ရှေးမြန်မာပညာရှိကြီးများသည် လူသားတို့အတွက်အကျိုးရှိရာရှိကြောင်း
မှန်ကန်သော အချက်များကိုတွေ့ရှိ၊ထားခဲ့ကြသဖြင့် နှောင်းလူတို့အတွက်အကျိုးရှိလှပေသည်။ထိုသို့ထား
ရှိခဲ့သည့် အဘိုးတန်အချက်များအနက် “ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူး” ဟူသော ကျမ်းမာရေးနှင့်ဆိုင်
သည့်ဆိုရိုးသည် လွန်စွာတန်ဘိုးကြီးလှပေသည်။ဆိုလိုရင်းမှာ ဝမ်းမှန်မှန်သွားခြင်းဖြင့်
ခေါင်းကိုက် ခြင်း၊ လိပ်ခေါင်းထွက်ခြင်း၊ခံတွင်းနံ့ဆိုးခြင်း စသည့်ဆိုးကျိုးများကို
မဖြစ်ပေါ်စေရန် တားဆီးနိုင်သည့် သဘောပင်။
ဝမ်းချုပ်ခြင်း
ဆေးပညာအရ တပတ်လျှင်သုံးကြိမ်ထက်နည်း၍
ဝမ်းသွားလျှင် ယေဘုယျအားဖြင့် ဝမ်းချုပ် သည်ဟု ဆိုလိုပါသည်။အမေရိကန်လူမျိုး၆၃သန်းသည်ဝမ်းချုပ်ရောဂါဖြစ်နေကြသည်။လက္ခဏာများ
အနေဖြင့်ဝမ်းညှစ်ရခြင်း၊ သေးသော မာသော ခြောက်သော မစင်တုံးများစွန့်ခြင်း၊စွန်ပြီးနောက်
ဝမ်း ကျန်နေသေးသည်ဟု ခံစားရခြင်း၊စအိုတွင်တင်း၍ တစ်ဆို့ဆို့ခံစားရခြင်း။
နောက်ဆက်တွဲလက္ခဏာများ
(၁)ခေါင်းကိုက်ခြင်း။ဝမ်းချုပ်ခြင်းကြောင့်
ဝမ်းသွားရာတွင်နာကျင်ခြင်း၊မသက်မသာဖြစ်ခြင်း၊ သောက ရောက်ခြင်းတို့သည် စိတ်ဖိစီးမှုကိုဖြစ်စေပြီး
Trigger Tension Headaches ကိုဖြစ်စေသည်။ ဝမ်းချုပ် ခြင်းကြောင့် မစွန့်ထုတ်နိုင်သည့်
မစင်မှအဆိပ်အတောက်များသည် စအိုနံရံမှပြန်လည်စိမ့်ဝင်၍ ကျမ်း မာရေးကိုထိခိုက်ခါ ခေါင်းကိုက်ခြင်းကိုဖြစ်စေသည်။(မြန်မာအယူအဆအရ
အပူအပုတ်ဆန်သည်ဟု ပြောသည်)
(၂)
အရေပြားတွင် ဆိုးရွားသောလက္ခဏာများ ပေါ်ပေါက်ခြင်း။
အူတွင်းညီညွတ်မျှတသောဂေဟစနစ် ( Inner
ecosytem of gut )မှ ကောင်းသောဗက်တီးရီးယားများသည် ဝမ်းချုပ်ခြင်းကြောင့် ထိခိုက်မှု
ကြုံရသည်။ထိုအခါ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါဖြစ်သည့်အရေပြားတွင် ဆိုးရွားသောလက္ခဏာများ
ပေါ်ပေါက်လာသည်။အရေပြားပွရောင်းရောင်းဖြစ်ခြင်း၊ဝက်ခြံထွက်ခြင်း၊မျက်ကွင်းညိုခြင်း၊
အကွက် များထွက်ခြင်း၊အရေပြားပေါ်တွင်အနာများပေါက်ခြင်း (မြန်မာလိုအပူအပုတ်ဆန်ခြင်းများပင်)။
(၃)
ခံတွင်းပျက်ခြင်း။အစားစားသောအခါ စားလိုက်သောအစာသည် အစာအိမ်သို့ရောက်၍
GASTRO-COLIC reflex (အစာအိမ်အူမအာရုံကြောဆက်သွယ်ချက်)ဖြင့် “ ဟေ့အူမကြီး၊ခုအစာအိမ်ထဲမှာ
