ပင်ဟိုးဟူသော ထိုကိရိယာ (Pinhole Visual Acuity)
မျက်စိမှုန်သူတစ်ယောက်အား အမြင်အာရုံဖွံဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက် ပေးရန် ပညာရှင် တစ်ယောက်အနေဖြင့် စဉ်းစားကြံဆရာတွင် နည်းလမ်း အမျိုးမျိုးရှိပါသည်။ မျက် စိမှုန်သူဟုဆိုရာတွင်လည်း သာမန်မသိမသာ မှုန်ခြင်းမျိုး မဟုတ်ပဲ ၊ကာယကံရှင်ကိုယ်တိုင် သတိ ပြုမိသော မှုန်ခြင်းမျိုးဖြစ်သည့် ၊မိမိအားနှုတ်ဆက်စကားဆိုသူကိုပင် မည်သူမည်ဝါဖြစ်သည်ကို မဆုံးဖြတ်နိုင်သည့်အခြေအနေ၊အမြင်စမ်း ကဒ်ပြားရှိ အထက်အကြီးဆုံး စာလုံးကြီးနှင့် ဒုတိယတန်း သာ မြင်ရသည့်အဆင့်နှင့် ၎င်းအထက်ပို၍မှုန်ခြင်း) သိသိသာသာမှုန်ခြင်းမျိုး ကိုကြုံတွေ့နေရသူ များကို ဆိုလိုပါသည်။ ထိုသူအားစစ်ဆေးရာတွင် ပညာရှင်သည် ထိုသူမျက်စိမှုန်ရခြင်း၏ အခြေခံ အကြောင်းရင်းကို ရှေးဦးစွာလေ့လာကြရသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထိုသို့လေ့လာနည်းများ အနက် အရိုးအရှင်းဆုံးဖြစ်သည့် အပ်ပေါက်ငယ်ပါသော မျက်စိတစ်ဖက်ပိတ်ကိရိ ယာ(pinhole occluder)ဖြင့် စစ်ဆေးသောနည်းကို ရေးသားဖော်ပြလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤ နည်းသည် ရိုးရှင်း၍ အလွန် အသုံးဝင်သောကြောင့်ဖြစ်၏။
အဝေးကြည့် အမြင်စမ်းကဒ်ပြား( ပရိုဂျက်တာ၊အမြင်စမ်းစခရင် စသည်တို့်)ကိုအသုံးပြု၍ အပ်ပေါက် ငယ်ပါသောမျက်စိတစ်ဖက်ပိတ်ကိရိယာ( ရိုးရိုးအခေါ် - ပင်ဟိုး - Pinhole)ဖြင့် စမ်းသပ် စစ်ဆေးခြင်းသည် မျက်စိပြဿနာများဖြစ်သော မျက်မှန်ဖြင့်မြင်နိုင်သော မျက်စိမှုန်ခြင်း( Refractive error) နှင့် မျက်စိရော ဂါတစ်မျိုးမျိုးကြောင့်ဖြစ်သော မျက်စိမှုန်ခြင်းများကိုခွဲခြားသိရှိ နိုင်သောကြောင့်လည်း၊ မျက်စိစမ်းသပ် စစ်ဆေးသော ခေတ်မီကိရိယာများထွန်းကားလှသော ယနေ့ခေတ်တွင်ပင် လက်လွှတ်၍မရသေးသော နည်းစနစ်(Leading Methhod) တစ်ခုလည်းဖြစ် နေပါသည်။ပင်ဟိုးဖြင့်စမ်းသပ်စစ်ဆေးရာတွင် မျက်စိနှစ် ဖက်စလုံး တစ်ပြိုင်တည်း စမ်းသပ်စစ် ဆေး မှုမပြုပဲ တစ်ဖက်ခြင်းစီသာ စမ်းသပ်စစ်ဆေးလေ့ရှိပါသည်။ ထို့ပြင် အဝေးကြည့်ကိုသာ ပင်ဟိုးဖြင့် စမ်းသပ်သည်ကိုတွေ့ကြရပြီး၊အနီးကြည့်ကိုစမ်းသပ်လေ့မရှိပေ။
အပ်ပေါက်ကိရိယာ (ပင်ဟိုး - Pinhole)
