24.4.17

သင့်မျက်ဝန်းအရောင်ကပြောတဲ့ သင့်အကြောင်း


 
မျက်လုံးဆိုတာ လှပဆုံး ဆွဲဆောင်မှုရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ထဲက ခံစားချက်တွေကိုလည်း မျက်ဝန်းကတဆင့် သိရှိနိုင်တာကြောင့် နှလုံးသားရဲ့ တံခါးပေါက်အဖြစ် တင်စားကြပါတယ်။ တစ်ဦးကိုတစ်ဦး မျက်ဝန်းနဲ့ ဆက်သွယ်စကားပြောလို့ရသလို မျက်ဝန်းက အနက်ရှိုင်းဆုံး ဘာသာစကားကို ဖော်ပြပေးနိုင်တဲ့အရာတစ်ခုပါ။ 



လူတွေမှာ မျက်ဝန်းအရောင်အမျိုးမျိုးရှိပါတယ်။ အပြာရောင်၊ အညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင် စသဖြင့်ပေါ့။ အာရှသားတွေရဲ့ မျက်ဝန်းအရောင်ကတော့ အညိုရောင်နဲ့ အနက်ရောင်များပါတယ်။ မျက်ဝန်းအရောင်ကပြောတဲ့ ကိုယ့်အကြောင်းလေးကို လေ့လာကြည့်ရအောင်ပါ။

အပြာရောင်မျက်ဝန်း




အပြာရောင်မျက်ဝန်းပိုင်ရှင်တွေဟာ သိပ်ကိုနှစ်လိုဖွယ်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ မျက်ဝန်းပြာပြာကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိသူ တည်ငြိမ်သူ ပင်ကိုယ်စိတ်သဘောအရ ငြိမ်းချက်သူတွေဖြစ်ပါတယ်။ အသိဥာဏ်ဗဟုသုတကိုလည်း လေ့လာလိုက်စားသူတွေဖြစ်ပါတယ်။

အညိုရောင်မျက်ဝန်း



အညိုရောင်မျက်ဝန်းတွေရဲ့ အကြောင်းတော့ ဖော်ပြဖူးပါတယ်နော်။ လူတွေအများဆုံး ပိုင်ဆိုင်ထားကြတဲ့မျက်ဝန်းပါ။ အရမ်းကိုလွတ်လွတ်လပ်လပ်နေတတ်ပြီး ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပါတယ်။ သင့်ကိုလူတွေကကြည့်လိုက်ရင်ပဲ ယုံကြည်ရလောက်တဲ့သူတွေပါ။

အစိမ်းရောင်မျက်ဝန်း




အစိမ်းရောင်မျက်ဝန်းတွေဟာ ရှားပါးမျက်ဝန်းတွေဖြစ်ပါတယ်။ သဘာဝတရားကို စူးစမ်းလေ့လာလိုစိတ်ရှိသူတွေဖြစ်ပါတယ်။ လူမှုလဆက်ဆံရေးကောင်းမွန်တယ် အကောင်းဖက်ကနေမြင်တတ်တယ်။ တီထွင်ဖန်တီးဥာဏ်ကောင်တဲ့သူပါ။ ဒါပေမယ့် အလွယ်တကူသ၀န်ဆိုတတ်တဲ့သူတွေဖြစ်ပြီးတော့ အရမ်းလည်းချစ်တတ်သူတွေဖြစ်ပါတယ်။

အနက်ရောင်မျက်ဝန်းပိုင်ရှင်



အနက်ရောင်မျက်ဝန်းပိုင်ရှင်တွေဟာ လျှို့ဝှက်တဲ့သူဖြစ်ပါတယ်။ လူသစ်တွေနဲ့ဆိုရင် ကိုယ့်ဘာသာကိုယ် ဖာသိဖာသာနေတတ်ပါတယ်။ တည်ငြိမ်ပြီး သစ္စာရှိတဲ့သူတွေပါ။ အထူးသဖြင့် သူငယ်ချင်းမိတ်ဆွေတွေအပေါ် တွယ်တာပါတယ်။ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူတွေလည်းဖြစ်ပါတယ်။

