စာသင်သားရဟန်းသာမဏေများ စာဝါလိုက်သည်ကိုတွေ့ရစဉ်
မျက်မှန်ပါဝါရှာဖွေပေးရသူ( Refractionist ကဲ့သို့သော)ပညာရှင်များသည်၊ မျက်မှန် သုံးစွဲ သူများ၏ စောဒ ကတက်ခြင်း(Complain) (မျက်မှန်ကြည့်မကောင်း၊ အဆင်မပြေစသည်)များကို ၊ နိစ္စဒူဝ ရင် ဆိုင်ဖြေ ရှင်းနေကြရသူများ ဖြစ် သည်ဟုဆိုလျှင်မှားအံ့ မထင်ပေ။မိမိတို့၏ အတွေ့ အကြုံရင့် ကျက် လာမှုနှင့် စဉ်ဆက် မပြတ်လေ့လာသင်ယူနိုင်မှု အပေါ်မူတည်၍သာလျှင်စောဒက မှု အနည်းအများ ကွာခြားမည် သာဖြစ်ပါသည်။ စောဒကတက်ခြင်းများကို ရင်ဆိုင်ကြရင်းဖြင့်သာ လျှင်၊ ဖြေရှင်းနိုင်သောအတွေ့အကြုံများ၊ လိုအပ်ချက်များကိုစူးစမ်းရှာဖွေနိုင်သည့်စွမ်းရည်များကို ရရှိလာကြသည့်နည်းတူ စောဒကတက် သူအရေ အတွက်သည်လည်းနည်း၍ နည်း၍လာပေ သည်။ကြောင်းကျိုး ဆက်စပ် တွေးခေါ်နိုင်သော ကိုယ်ရည် ကိုယ်သွေးများလည်း မြင့်မားလာကြ၏။
တဖက်၌လည်း မျက်မှန်ကောင်းတစ်လက်ဖြစ်ရန်အတွက် မျက်မှန်ပါဝါရှာဖွေပေးသူ ပညာ ရှင်အပါ အဝင်၊မျက်မှန်ကိုင်းရွေးချယ် ပေးသူပညာရှင်၊ အသင့်သုံးပါဝါမှန်များမရပါက တိကျသော မျက်မှန်ပါဝါရရှိရေး အတွက် မှန်ပါဝါသွေးပေးရသောပညာရှင်၊ ရွေးချယ်ထား သောမျက်မှန်ကိုင်း အတွင်းသို့ မျက်မှန်ကိုင်း၏ ပုံသဏ္ဍာန်အတိုင်း မှန်ကိုဖြတ်တောက် ပုံသွေး၍ ထည့်ရသောပညာ ရှင်၊ကာယကံရှင် မျက်မှန်တပ်ရာတွင် မချောင်မကျပ် မနိမ့်မမြင့်သက်တောင့်သက်သာဖြင့် အသုံး ပြုနိုင်စေရန်အတွက် မျက်မှန်ကိုင်းကိုပြုပြင်ပေး ရသော ပညာရှင်၊စသည်ဖြင့် ပညာရှင်အများက ဝိုင်းဝန်း အကောင်အထည်ဖော်ကြရသည်ဖြစ်ရာ ၊စောဒက တက်ခြင်းများမှ လုံးဝဥဿုံကင်းလွတ် သော ပညာရှင်(Complainless personal) ဆိုသောပုဂ္ဂုလ် ကိုတွေ့ရန် အတွက် ဂလိုဘယ်အဆင့် ၌ပင် ရှာဖွေတွေ့ရှိရန် ခဲယဉ်းပေလိမ့်မည်ဖြစ်၏။
သက်ဆိုင်ရာပညာရပ်နယ်ပယ်တွင် မိမိကိုယ်ကိုကျွမ်းကျင်ပညာရှင် (Professional) အဖြစ် ယုံကြည် မှုရှိလာရန်နှင့် စောဒကတက်သူအရေအတွက်နည်းပါးရန်အတွက် လိုအပ်ချက်များစွာရှိ သည့်အနက် မျက်မှန် တပ်သူများ၏ အလေ့အကျင့်နှင့် လုပ်ငန်းသဘာဝတို့ကိုလေ့လာစူးစမ်းခြင်း သည် အရေးပါသော အချက်တစ် ချက်ဖြစ်ကြောင်း ရေးသားလိုပါသည်။လုပ်ငန်းသဘာဝကြောင့် မျက်စိမှုန်လာပြီး