ပင်ဟိုးသည် မျက်စိတစ်ဖက်ပိတ်ကိရိယာ( occluder - မျက်စိ၏ပကတိအမြင်ကိုစမ်းသပ် စစ်ဆေးရာ တွင်၊မျက်စိတစ်ဖက်ခြင်းစီကိုပိတ်ရာတွင် သုံးသောကိရိယာ)နှင့် ခပ်ဆင်ဆင်တူသော် လည်း၊ထိုကိရိယာ ကဲ့သို့ အပိတ်မဟုတ်ပဲ အလယ်တည့်တည့်တွင် အပ်ပေါက်ငယ်တစ်ပေါက် သို့မဟုတ် အများပါဝင်ပါသည်။ အနက်ရောင် ပလပ်စတစ်ဖြင့်ပြုလုပ်ထားပြီး၊အနက်ရောင်ပလပ်စ တစ်မရပါက(မိမိကိုယ်တိုင်ပြု လုပ်လိုလျှင်) ကဒ်ထူပြားတစ်ခုခုဖြင့်လည်းပြုလုပ်၍ရ၏။အရေးကြီး သည်မှာ ပင်ဟိုးတွင်ပါဝင်သော အပ်ပေါက်ငယ်၏ အရွယ်အစားပင်ဖြစ်၏။
အပ်ပေါက်ကျယ်လွန်းလျှင်သော်လည်းကောင်း၊ကျဉ်းလွန်းလျှင်သော်လည်းကောင်း ပင်ဟိုး ကို အသုံးပြုရာတွင်အဆင်ပြေမည်မဟုတ်ပေ။အပ်ပေါက်ငယ်၏အရွယ်အစားသည် တစ်မီလီမီတာ ( 1.00 mm) မှ တစ်ဒဿမငါးမီလီမီတာ(1.5 mm)အတွင်းသာရှိရပါမည်။အပ်ပေါက်အရေအ တွက်တွင်လည်း၊ တစ်ပေါက် တည်းရှိသည်ထက် အပ်ပေါက်အများရှိက ပို၍ကောင်းပါသည်။စမ်း သပ်ခံသူအနေမည့် အပ်ပေါက်ငယ်ကို ရှာဖွေရန်မလိုအပ်တော့ပဲ၊အလွယ်တကူမြင်နိုင်သောကြောင့် ဖြစ်ပါသည်။
ပဏာမအမြင်စမ်းရာတွင် ကာယကံရှင်၏ ပကတိအမြင်သည် အမြင်စမ်းကဒ်ပြားပေါ်ရှိ စာလုံးကြီး အထက်လေး(၄)တန်းကိုသာမြင်ရပြီး၊အောက်အတန်းငယ်များကိုမမြင်ရလျှင်၊ ပင်ဟိုး ဖြင့်စမ်းသပ် စစ်ဆေးခြင်း( Pinhole examination) ကိုပြုလုပ်လေ့ရှိပါသည်။ပင်ဟိုးဖြင့်စစ်ဆေး ခြင်းဆိုသည်မှာ ခဲယဉ်း လှသည်မဟုတ်ပဲ ပင်ဟိုးအပေါက်ငယ်များဖြင့် သက်ဆိုင်ရာအမြင် စမ်းကဒ် ပေါ်ရှိ စာလုံးများကို ကြည့်စြေ ခင်းပင်ဖြစ်ပါသည်။သို့ရာတွင်စနစ်တကျရှိရန်တော့ လိုအပ်ပါသည်။
ပင်ဟိုးဖြင့်ကြည့်ရာတွင် ပကတိအမြင်ထက်ပို၍ တိုးတက်မှုရှိပါက ကာယကံရှင်၏မျက်စိ မှုန်ခြင်း သည် စံလွဲအလင်းယိုင်ခြင်းကြောင့်မျက်စိမှုန်ခြင်း( Refractive error)ခြင်းဖြစ်ပြီးမျက်မှန် တပ်လျှင်ပိုတိုး၍ မြင်နိုင်ကြောင်း သိနိုင်ပါသည်။မျက်မှန်ပါဝါရှာပေးပြီး မျက်မှန်တပ်စေခြင်း အား ဖြင့်၊ပင်ဟိုးဖြင့်ကြည့်သော အခါတွင် တိုး၍မြင်ရသည့်အမြင်အတိုင်းမြင်ရမည်ဖြစ်ပါသည်။ဆိုလို သည်မှာ ပင်ဟိုးဖြင့်ကြည့်ရာတွင် အောက်ဆုံးတန်းအထိမြင်ရလျှင် မျက်မှန်ဖြင့်ကြည့်လျှင်လည်း အောက်ဆုံးတန်း (6/6 or 20/20) ထိမြင် ရမည်ဟူ၍ ဖြစ်၏။ မျက်မှန်ပါဝါရှာဖွေပေးသူ ပညာရှင် အနေဖြင့်လည်း၊ကာယကံရှင်အား အောက်ဆုံး တန်းကိုမြင်နိုင်သည်အထိ မျက်မှန်ပါဝါကိုရှာပေး နိုင်ကြောင်း ကြိုတင်၍သိနိုင်မည်ဖြစ်ပါသည်။