မီးခိုးရောင် မျက်ဝန်းပိုင်ရှင်



မီးခိုးရောင်မျက်ဝန်းပိုင်ရှင်တွေကတော့ အရမ်းကို ပညာရှိတဲ့သူတွေဖြစ်ပေမယ့် ဆတ်ဆတ်ထိမခံတွေဖြစ်ပါတယ်။ အတွင်းစိတ်ကတော့ အရမ်းကိုခိုင်မာပြီး တစ်ခုခုကိုအကြောင်းအကျိုး ခွဲခြားတတ်သူဖြစ်ပါတယ်။ကိုယ့်ကိုပေးလာတဲ့အခြေအနေအတိုင်း လိုက်လျောညီထွေစွာ စိတ်ပြောင်းလဲနိုင်သူဖြစ်ပါတယ်။

နီညိုရောင် (သို့) စိမ်းညိုရာင် မျက်ဝန်းပိုင်ရှင်




Hazel Eyes လို့ခေါ်တဲ့ နီညိုရောင် (သို့) စိမ်းညိုရောင် မျက်ဝန်းပိုင်ရှင်တွေဟာ စိန်ခေါ်မှုတွေကို နှစ်သက်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ကမျဉ်းကြောထတတ်တဲ့သူ ဗရုတ်ကျတတ်တဲ့သူဖြစ်ပါတယ်။လူတွေကို ချည်းကပ်တဲ့နေရာမှာတော့ ဆရာကြီး

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar

ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းတွေဖြစ်ဖို့


အိပ်ရေးပျက်တာတို့၊ ပင်ပန်းနွမ်း နယ်လွန်းတဲ့အခါမျိုးတွေမှာ မျက် လုံးတွေက ပင်ပန်းနွမ်းနယ်ပြီး မျက်ခွံတွေ မို့အစ်တာတို့၊ မျက် ကွင်းတွေညိုတာတို့ဖြစ်တဲ့အခါ မှာ ရွှန်းရွှန်းစိုစို မျက်ဝန်းလေးဖြစ် ဖို့အတွက် ပြင်ဆင်ဖို့လိုအပ်လာ တာမို့ ဘာတွေလုပ်သင့်လဲ လေ့ လာကြည့်ရအောင်ပါ။
အဖြူရောင် အိုင်းလိုင်နာသုံးပါ - မျက်ဝန်းကျယ်ကျယ်နဲ့ တောက် တောက်ပပဖြစ်ဖို့အတွက် ဆိုရင် တော့ အဖြူရောင်အိုင်းလိုင်နာနဲ့ မက်တဲလစ်ပေါင်ဒါမှုန့် အနည်း ငယ်သုံးဖို့ လိုပါတယ်။ မျက်လုံး ထောင့်နားလေးတွေကို အိုင်းလိုင် နာဆွဲလိုက်ပြီး မက်တဲလစ်ပေါင် ဒါမှုန့်လေး နည်းနည်းဖို့ ပေးလိုက် တဲ့အခါ အိပ်ချင်နေတဲ့မျက်လုံးအ စား မျက်ဝန်းကျယ်ကျယ်နဲ့ တောက်ပသွားစေမှာပါ။
မျက်လုံးတစ်ဝိုက်အရောင်တင် ပါ- မျက်ကွင်းညိုတာတွေကို ကွန်စီလာအကူအညီယူပြီး ဖျောက်ပစ်ကာ မျက်လုံးတစ်ဝိုက်ကို လင်းလာအောင် ပြင်ဆင်ပါ။
အပြာရောင်အိုင်းလိုင်နာသုံးပါ -အပြာရောင်အိုင်းလိုင်နာက မျက်လုံးကိုပိုတောက်ပသယောင် ဖြစ်စေတာမို့ ဆောင်ထားဖို့ လို ပါတယ်။
မျက်တောင်ကော့ဖို့ မမေ့ပါနဲ့ - မျက်လုံးရွှန်းစိုတောက်ပဖို့အ တွက်ဆိုရင် မျက်တောင်ကော့ ဆေးတွေကလည်း မေ့ထားလို့ မဖြစ်ပါဘူး။
မျက်လုံးတစ်ဝိုက် အရောင်ပြေး များ ခြယ်သပါ- မျက်လုံးအ ရောင်အလိုက် လိုက်ဖက်တဲ့မျက် ခွံဆိုးဆေးသုံးဖို့လည်း လိုအပ်ပါ တယ်။ ဥပမာ -နီညိုရောင်(ဒါမှ မဟုတ်)အညိုရင့်ရောင် မျက်လုံး ပိုင်ရှင်ဆိုရင် ကြေးညိုရောင်တို့၊ ရွှေ ရောင်သန်းတဲ့အရောင်မျိုး ရွေးဖို့လိုသလို မျက်လုံးအပြာဆို ရင်တော့ မြေနီရောင်လိုမျိုးတွေ ရွေးဖို့ လိုပါတယ်။
မျက်ခုံးဒီဇိုင်းပြောင်းပါ -မျက်ခုံးပုံ စံနဲ့ မျက်ခုံးအရောင်ကလည်း မျက်ဝန်းရွှန်းစိုမှုကို ထောက်ပံ့ပေး တာမို့ အလှအပကျွမ်းကျင်သူရဲ့ အကူအညီယူပြီး ကိုယ်နဲ့ လိုက် ဖက်တဲ့ မျက်ခုံးပုံစံကိုပြုပြင်ယူပါ။