မျက်မှန်တပ်ရန်လိုအပ်လာ သူများ ရှိလာသကဲ့သို့၊ လုပ်ငန်းသဘာဝအပေါ် မူ တည်၍ မျက်မှန်ပါဝါပေးခြင်း၊မျက်စိကျန်းမာရေးဆိုင်ရာ အကြံပေးခြင်းများကိုပြုလုပ်နိုင်မည်ဖြစ် ပါသည်။ ပညာရှင်တစ်ယောက်အနေဖြင့်၊ မျက်မှန်တပ်မည့်သူ၏ လုပ်ငန်းသဘာဝကို စူးစမ်းသင့် ကြောင်း အောက်ပါပုဂ္ဂိုလ်တို့၏ မျက်စိသုံးစွဲပုံကို လေ့လာခြင်းဖြင့်သိနိုင် ပါသည်။
စာသင်သား ရဟန်းသာမဏေ
ပရိယတ္တိသာသနာပြုကြသူ စာသင်သားရဟန်းသာမဏေတို့သည် အသက် (၁၁) နှစ်(၁၂) နှစ်ဝန်းကျင် သက်တော်ငယ်ရွယ်စဉ်ကပင် များသောအားဖြင့် မျက်စိမှုန်လာတတ်ကြပြီး၊ မျက်မှန် ပါဝါ၏ သဘောသဘာ ဝသည်လည်းတူညီနေတတ်ကြပြီး၊အဝေးမှုန်(Myopic)များဖြစ်ကြ၏၊စာသင် သားများ၏မျက်စိသုံးစွဲပုံကို လေ့ လာလျှင်အောက်ပါအတိုင်းတွေ့ကြရပါမည်။
စာသင်သားများစာဝါလိုက်ရာတွင် စာချဆရာတော်၏ရှေ့၌ ထုံးတမ်းစဉ်လာ အရပုဆစ် တုတ်ပျပ်ဝပ် လျှက် စာဝါလိုက်ကြရ၏။ပုဆစ်တုတ်ပျပ်ဝပ်လျှက် အနေ အထားကြောင့် စာအုပ်နှင့် မျက်နှာသည် မျက်စိ ကျန်းမာရေးအရရှိသင့်ရှိထိုက်သော အကွာအဝေးထက်ပို၍ နီးနေလေသည်။ ကပ်လျှက်ရှိသော မိမိ၏ ခန္ဓာ ကိုယ်နှင့်ဦး ခေါင်းတို့၏အရိပ်ကြောင့် အလင်းရောင်ရရှိမှုလည်း အား နည်း၏။ ထူးခြားသည်မှာ စာသင်သား တို့ ရေးမှတ်မှုဖြစ်ပါသည်။စာသင်သားတို့၏လက်ဝယ်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် မူရင်းပါဠိတော် စာအုပ်များ ကိုယ်ဆီရှိကြ၏။ စာချဆရာတော်ကြီး က ပါဠိတော်၏အဓိပ္ပါယ်(မြန်မာလို)ကိုစာချ (ပြော)သော အခါ စာသင်သားတို့က ထိုပါဠိတော်(စာ ကြောင်း/စာလုံး)၏အနီးတွင်ကပ်လျှက် အလွန်သေးငယ်သော စာလုံးများဖြင့် လိုက်လံမှတ်သား ကြရ၏။(ထိုသို့ရေးမှတ်ခြင်းကို စာသင်သားအရှင်မြတ်တို့က အနက်တေး သည် ဟုခေါ်ကြသည်။ စာသင်သက်ရင့်ကျက်လာသောအခါ ရေးမှတ်ရန်မလိုတော့ပဲ ပါဠိတော်များအားလုံး၏ အနက် အဓိပ္ပါယ်ကို သိသောကာလ၌ အနက်ထင်ပြီဟု ဆိုတော်မူကြ၏)၊ ၁.၀၀ မီလီမီတာနီး ပါးမျှသေး ငယ်သော ထိုစာလုံးများကိုရေးမှတ်ရန် စာသင်သားတို့သည် ခဲတံလေးငါးချောင်းမျှကို အသင့်ချွန် လျှက်စာ ဝါလိုက်ကြရလေသည်။(ယခုခေတ်တွင် ၀.၅ မီလီမီတာ ခဲဆံဘောပင်များက စာသင် သားတို့အား ခဲတံ ချွန်ရသောဒုက္ခမှ ကင်းဝေးစေလေသည်)