အစာ တွေ ရောက်လာပြီ ဝင်လာပြီ၊မင့်အတွင်းမှာရှိတာတွေ ထုတ်တော့” ဟု feedback
machanism (ပြန် လှန်စနစ်)အရအမိန့်ပေးသောအခါ ဝမ်းသွားချင်စိတ်ဖြစ်ပြီး ဝမ်းသွား၏။ဝမ်းချုပ်သောသူတွင်
ထိုပြန် လှန် စနစ်(feedback machanism)ပျက်သွားသဖြင့်၊မစင်များကိုပင် မထုတ်နိုင်သဖြင့်
ခန္ဓာကိုယ် က ပင် ပါးစပ်မှ အစာစားလိုခြင်းကိုပိတ်ပင်သော စနစ်များဖြင့်ထိမ်းချုပ်သောကြောင့်
ခံတွင်းပျက်ခြင်းဖြစ်ရ သည်။
(၄)
စအိုနှင့်ဆိုင်သောရောဂါများ။ဝမ်းချုပ်ခြင်းကြောင့် ညှစ်ရသောအခါ စအိုနံရံရှိသွေးပြန်ကြောများ
တွင် ဖိအားတက်လာခြင်းကြောင့် စအိုသွေးပြန်ကြောများထုံးလာသည်။ကြာလာသောအခါ လိပ် ခေါင်းရောဂါဖြစ်လာသည်။မာကြောခြောက်သွေ့သော
မစင်တုံးများ၏ ပွတ်တိုက်မှုကြောင့် စအိုကွဲခြင်း (ANAL FISSURE)ဖြစ်၍ လွန်စွာခံရခက်သော
ရောဂါဖြစ်၏။ပိုဆိုးလျှင် စအိုကျွံခြင်းပင်ဖြစ်နိုင်သည်။
(၅)
ကင်ဆာရောဂါ။ဝမ်းချုပ်ခြင်းကြောင့် ကင်ဆာဖြစ်စေသောဓါတ်များ(CARCINOGENS) သည် အူနံ ရံနှင့်
ထိတွေ့ချိန်ပိုများသဖြင်ကင်ဆာဖြစ်နိုင်ခြေပိုများသည်။
(၆)
အူလမ်းကြောင်းပိတ်ခြင်း။မာကြောခြောက်သွေ့သောမစင်တုံးများသည် အူလမ်းကြောင်းကို
ပိတ် စေနိုင်သဖြင့် ၊အသက် အန္တရယ်ကို စိုးရိမ်ရသည်အထိဖြစ်နိုင်သည်။
(၇)
ခံတွင်နံ့နံခြင်း(BAD BREATH)။ ဝမ်းချုပ်ခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းအဝင်အထွက်
မမှန်သဖြင့် ခံတွင်းနံ့နံခြင်းကိုဖြစ် ပေါ်စေသည်။
ဝမ်းပုံမှန်သွားစေရန်
(၁) အစားအစာထဲတွင် အမျှင်ဓါတ်(FIBRE CONTENT) လုံလောက်စွာပါရမည်။(များသောအာဖြင့်
၁၄ ဂရမ်လောက်သာပါဝင်၍ အမှန်မှာ 100g/day ပါဝင်ရမည်ဖြစ်သည်)
(၂)ရေနှင့် အရည်များလုံလောက်စွာ သောက်သုံးရမည်။
(၃)နေ့စဉ်နံနက်တိုင်း ဝမ်းကျင့်ခြင်း(BOWEL TRAINING)လုပ်သင့်သည်။
ဝမ်းကျင့်ခြင်း(BOWEL
TRAINING)။ ဤဆောင်းပါးတွင် ဝမ်းကျင့်ခြင်းကိုအထူးဂရုပြု၍ ရှင်းပြလိုခြင်း
ဖြစ်ပါသည်။အကျိုးများသဖြင့် လုပ်ဆောင်ဖြစ်အောင်လည်း အရေးတကြီးတိုက်တွန်းလိုပါသည်။ နံနက်
မျက်နှာသစ် သွားတိုက်ပြီးသောအခါ တခုခုစား၍(ဥပမာ BREAK FAST)စား၍ ဝမ်းသွားချင်သည်ဖြစ်
စေ၊မသွားချင်သည်ဖြစ်စေ၊ အိမ်သာထိုင်ရန်ဖြစ်ပါသည်။ပထမထိုင်ခါစတွင် လုံးဝမသွားတော့ဘူးထင်