Ref: wellnessbin No.1416 Friday, April 7, 2017

ကလေးတွေရဲ့ မျက်လုံးများကို အနားပေးပါ

ယနေ့ခေတ်ကလေးများ အရွယ်မတိုင်မီ မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲမှုက မျက်လုံးများကို ထိခိုက်လျက်ရှိသည်။ (ဓာတ်ပုံ−နစ်ကီ)
ပြောင်းလဲတိုးတက်လာသည့် နည်းပညာခေတ်တွင်စမတ်ဖုန်း နှင့် ကွန်ပျူတာအသုံးပြုမှု ယခင်ထက်ပိုမိုများပြားလာသည်နှင့် အမျှ အဆိုပါပစ္စည်းများ၏ စခရင် (မျက်နှာပြင်)ကို မျက်စိဖြင့် ကြည့်ရှုရသောကြာချိန်မှာ ယခင်ထက်ပိုမိုအချိန်ယူလာသည်။
ကလေးငယ်များတွင် အွန် လိုင်းဂိမ်း၊ လူလတ်ပိုင်းနှင့် လူကြီး ပိုင်းများတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက် စသဖြင့် စိတ်အပန်းဖြေစရာ နည်းပညာများသည် မျက်စိမခွာ နိုင်အောင်၊ လက်ကမချနိုင်အောင် ဆွဲငင်သိမ်းပိုက်ထားပေသည်။