သို့ဖြစ်ရာ စာသင်သားတို့၏ မျက်စိအသုံးပြုပုံကိုလေ့လာခြင်းအားဖြင့် စာဝါလိုက်ရာတွင် (စာသင် တိုက်များ၌) စာသင်ခုံများအသုံးပြုသင့်ကြောင်း၊လုံလောက်သောအလင်းရောင်ကို ရရှိ စေရန်စီမံဆောင် ရွက်သင့်ကြောင်းနှင့် အနက်တေးရာတွင်း စာလုံးကြီးကြီးဖြင့် တေးသင့်ကြောင်း အကြံပြုနိုင်မည်ဖြစ်ပေသည်။
အိုင်တီပစ္စည်း(IT Device) များအသုံးပြုသူ
ဝါသနာအလျှောက် အပျင်းပြေသုံးသူများမှသည်၊အသက်မွေးဝမ်းကြောင်း အသုံးပြုသူများ အားလုံး ကိုဆိုလိုပါသည်။ မရပ်မနား စိတ်ဝင်တစား(စိတ်ကိုနစ်လျက်)လုပ်ကြရသည့် အလုပ်မျိုး ဖြစ်ရာ မျက်တောင် ခပ်ရန်ပင် မေ့လျော့နေကြ၍ မျက်ဝန်းအိမ်အတွင်း၌ ရှိသင့်ရှိထိုက်သော မျက် ရည်ပမာဏမေ လျာ့ နည်းေ နသော ပြဿနာကို မိမိကိုယ်တိုင်မသိပဲ ရင်ဆိုင်နေကြရသူများဖြစ်၏။ မျက်ရည်ပမာဏ မလုံလောက် မှုကြောင့်၊မျက်ရည်ကိုအာဟာရ အဖြစ်မှီဝဲရသည့် မျက်ကြည်လွှာကို အားအင်ယုတ်လျော့စေမည် ဖြစ်ပါ သည်။အကွာအဝေးတစ်မျိုးတည်းရှိသော ဒီဗိုက်( Laptop , Tablet ) များကိုအသုံးပြုသူများသည် အဝေးကြည့်ရန်မေ့လျှော့လျက် သုံးကြသောကြောင့် အဝေး မှုန်နိုင်သည့် အလားအလာ (အဝေးကြည့် မျက်မှန်တပ်ရမည့် အခြေအနေ) ရှိပါသည်။ ဒီဗိုက်မျိုးစုံ ( Phone, Tablet , Laptop , Destop ,Projector)ကို တပြိုင်တည်း အသုံးပြုနေကြရသူများ တွင် မူ အဝေးအနီးချိန်ဆနိုင်မှုစွမ်းရည် ကျဆင်းခြင်း (Accommodation Error) ကို ကြုံတွေ့လာနိုင်ပါ သည်။ထိုသူများအားအကြံပြုရန်မှာ ကြားကာလ အနား ယူခြင်း (Gap rest) ကိုကျင့်သုံးရန် အကြံ ပြုရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ Loading လုပ်နေချိန်တွင် အဝေးသို့လှမ်း၍ကြည့်ခြင်း၊File transfer, Sending စသောကာလများ တွင် စက္ကန့်ပိုင်းမျှထ၍လမ်းေ လျှာက်ခြင်းစသည့် နားနေ ခြင်းမျိုးဖြစ်ပါသည်။
အထူးစဉ်းစားပေးရမည့်သူများမှာ အကွာအဝေးအမျိုးမျိုးရှိသော အိုင်တီဒီဗိုက် များကို တစ်ချိန်တည်း တစ်ပြိုင်တည်း ၊ အသုံးပြုနေသည့် အသက်(၄၀)ကျော်သူများ ဖြစ်သည်။အသက် အရွယ်အရ အနီးမှုန် လာသောအချိန်တွင် မိမိ၏လုပ်ငန်းခွင်၌ အကွာအဝေးမျိုးစုံ (အနီး၊ အဝေး၊ မနီးတနီး၊မဝေးတဝေး)ကို အသုံးပြုနေရသည်ဖြစ်ရာ၊ ထိုသူအတွက် မျက်မှန်ပါဝါရှာဖွေပေးရုံမျှမက