20.6.17

ရာသီစပ်ကူးမပ်ကူးတွင် မျက်စိများကို ဂရုစိုက်ပါ။www.7daydaily.com

 
ယခုကဲ့သို့ နွေရာသီကုန်ဆုံးခါနီးအချိန်တွင် သင်၏မျက်စိများကို အ သေအချာဂရုမစိုက်ပါက ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ ရာသီဥတုအ ခြေအနေကြောင့် မျက်စိများကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိကြောင်း မျက်စိအထူးကုဆရာဝန်များကပြောသည်။

အပြင်ဘက်အပူချိန်နှင့် လွန်ကဲစွာထိတွေ့မှုကြောင့် မျက်စိ ကို ဖိအားများစွာဖြစ်ပေါ်စေသည်။ လူအချို့အတွက် အပြင်ဘက် အပူချိန်နှင့် ထိတွေ့မှုများခြင်းမှနေ၍ မျက်စိခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ နေကာမျက်မှန်မပါဘဲ အပြင် ထွက်ခြင်းကြောင့် ကောင်းစွာမြင်နိုင်ရန် အားစိုက်ကြည့်ရ၍ မျက်စိ  နားတစ်ဝိုက် အရေးအကြောင်းများဖြစ်ပေါ်လာနိုင်သည်။ အမျိုးသမီးများအနေဖြင့် လိမ်းခြယ်ထားသော မိတ်ကပ်များ မျက်စိထဲ ဝင်ရောက်ပြီး အန္တရာယ်ဖြစ်စေနိုင်သည်။
အပြင်ဘက်တွင် အားကစားလုပ်မည်ဆိုပါက မျက်စိကို အကာကွယ်ပေးနိုင်သော မျက်မှန်များ အမြဲတပ်ဆင်ပါ။ အသေအချာဂရု မစိုက်သောကြောင့် မျက်စိထိခိုက်ပါက ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်သော အခြေအနေမျိုး ကြုံနိုင်သည်။ မျက်ကပ်မှန် အချိန် အကြာကြီး တပ်ဆင်ထားသောကြောင့် မျက်စိကို ထိခိုက်စေနိုင် သည်။ မျက်ကပ်မှန်များကို သေချာစွာသန့်စင်ပြီး အလဲအလှယ်လုပ်သင့်သည်။
မျက်စိများကို ကိုင်တွယ်ရာတွင် အလွန်နူးညံ့သိမ်မွေ့ရန် လို အပ်သည်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ခြင်းကြောင့် မျက်စိထဲ ဝင်သော အမှိုက်စများ ရှင်းလင်းစေမည်မဟုတ်ဘဲ မျက်ရည်ထွက်အောင် စောင့်ပြီးမှ မျက်ရည်နှင့်အတူ ထွက်သွားစေခြင်းက ပို ကောင်းသည်။ မျက်စိကို ကြမ်းတမ်းစွာပွတ်ခြင်းကြောင့် ဒဏ်ရာဖြစ်ပြီး ရောဂါပိုးဝင်နိုင်သည်။
မျက်စိနားတစ်ဝိုက် မိတ်ကပ်လိမ်းခြယ်ရာတွင်လည်း အထူး သတိပြုရန်လိုသည်။                                      
—Ref: TOI ။No.1453 Thursday, May 25, 2017

No comments:

Post a Comment