‘‘ကလေးကို ငြိမ်အောင်လို့ ဖုန်းပေးဆော့ထားတယ်။ အခုဆို ကလေးက ဖုန်းကို စွဲနေသလိုဖြစ် နေတယ်။ ဖုန်းမပေးကိုင်ရင်ကို မ ငြိမ်တော့ဘူး။ ကြာရင် မျက်စိထိမှာ စိုးရိမ်နေရတယ်’’ဟု ကမာရွတ်လှည်းတန်းဈေးတွင် အစားအသောက် ရောင်းချနေသော အသက်(၁)နှစ် ခွဲအရွယ် ကလေးမိခင် မမာက ဆိုသည်။
 ဖုန်းဆင်းမ်ကတ်တစ်ခု ၁,၅၀၀ ကျပ်ဖြင့် အလွယ်တကူ ၀ယ်ယူသုံးစွဲခွင့်ကို ၂၀၁၄ အတွင်း ရရှိလာပြီးနောက် အသက်အရွယ် မရွေး၊ လူတန်းစားမရွေး အသုံးပြု နိုင်သော အခြေအနေဖြစ်လာ သည်။ ၂၀၁၆ အတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ တယ်လီနောနှင့် အူရီးဒူး စသည့် ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံး၏ ထုတ်ပြန်ချက်များအ ရ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံး ပြုသူအရေအတွက် ၄၉ သန်း ကျော်ရှိပြီး မှတ်ပုံတင်၍ ဆင်းမ် ကတ်အသုံးပြုသူ ၃၃ သန်းရှိလာသည်။
‘‘ဖုန်းက လူတိုင်း အလွယ်တ ကူ ၀ယ်လို့ရပြီ။ ဖုန်းဈေးတွေက လည်း လူတိုင်းတတ်နိုင်တဲ့အနေ အထားကို ကျဆင်းလာပြီ။ ပိုပိုပြီး လည်း သုံးတတ်လာပြီ။ ဒါကောင်း တဲ့လက္ခဏာပဲ။ ဒါပေမဲ့ အဲဒီအထဲ မှာ ကောင်းကျိုး၊ ဆိုးကျိုးတွေက တော့ အများကြီးရှိတာပေါ့။ ဆရာ့ အနေနဲ့ မျက်စိကို သနားမိတယ်။ မျက်လုံးဖွင့်ထားသရွေ့ အလင်း တန်းတွေက ၀င်နေတယ်။ ခြေ လက်တွေညောင်းရင် နားရမယ် ဆိုတဲ့အသိ ရှိကြပေမယ့် မျက်လုံး ကျတော့ သိပ်ပြီးနားရမယ်ဆိုတဲ့ အသိမရှိကြဘူး’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ဆိုသည်။
အဆိုပါ ဖုန်း၊ကွန်ပျူတာ စ သော အီလက်ထရွန်နစ်ပစ္စည်း များအသုံးပြုခြင်းသည် မျက်စိ ကွယ်သည့် ထိခိုက်မှုဖြစ်ပေါ်စေ ခြင်း ရှိ၊ မရှိကိုမူ အထောက်အထား များ ခိုင်ခိုင်မာမာ မတွေ့ရှိသေး သော်လည်း ယင်းပစ္စည်းများ အ သုံးပြုပြီးပါက မျက်စိညောင်းသော လက္ခဏာဖြစ်စေနိုင်သည်ဟု နိုင်ငံ တကာ သုတေသီများက အတည် ပြုထားကြသည်။
အမေရိကန်နိုင်ငံ Vision Council မှ ၂၀၁၅ က ထုတ်ပြန် သော အစီရင်ခံစာတွင် အမေရိ ကန်နိုင်ငံသားများ၏ ၆၁ ရာခိုင် နှုန်းသည် အီလက်ထရွန်နစ်ပစ္စည်း များကို အချိန်ကြာမြင့်စွာ သုံးပြီး နောက် မျက်လုံးညောင်းညာခြင်း (Eye Strain)ကို လူသုံးဦးလျှင် နှစ်ဦးနှုန်းခံစားရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လည်း ဖုန်း အသုံးပြုခြင်းကြောင့် မျက်စိထိ ခိုက်မှုဖြစ်စဉ်များမှာ အထောက် အထားမရှိသေးသော်လည်း ဖုန်း နှင့် ကွန်ပျူတာအသုံးပြုမှုများ သော ကလေးများ၊ လူငယ်၊ လူ လတ်ပိုင်းအရွယ်များတွင် မျက်စိ ညောင်းမှု ဝေဒနာခံစားရမှုနှင့် မျက်မှန် လိုအပ်ချက်များရှိနေ ကြောင်း မျက်စိအထူးကုဆရာဝန် ကြီးများက ဆိုသည်။