လုပ်ငန်းလိုအပ်ချက်အရ ကိုက်ညီေ သာမှန်ကို ပညာရှင်များက အကြံပြုပေးကြရမည်ဖြစ်ပါသည်။ အလင်းဖြာခြင်းကို ထိမ်းညှိပေးသော(Multi Coated -MC ) မှန်၊ အိုင်တီစခရင်များမှ ထွက်ပေါ်လာ သည့် အပြာရောင် ရောင်ခြည်တန်းများ ကိုတား ဆီးပေးသော( Blue Rays Cut -BC )မှန် ၊ အကွာ အဝေးအမျိုးမျိုးအတွက်ချိန်ဆမှုပြုပေး နိုင်သော (Multifocal)မှန် စသည့် ဂုဏ်သတ္တိများပါဝင် သော မှန်အမျိုးအစား (Multifocal MCBC)မှန်သည် ထိုသူအတွက် သင့်တော်သော မှန်အမျိုးအစားပင် ဖြစ်ပါသည်။
ယာဉ်အမျိုးမျိုးမောင်းနှင်သူများ
ယာဉ်အမျိုးမျိုးကို အသက်မွေးဝမ်းကြောင်းအဖြစ်မောင်းနှင်ကြသူများသည် အိုင်းတီဒီဗိုက် များကို အသက်မွေးဝမ်းကြောင်းအဖြစ် အသုံးပြုကြရသူများကဲ့သို့ပင် မျက်စိအသုံးများသူများဖြစ်၍ ထိုသူများအတွက် အသုံးတည့်သော မျက်မှန်ပါဝါရှာဖွေပေးရာတွင် အထူးဂရုစိုက်ရန်လိုပါသည်။ စဉ်းစားပေးကြရမည့်အချက်မှာ အထက်ဖော်ပြပါအတိုင်း မျက်စိအသုံးပြုသည့်အကွာအဝေး (Working distance)နှင့် အသုံးပြုပုံပြုနည်း (Apply distance)တို့ကိုအဓိကထားစဉ်းစား၍ မျက် မှန်ပါဝါကိုရှာဖွေပေးကြရမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် နိုင်ငံတကာရေကြောင်းသွား ပင်လယ်ကူးသင်္ဘောကြီးများကိုထိန်းကြောင်း မောင်းနှင် သူ ကပ္ပတိန်နှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ကြီးများကို မောင်းနှင်သူ မာလိန်မှူး ကြီးတို့၏ မျက်စိ အသုံးပြုပုံကိုလေ့လာလျှင် သိနိုင်ပါသည်။ ပင်လယ်ကူးသင်္ဘောကြီးများကို မောင်းနှင်သူ ကပ္ပတိန်သည် ပင်လယ်ပြင်ကြီးကိုအစဉ်သဖြင့်ကြည့်ရှုမောင်းနှင်ကြသည် မဟုတ် ဘဲ၊သဘောင်္မောင်းခန်း (Control room) အတွင်းရှိ၊ ရေဒါ ၊အက်ကိုးဆောင်းဒါး၊ဂျီပီအက်စ် စသည့် များလှစွာသော ဒိုင်ခွက်များ စခရင်များကိုကြည့် ရှုမောင်းနှင်ရသည်က များလေသည်။ ပြည်တွင်း ရေကြောင်း (မြစ်တွင်း)သွား သဘောင်္ကြီးများ ကိုမောင်းနှင် သူ မာလိန်မှူးကြီးများကမူ ဆလင်ခန်း (Wheel room) ရှိ သံလိုက်အိမ်မြောင်ကိုပင် သာမန်မျှသာကြည့်ရှုပြီး ၊မြစ်ကြောင်း တလျောက်ရှိ အစဉ်အမြဲပြောင်းလဲနေတတ်သော ရေကြောင်းလမ်းညွှန်သင်္ကေတများနှင့် ရေအတိမ်အနက်ပြ အမှတ်အသားများကို အစဉ်သဖြင့် ကြည့်ရှုမောင်းနှင့်ကြရလေသည်။
