံးကို လွန်ခဲ့တဲ့ ၃နှစ်လောက်
ကတည်းက စတင်ပြုလုပ်နိုင်ခဲ့ တာ ဖြစ်ပြီး ပထမဦးဆုံးLasik ပြုလုပ်
နိုင်တဲ့ တစ်ခုတည်းသော မျက်စိအထူးကု ဆေးခန်းကတော့ ရနကုန်မြို့
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းမှာ ရှိသော IQ Vision မျက်စိ အထူးကု
ဆေးခန်း ကြီးပဲ ဖြစ်ပါတယ်။ ကုသမှုပြုလုပ်ပေးခဲ့ပြီးဖြစ်ပြီး ရာနှုန်း
ပြည့်အောင်မြင်မှုတွေလည်း ရရှိခဲ့ ကြောင်း သိရပါတယ်။ iQ Vision ဆေးခန်းမှ
Lasik ပြုလုပ်ပေးသည့် ဆရာဝန်ကြီးများမှာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်
များ ရရှိထားသည့်အပြင် တန်ဖိုး ကြီးမားလှသော Lasik ပြုလုပ်နိုင် သည့်
စက်ကြီးဟာ ဂျပန်နိုင် ငံထုတ် ဖြစ်ပြီး စက်ကိရိယာကိုင်တွယ်သည့်
ကျွမ်းကျင်တာဝန်ရှိသူများကို ဂျပန် ခြင်းဖြစ်ကြောင်း iQ Vision အထူးကု
ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောပြခဲ့ပါတယ်။
နိုင်ငံခြားသို့သွား၍ Lasik ကုထုံးခံ ယူမယ်ဆိုလျှင် ကုသစရိတ် အပြင်
ဟိုတယ်စရိတ်၊ လေယာဉ် စရိတ်များ ထပ်မံ ကုန်ကျနိုင်တယ်လို့ သိရ ပါတယ်။ iQ
Vision မှာတော့ အဆိုပါ နှုန်းထက်အများကြီးသက် သာ သော ဈေးနှုန်းနှင့်
ပြု လုပ်ပေး တယ်လို့ သိရကြောင်းဖော်ပြရင်းနိဂုံးချုပ်လိုက် ပါတယ်။

No comments:
Post a Comment