‘‘ဖုန်းကြောင့်ဖြစ်တယ်ဆိုတဲ့ မျက်စိရောဂါတွေက အခုအချိန် ထိ ကျွန်တော်တို့မှာမရှိသေးဘူး။ ဒါပေမဲ့ ကလေးက ဖုန်းအရမ်းသုံး နေလို့ စိုးရိမ်ပြီးကြည့်ပေးပါဆိုပြီး လာတာမျိုးတော့ရှိတယ်။ ကျွန် တော်တို့ အများဆုံးကြုံတွေ့ရ တာကတော့ ညနေတိုင်း ၆ နာရီလောက်ဆို (၂၀)၊ (၂၅)ပတ်ဝန်း ကျင်အရွယ်လေးတွေလာတယ်။ အဓိက သူတို့လာရင် ဇက်ကြော တက်၊ ခေါင်းကိုက်လို့ လာကြ တာ။ အဲဒီအခါကျ မေးလိုက်ရင် ကွန်ပျူတာကြောင့်ပဲ။ ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံတည်းမ ဟုတ်ဘူး။ နိုင်ငံတကာတွေမှာ လည်း ဒီအတိုင်းပဲ။ ကွန်ပျူတာအ ကြည့်များတဲ့ကလေးတွေမှာ မျက် မှန်လိုအပ်ချက်တွေ ပေါ်လာတယ်။ ဖုန်းအကြည့်များတဲ့ကလေးတွေ မှာ မျက်မှန်လိုအပ်ချက်တွေ တွေ့ လာရတယ်’’ဟု ပါမောက္ခ ဒေါက်တာတင်ဝင်းက ဆိုသည်။
အလုံမြို့နယ် ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးကလည်း ‘‘ကျွန် တော့် ဆေးခန်းမှာတော့ ဖုန်း ကြောင့်ဖြစ်တဲ့ မျက်စိရောဂါရယ် လို့ မတွေ့ဖူးဘူး။ လာပြတာမရှိဘူး။ ကွန်ပျူတာသုံးပြီး မျက်စိညောင်းတာမျိုးတော့ရှိတယ်’’ဟု ဆိုသည်။
ကွန်ပျူတာအသုံးများသဖြင့် မျက်စိများေ၀၀ါးခြင်း၊ မျက်လုံး အိမ်ခြောက်သွေ့ခြင်း၊ မျက်ရိုး ကိုက်ခြင်း၊ မျက်ရည်ပူများကျ ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ကြောတက်ခြင်းတို့ ဖြစ်ပေါ်ပြီး မျက်မှန်အမြဲတပ်ဆင် ရသူများတွင်မူ မျက်မှန်ကြည့်ရ သည်မှာ ၀ါးခြင်း၊ အဆင်မပြေခြင်း များဖြစ်လာသဖြင့် ထပ်မံစမ်းသပ် သည့်အခါ မျက်မှန်ပါဝါတိုးရသည့် အဖြစ်များ ရှိလာကြောင်း သိရ သည်။ သို့သော် ဖုန်းနှင့်ကွန်ပျူတာ နှိုင်းယှဉ်လျှင် မျက်စိထိခိုက်နိုင်ခြေ မှာ ဖုန်းတွင်ဖော်ပြထားသော စာ လုံးအရွယ်အစားသည် အလွန် သေးငယ်သဖြင့် ကွန်ပျူတာသုံး ခြင်းထက် ဖုန်းအသုံးပြုခြင်းကမျက်စိညောင်းညာမှုကို ပိုမိုဖြစ် ပေါ်စေနိုင်သည်ဟု ဆရာဝန်ကြီး က ဆိုသည်။
‘‘ဖုန်းစာလုံးတွေက အရမ်း သေးတယ်။ ဒါကြောင့် ဖုန်းကို ကြည့်ရတာ ပိုညောင်းတယ်။ နောက်တစ်ခုကလည်း ပြန်ကြည့် မယ်ဆိုရင် ဖုန်းရဲ့ အလင်းက ပိုစူး တယ်။ ကောင်းတာက မိနစ် ၂၀ လောက် လုံးဝနားလိုက်။ ပြီးတော့ ပြန်လုပ်၊ ပြန်နား အဲဒီလိုလေးတွေ ပေါ့။ အဲဒီလိုနားသွားမယ်ဆိုရင် ပြဿနာမရှိဘူး’’ဟု ပါမောက္ခ ဒေါက်တာတင်ဝင်းက အကြံပြုသည်။
ဖုန်းနှင့် ကွန်ပျူတာများအ သုံးပြုခြင်းကြောင့် လတ်တလော ဆိုးကျိုးအဖြစ် မျက်စိညောင်းညာ မှုနှင့် မျက်မှန်လိုအပ်ချက်များ ဖြစ် ပေါ်နိုင်သည့်အပြင် ရေရှည်ဆိုး ကျိုးအဖြစ် ဖုန်း၊ ကွန်ပျူတာများ ၏ မျက်နှာပြင်များမှ ထုတ်လွှတ် သော HEV (High-Energy Visible) Light (အပြာရောင်အလင်း) များကြောင့် မျက်စိ၏ တစ်သျှူး များကို ပျက်စီးစေနိုင်သည်။