ရသော်လည်း၊ဇွဲရှိရှိနှင့်ကြိုးစားအချိန်ယူ၍ ထိုင်သောအခါ ဝမ်းသွားပါသည်။ဝမ်းစင်အောင်သွားပြီးလျှင်
တနေ့လုံးအတွက် နေထိုင်ကောင်းပါသည်။အရေးပေါ်ဝမ်းသွားရခြင်း ဒုက္ခကိုလည်း အတော်အတန် တနေ့တာတားဆီးနိုင်မည်
ဖြစ်ပါသည်။စားလိုက်သောအစာသည် အစာအိမ်သို့ရောက်သောအခါ အထက်ကရှင်းပြထားသည့်အတိုင်း
GESTRO-COLIC Reflex ဖြင့်အူမကြီး၏ ကြွက်သားများကို ဝမ်း ညှစ်စေရန်လှုံ့ဆော်ခြင်းကြောင့်ဝမ်းသွားခြင်းကိုဖြစ်စေသည်။
ဝမ်းကျင့်ရာတွင် (အကယ်၍)အစားစားရုံ နှင့်မလုံလောက်ပါက ရေနှင့်အရည်များကို လုံလောက်စွာ
သောက်သုံးပေးခြင်းဖြင့် ဝမ်းသွားခြင်း ကိုတွန်းအားပေးပါသည်။
(၄)ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းသည် ဝမ်းမှန်ခြင်းကိုအားပေးသည်။
ဝမ်းချုပ်ခြင်းနှင့်ပတ်သက်၍
ရှောင်သင့်သောအရာများ
(၁)ဝမ်းနှုတ်ဆေးကို တတ်နိုင်သလောက်
မသုံးပါနှင့်။ဝမ်းချုပ်လျှင် ဝမ်းပျော့စေသောအစာ၊အမျှင်များ သော ဟင်းသီးဟင်းရွက်၊သစ်သီးများ၊မန်ကျည်းဖျော်ရည်၊ကညွှတ်ဟင်း၊ဖလံတောင်မွှေး
ဇရစ်စသည် တို့ကိုစားခြင်း၊ရေနှင့်အရည်များများသောက်ခြင်းတို့ဖြင့်၎င်း၊ ဝမ်းကျင့်ခြင်းဖြင့်၎င်း၊
ဝမ်းသွားစေခြင်း ဝမ်းမှန်စေခြင်းသည် အကောင်းဆုံးဖြစ်၏။
(၂)ဝမ်းချူတောင့် ဝမ်းနှုတ်ဆေးရည်များ
တတ်နိုင်သလောက်မသုံးသင့်။ဝမ်းချူခြင်းသည် သာမန်ဝမ်း ချုပ်ခြင်းတွင် ခေတ္တခဏသက်သာစေသော်လည်း၊ရေရှည်တွင်
ပြန်ချုပ်လေ့ရှိသည်။သာမန်ဝမ်းချုပ်ခြင်း မဟုတ်ဘဲ အူလမ်းကြောင်းပိတ်ဆို့၍ ဝမ်းချုပ်ခြင်းကို
ဝမ်းချူမိပါက အသက်အန္တရယ်ဖြစ်စေနိုင်သည်။
အမျှင်ဓါတ်နည်းသောအစားအစာများ၊ကဖင်းဓါတ်ပါသော
အစားအသောက်များ သံဓါတ်ပါ သော အစားအစာနှင့် ဆေးဝါးများသည် ဝမ်ချုပ်ခြင်းကိုအားပေးသဖြင့်
ဝမ်းချုပ်နေစဉ် ရှောင်ရန်လိုပါ သည်။ ဝမ်းသွားနေစဉ် တွင်၎င်း၊ဝမ်းကျင့်နေချိန်တွင်၎င်း၊စာဖတ်ခြင်း
ဖုန်းကြည့်ခြင်းများ ရှောင်သင့်ပါ သည်။
သို့ဖြစ်ပါ၍ အမျှင်ဓါတ်များသော အစားအစာများစားခြင်း၊ရေနှင့်အရည်လုံလောက်စွာ
သောက် ခြင်းအပြင်ဝမ်းကျင့်ခြင်း(BOWEL TRAINING)ဖြင့်ဝမ်းချုပ်ခြင်း ဒုက္ခမှကင်းဝေးစေ၍
“ဝမ်းတလုံး ကောင်း၍ ခေါင်းမခဲ”နိုင်အောင် ကျင့်ကြံအားထုတ် ဆောင်ရွက်နိုင်ကြပါစေသတည်း။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:
Post a Comment