အကယ်၍ ပင်ဟိုးဖြင့်ကြည့်သောအခါတွင် ပကတိအမြင်ထက် တိုး၍မမြင်ရလျှင်၊မျက်မှန် လိုသောကြောင့်မျက်စိမှုန်ခြင်းဖြစ်နိုင်သကဲ့သို့ အခြားသောမျက်စိကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ခု ခုကြောင့်ပို၍ ဖြစ်နိုင်သည်ကိုသိရပါမည်။တဖက်ချင်းစီဖြစ်နိုင်သကဲ့သို့နှစ်ဖက်စလုံးလည်းဖြစ် နိုင်ပါသည်။ အထူးသဖြင့် အတွင်းတိမ်၊ရေတိမ်၊မြင်လွှာဆိုင်ရာပြဿနာနှင့် မျက်ပျင်း( Lazy Eye – Amblyopia ) များကြောင့်ဖြစ်နိုင်လေသည်။ပင်ဟိုးဖြင့်ကြည့်ပါက(6/12 - အောက်ဆုံးနှစ်တန်း မှုန်) သည့်အဆင့်ဖြစ်မှသာ မျက်မှန်လို၍ မျက်စိမှုန်ခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။မျက်မှန်လို သောမျက်စိမှုန်ခြင်းအတွက် မျက်မှန်ပါဝါရှာဖွေခြင်းကို (မိမိသည် Refractionist ဖြစ်လျှင်) မိမိ ကိုယ်တိုင်ဆောင်ရွက်ရန်ဖြစ်ပြီး၊ အခြားသောမျက်စိပြဿနာများအတွက် သက်ဆိုင်ရာပညာရှင် (မျက်စိခွဲစိတ်အထူးကုဆရာဝန် စသည်) များထံသို့စေလွှတ်၍ ကုသမှုခံယူစေရမည် ဖြစ်ပါသည်။
စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ စံလွဲအလင်းယိုင်ခြင်းကြောင့် မျက်စိမှုန်ခြင်းမ ဟုတ်သော မျက်စိပြဿနာတစ်မျိုးမျိုး(မျက်စိရောဂါစသည်)ကြောင့် မျက်စိမှုန်ခြင်းများသည် မျက် စိတစ်ဖက်ခြင်းစီသာ ရှေးဦးစွာဖြစ်လေ့ဖြစ်ထရှိသည်ဟူသောအချက်ပင်ဖြစ်ပါသည်။သို့ဖြစ်ရာ မျက်စိနှစ်ဖက်ကိုဖွင့်လျှက် အစဉ် သဖြင့် လှုပ်ရှားသွားလာနေကြရသူများအနေဖြင့် မိမိ၏မျက်စိတစ် ဖက်မှုန်နေသည်ကို သတိမမူမိကြ သည် ကများလေသည်။ သတိပြုမိသောအချိန်တွင် အချို့သော သူများတွင် မျက်စိနှစ်ဖက်စလုံးတွင် သက်ရောက် မှုရှိနေပြီး မျက်စိနီခြင်း၊ ကိုက်ခြင်း၊ ပျို့ချင်အန် ချင်စိတ်ဖြစ်ခြင်း (ရေတိမ်)၊ အနီးကြည့်ကောင်းလာသော်လည်း အဝေးကြည့်တွင် သိသိသာသာ မှုန်လာခြင်း(အတွင်းတိမ်)၊မိမိကြည့်ရာမြင်ကွင်း၏ အတွင်း၌ အမည်းကွက် များမြင်လာခြင်း (မြင် လွှာဆိုင်ရာပြဿနာ)၊အရာဝတ္တုများကိုအာရုံစိုက်၍ ကြည့်စဉ်တွင် မျက်စိတစ် ဖက်ဖက်သည် လည်၍သွားခြင်း၊အတွင်းဖက်(နှာခေါင်းဖက်)သို့လည်းကောင်း၊အပြင်ဖက် (နားရွက် ဖက်)သို့ လည်းကောင်း စွေ၍သွားခြင်း(Amblyopia ခေါ် မျက်ပျဉ်း) စသည် များကိုခံစားနေကြရ သော အချိန်တွင်ဖြစ်လေသည်။
အထူးသဖြင့် ကလေးသူငယ်ဘဝမှ စတင်၍ ဖြစ်လေ့ဖြစ်ထရှိသောAmblyopia အမ်ဘ လွိုင်ယိုး ပီးယားခေါ် မျက်ပျင်းမျက်စိသည် အမြင်ဆိုင်ရာ ဦးနှောက်အာရုံကြောများနှင့် ဆက်စပ် သော မျက် စိပြဿနာတစ်ခုဖြစ်ရာ၊စောစီးစွာသိရလျှင် ကုသရာ၌ ပို၍ရလာဒ်ကောင်း တတ်သည် ဖြစ်ရာ အသက် ငယ်ရွယ်သူ(အထူးသဖြင့်(၇)နှစ်နှင့် ၎င်းအောက် ) ဖြစ်လျှင်(ထိုကိစ္စအတွက် အထူး ကျွမ်းကျင်သူပညာရှင်- Amblyopic Specialist, ကလေးမျက်စိအထူးကု-Child Specialist (Ophthalmologist) များထံသို့ စေလွှတ်၍ ကုသမှုခံယူစေရမည်ဖြစ်ပါသည်။ထိုသို့စောစီးစွာ မကုသပါက အရွယ်ရောက်သောအခါ မျက်စိစွေခြင်းကဲ့သို့သော ဥပဓိရုပ်ကိုထိခိုက်စေသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။