ယင်းအပြာရောင် အလင်း တန်းများသည် နေနှင့် LED မီးသီး များမှ ထုတ်လွှတ်သည် ဆိုသော်လည်း မည်သူမျှ နေနှင့်မီးသီးများကို အချိန်အကြာကြီးစိုက် ကြည့်မှုမရှိကြပေ။ ထိုသို့မဟုတ် ဘဲ LED မီးသီးတစ်လုံးကို စိုက် ကြည့်မည်ဆိုပါကလည်း မျက်လုံး များပူလာသည့်ခံစားရမှုမှာ အမြင် သာဆုံးဥပမာတစ်ခုပင်ဖြစ်သည်။
အဆိုပါအလင်းကို လူတစ် ယောက်ရရှိသည့်ပမာဏပေါ်မူ တည်ပြီး မျက်စိထိခိုက်နိုင်မှုအ နည်းအများကွာခြားသည်။ စမတ် ဖုန်းများ၏ မျက်နှာပြင်သည် သေး ငယ်သော်လည်း ယင်းတို့သည် မျက်နှာပြင်ကြီးမားသော တယ်လီ ဗီးရှင်းများထက် အပြာရောင်အ လင်းပိုများသော ပမာဏကိုရရှိနိုင် သည်။ အဘယ်ကြောင့်ဆိုသော် မျက်စိမှ မျက်နှာပြင်ကိုစိုက်ကြည့် နေချိန်၌ မျက်စိကိုကျယ်ကျယ် ဖွင့်ထားပြီး မျက်တောင်ခတ်သည့် အချိန်သည် ပိုမိုနည်းပါးခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် မျက်နှာပြင်ကို ပုံသေအကွာအဝေး တစ်ခုကနေ အချိန်အကြာကြီးစိုက် ကြည့်နေမိသည့်အခါ မျက်လုံး ညောင်းသော ဝေဒနာဖြစ်ပေါ်စေ သည်ဟု မျက်စိအထူးကုဆရာဝန် ကြီးများက ရှင်းပြသည်။
‘‘ဖုန်းတို့၊ ကွန်ပျူတာတို့သုံး လို့ မျက်စိညောင်းတဲ့ ဝေဒနာဘယ် လိုရလဲဆိုတော့ လူတစ်ယောက် က အဝေးကိုကြည့်ရင် မျက်စိသိပ် မညောင်းဘူး။ အနီးကို ကြည့်ရင် ပိုညောင်းတယ်။ မျက်စိကြွက်သား တွေက ပိုအလုပ်လုပ်ရတယ်။ အမေရိကန်ဆေးသိပ္ပံပညာရှင် တွေရဲ့ သုတေသနပြုချက်အရ ဆိုရင် မျက်စိကြွက်သားက အနီး ကိုကြည့်ရင် ခံနိုင်ရည်အားက မိနစ် ၂၀ ပဲရှိတယ်။ ဒါကြောင့် သူ တို့က မိနစ် ၂၀ ပြည့်တိုင်း မျက်စိ ကို စက္ကန့် ၂၀ နားပါဆိုတဲ့ အကြံ ပြုချက်ပေးထားတယ်’’ ဟု ဒေါက် တာတင်ဝင်းက ဆိုသည်။
ထို့ကြောင့် ကွန်ပျူတာကို လမ်းတစ်ကမ်းစာ အကွာလောက်မှ အသုံးပြုခြင်း၊ ဖုန်းအသုံးပြုစဉ် ဖုန်းနှင့်မျက်လုံးအား ပိုဝေးကွာစွာ ထားရှိခြင်းတို့အပြင် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးမှ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာအောင်စိုက်ကြည့်ပေးခြင်းတို့ ကို ပြုလုပ်ရန်လိုအပ်သည်။ ယခု ကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် မျက် လုံးကြွက်သားများကို အာရုံစိုက် ပြီး အလုပ်လုပ်နေရာမှ သက်သာ စေသည့်အပြင် မျက်တောင်ခတ်ဖို့ အတွက်လည်း လှုံ့ဆော်ပေးသည် ဟု မျက်စိအထူးကုဆရာ ၀န်ကြီး များက အကြံပြုထားသည်။