လေယာဉ်မှူးများ၏မျက်စိအသုံးပြုပုံနှင့် ပင်လယ်ကူးသဘောင်္ကပ္ပတိန်များ၏ မျက်စိအသုံး ပြုပုံတူ ညီနေသည်ကိုတွေ့ကြရမည်ဖြစ်သကဲ့သို့ မြစ်တွင်းသွားသဘောင်္ကြီးများကိုမောင်းသည့် မာ လိန်မှူးများ၏ မျက်စိအသုံးပြုပုံနှင့် မော်တော်ယာဉ်မောင်းဒရိုင်ဘာများ၏ မျက်စိအသုံးပြုပုံတို့သည် လည်း တူညီနေ သည်ကိုတွေ့ကြရပါမည်။
ကိစ္စများမြောင်လူတို့ဘောင်၌ လုပ်ငန်းသဘာဝအမျိုးမျိုး မျက်စိအသုံးပြုပုံအမျိုးမျိုးရှိသည် ဖြစ်ရာ စာရေးသူ အထက်၌ပြဆိုခဲ့သောလုပ်ငန်းများသည် အထူးအားဖြင့်သိသာသောလုပ်ငန်းများ သာဖြစ်ပါသည်။ အလုပ်အမျိုးမျိုး အသုံးပြုပုံအမျိုးမျိုးတို့၌ ထိုထက်ပိုသော ကြံဆမှုများကိုပြုလျှက် မျက်မှန်လို၍ မျက်စိမှုန် သူများအား အသုံးတည့်သောမျက်မှန်ရရေးအတွက် ထည့်သွင်းစဉ်းစား ကြရန် လိုအပ်ပါသည်။
အနည်းငယ် ထပ်ဆောင်းတင်ပြရသော် ပန်းတိမ်ဆရာများတွင် ရိုးရိုးရွှေပန်းတိမ်ဆရာနှင့် အလင်းဖြာ မှုများသော စိန်ထည်များကိုပြုလုပ်ရသည့် စိန်ပန်းတိမ်ဆရာတို့၏မျက်စိအသုံးပြုပုံ၊ စက်မှုလုပ်ငန်းများတွင်( Micrometer / Vernier clipper စသည့် Instrument များကို အသုံးပြု လျှက် အနုစိတ်၊အသေးစိတ် လုပ်ငန်းများကိုလုပ်ရသော စက်မှုပညာရှင်နှင့် သာမန်လုပ်ရိုးလုပ်စဉ် (Clipper မျှသာအသုံးပြုသော) စက်မှု ပညာရှင်များ၊ပန်းပုပညာရှင်များတွင် ထုထည်ကြီး မားသော ပန်းပုရုပ်ထု ကြီးများကို ထုလုပ်သောပညာရှင်နှင့် ကနုတ်ပန်းများ၊ကျောက်စာများကဲ့သို့ သော အသေးစိတ် ပုံဖော်ထုဆစ်ရသော ပညာရှင်တို့၏ မျက်စိအ သုံးပြုပုံများ ဖြစ်လေသည်။
အဓိကအားဖြင့်ဆိုလိုသည်မှာ မျက်မှန်တွင်ရှိသောပါဝါသည် ၊ မျက်စိကဲ့သို့ အနီးအဝေး အကွာအဝေး အမျိုးမျိုးကို လိုအပ်သလို ချိန်ဆမှုပေးနိုင်သောပါဝါ(Accommodational power) မဟုတ်ပဲ၊ ပုံသေရှိနေေ သာပါဝါ (Constant power) ဖြစ်သည့်အတွက် မျက်မှန်တပ်ဆင်သူအား ၎င်း၏ မျက်စိအသုံးပြုမှုနှင့် ကိုက် ညီသောပါဝါ ရရှိရန် ပညာရှင်များအနေဖြင့် ဘက်ပေါင်းစုံ ရှုဒေါင့် ပေါင်းစုံမှ စဉ်းစားအဖြေရှာသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
ပြည့်အောင်(COA)
No comments:
Post a Comment