မျက်စိကျန်းမာရေးကောင်းသူ(ပေ ၂၀ အကွာအဝေးတွင်ရှိသော အမြင်စမ်းကဒ်၏ အောက် ဆုံးတန်းအထိ ထင်ရှားစွာမြင်ရသူ)အတွက် ပကတိအမြင်နှင့်ပင်ဟိုးအမြင်သည် သိသိသာသာ ခြားနားမှုရှိမည် မဟုတ်သော်လည်း၊ မျက်မှန်လို၍မျက်စိမှုန်သူသည် ပကတိအမြင်ထက်ပို၍ ပင်ဟိုး အမြင်ကတိုးတက်မှုရှိမည်ဖြစ်၏။ ပင်ဟိုးအမြင်ဖြင့် တိုးတက်မှုမရှိလျှင် မျက်စိပြဿနာတစ်ခုခုရှိ နေသည် စသည်ဖြင့်မှတ်ယူလျှက် ပင်ဟိုးကိရိယာကို ကိုယ်တိုင်ပြုလုပ်လျှက် စူးစမ်းလေ့လာနိုင် ပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊အခြားသူကိုသော်လည်းကောင်း ထိုသို့စူးစမ်းလေ့ လာစမ်းသပ်ကြခြင်းဖြင့် ဗဟုသုတိုးပွားလျှက် မျက်စိကုသမှုလုပ်ငန်းများကို အထောက်အပံ့ရ စေမည်ဖြစ်ပါ၏။အထူးသဖြင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဌာနများနှင့် အလှမ်းဝေးသောဒေသများတွင်နေ ထိုင် သူများအတွက် အကျိုးများမည်ဖြစ်ပါသည်။
ပင်ဟိုးနှင့်မျက်စိသူငယ်အိမ်(Pupils and Pinhole)
အချို့သော အသက်အရွယ်ကြီးရင့်လာသူများ၏ မျက်စိသူငယ်အိမ်သည် ကျဉ်း၍လာသော ကြောင့် သဘာဝပင်ဟိုးဖြစ်၍လာလေသည်။ထို့ကြောင့် ၎င်းသက်ကြီးသူများက(အထူးသဖြင့် အနီး ကြည့်တွင်) လူငယ်များထက်ပို ၍မြင်သည်ဟုဆိုကြခြင်းဖြစ်လေသည်။သို့ရာတွင် တစ်သမတ် တည်း မျက်စိသူငယ် အိမ်ကျဉ်းနေသူများအတွက်မူ ညဖက်တွင်အမြင်အာရုံကောင်းမည် မဟုတ် ပေ။ မျက်စိသူငယ်အိမ်၏သဘာဝ သည် အလင်းရောင်းများလျှင် ကျဉ်း၍လာပြီး၊အလင်းရောင်နည်း လျှင် ပို၍ကျယ်လာခြင်းအားဖြင့် အမြင်အာ ရုံပို၍ကောင်းအောင်ဖန်တီးပေးသည်ဖြစ်ရာ အကြောင်း အမျိုးမျိုးကြောင့် မျက်စိသူငယ်အိမ်အစဉ်သဖြင့် ကျဉ်းနေသူများ ညဖက်တွင် ကောင်းစွာမမြင်ရခြင်း ဖြစ်လေသည်။
ထို့ပြင် မျက်စိကိုမှေးလျှက် ကျဉ်းအောင်ပြုပြီး (အဝေးကြည့်တွင်ဖြစ်စေ၊အနီးကြည့်တွင်ဖြစ် စေ)ကြည့် ကြရသူများကိုလည်း တွေ့ဖူးကြမည် ဖြစ်လေသည်။ ထိုသူများသည် မိမိ၏ဘဝပေးအသိ အလျှောက် ထိုသို့ ကြည့်ပါမှ ကြည်ကြည်လင်လင် မြင်ရသောကြောင့် ထိုနည်းကို သုံးကြခြင်းဖြစ် ၏။အကယ်စင်စစ်ထိုသူများ သည် မျက်မှန်လို ၍မျက်စိမှုန်သူများ(မျက်မှန်တပ်လျှင် အမြင်တိုး တက်နိုင်သူများ)ဖြစ်ပြီး၊ပင်ဟိုးဖြင့်ကြည့်

No comments:
Post a Comment