အမေရိကန်နိုင်ငံ National Eye Institute က အမေရိကန်နိုင်ငံ သား ၃၄ သန်းသည် ဖုန်း၊ ကွန်ပျူ တာမျက်နှာပြင်ကို အနီးကပ်အ ချိန်ကြာမြင့်စွာ ကြည့်ရှုခြင်း ကြောင့် ယခုအခါအဝေးမှုန်နေ ကြပြီး ၂၀၃၀ တွင် အဝေးမှုန်သူ ဦးရေမှာ သန်း ၄၀ အထိ များလာ မည်ဟုပင် ခန့်မှန်းထားသည်။
ကျန်းမာရေးစောင့်ရှောက်မှု တွင် ‘ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပိုမိုထိရောက်သည်’ ဆိုသော စကားအရ တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုကို လူ တိုင်းအလေးထားဆောင်ရွက်သင့် ပြီး အမြင်အာရုံဖြစ်သော မျက်စိ ကျန်းမာရေးသည်လည်း ဂရုပြု စောင့်ရှောက်ရမည့်အထဲ၌ ပါဝင် နေသည်။
မျက်စိသည် အလွန်နုနယ် သော အရေးကြီးကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုဖြစ်သည်။ မျက်စိနှစ် ကွင်းအလင်းမရပါက ပတ်ဝန်း ကျင်အပေါ် မှီခိုရမှုနှင့် လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ သည်။ လက်နှင့်ခြေကို အသုံးပြု ၍အလုပ်ဆက်တိုက်လုပ်ကိုင် ရပါက ပင်ပန်းနွမ်းနယ်လာသကဲ့ သို့ နူးညံ့သည့် မျက်လုံးများဆိုလျှင် ပိုမိုပင်ပန်းနွမ်းနယ်မည်ဖြစ်သဖြင့် မျက်လုံးကို မကြာခဏအနားပေး ရန် လိုအပ်ပေသည်။
လူတို့သည် ‘မျက်စိအဆုံး နားအရှုံး’ဆိုသည့် စကားရှိသည် ကို မေ့လျော့နေတတ်ပြီး ကျန်းမာ ရေး အသိရှိသည့် လူများသည်ပင် အမှန်တကယ် လိုက်နာရမည့် အ လေ့အထများကိုပင်လိုက်နာမှု အားနည်းနေသေးသည်။ ဖုန်းအ သုံးများ၍ မျက်စိညောင်းညာကာ မျက်ရည်ပူကျလာခြင်းသည် ဖုန်း အသုံးပြုမှုကို ခဏရပ်သင့်ပြီဟု ခန္ဓာကိုယ်က တုံ့ပြန်မှုပြလာသော် လည်း လူအများစုမှာ ဖုန်းအသုံးပြု မှုကို ရပ်တန့်မသွားပေ။
အချုပ်ဆိုရသော် ဖုန်းနှင့် ကွန်ပျူတာကြောင့်ဖြစ်သော မျက် စိထိခိုက်မှုသည် ရေတိုတွင် ကြီး ကြီးမားမား ဖြစ်နိုင်ခြေမရှိသော် လည်း ရေရှည်ဆိုးကျိုးမဖြစ်စေရန် ဆရာဝန်ကြီးများ အကြံပြုထားသည့် မျက်စိကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ပေသည်။
‘‘အခုခေတ်က အိုင်တီနည်း ပညာတိုးတက်လာတော့ ဒီနည်း ပညာတွေကို ကလေးတွေက မရ လို့မဖြစ်ဘူး ရရမယ်။ ဒါတွေကို အထိုက်အလျောက်ခွင့်ပြုရမယ်။ ဒါပေမဲ့ အလွန်အကျွံတော့မလုပ်ရ ဘူး။ ကလေးက နားနားနေနေလုပ် မယ်ဆိုရင် ခွင့်ပြုရမယ်။ ဒါပေမဲ့ တစ်ချိန်လုံးမခွာဘဲနဲ့ ကြည့်တာ မျိုးမလုပ်ရဘူး။ အလွန်အကျွံလုပ် ရင် ကလေးရဲ့ မျက်စိကျန်းမာရေး ထိခိုက်နိုင်တယ်။ မျက်လုံးညောင်း ညာမှုဖြစ်မယ်။ ညောင်းညာမှုဖြစ် တာထက်ကို မျက်မှန်လိုအပ်ချက် တွေ ပိုများလာနိုင်တယ်’’ဟု ဒေါက်တာဦးတင်ဝင်းက အကြံပြုသည်။
အတွဲ (၁၆)၊ အမှတ် (၅),2017-04-05 11:59, By ယမင်း

26.3.17

အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်

အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝအရည် အသွေးကို တိုးတက် စေပါတယ်။ အောက်ပါ အကျင့်ကောင်းတွေကို ထိန်းသိမ်းနေထိုင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

မျက်စိကို နေကာမျက်မှန်ဖြင့် ကာကွယ်ပါ

နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခ ရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိကို ထိ ခိုက်မှု ဖြစ်စေပြီး အတွင်းတိမ်ရောဂါနဲ့ မက်ကူလာယိုယွင်းမှုတို့ ဖြစ်နိုင်ခြေမြင့် တက်စေပါတယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ်ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည် နဲ့ မထိတွေ့သင့်ပါဘူး။ ဒါ့အပြင် နေကာ မျက်မှန်ဟာ ခရမ်းလွန်ရောင် ခြည်ဒဏ် ကြောင့် မျက်စိအမြင်အာရုံမထိခိုက် အောင် ကာကွယ်ပေးပါတယ်။

ဆေးလိပ် မသောက်ပါနှင့်

ဆေးလိပ်သောက်တာကြောင့် အ တွင်းတိမ်ရောဂါဖြစ်စေနိုင်သလို မက်ကူ လာယိုယွင်းပျက်စီးမှု ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိခိုက်မှုကို ဖြစ်စေ နိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။

အယ်လ်ကိုဟောကို လျှော့သောက်ပါ

အရက်သောက်တာကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ်ကို ရေဓာတ်ခန်း ခြောက်မှုဖြစ်စေနိုင်ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာတွေက အရက် သောက်တဲ့အခါ ပိုဆိုးနိုင်ပါတယ်။ အရက် ကို ပမာဏ များများသောက်တာကြောင့် အာဟာရချို့တဲ့မှုပြဿနာတွေကို ဖြစ်စေ နိုင်ပြီး စက္ခုအာရုံကြောဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ

အဆီဓာတ်နဲ့ သကြားဓာတ်များနဲ့ အစာတွေကို စားတာကြောင့် သွေးတွင်း သကြားဓာတ် အတက်မအကျ ဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရော ဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိရင် သွေးတွင်း သကြားဓာတ်ကို တည် ငြိမ်အောင် မထိန်းနိုင်တဲ့အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။

သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ထိန်းပါ

သွးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိမမြင်နိုင်တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရောများတဲ့အပြင် သွေးတိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေပါတယ်။

အင်တီအောက်ဆီးဒင့်များသော အစာကို စားပါ

အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင် နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်းတိမ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေးအတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရဓာတ် တွေဟာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။

မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ

ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေးတာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Good Health

25.3.17

သင်၏ မျက်လုံး အားပြန်ကောင်းပြီး – မျက်မှန်လွတ်တဲ့နည်း “ ..!

 
 
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့အပူခိုးတွေကိုခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ။ ။ ။

ဒါကြောင့်အပူခိုးတွေမျက်စိဆီကိုမသွားဘဲအောက်ရောက်သွားအောင်ခြေထောက်ကိုအရင်ရေလောင်း
ရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်းချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါတက်နေတဲ့ဇက်ကြောတွေလျှော့သွားအောင်ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်
သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်းရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကိုဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။” ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် ” ။အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့အခိုးအငွေ့တွေဟာ ” မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ” ။

ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါကမျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

အရှင်ဇ၀န (မေတ္တာရှင် – ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် … မြစိုး

ဖိုးသူတော် (www.phothutaw.com)
Credit: MMExpress

23.3.17

မျက်စိမှုန်ခြင်း


လူသားတို့ခန္ဓာကိုယ်တွင်း စက္ခုအာရုံခံစားရာ မျက်စိဟာ
အလွန်နူးညံ့သိမ်မွေ့တဲ့ ကိုယ်အင်္ဂါ တစ်ခု ဖြစ်တယ် ။ အနီးအဝေးရှိ အရာဝတ္ထုမှန်သမျှကို ကြည်လင်ပြတ်သား စွာ မြင်နိုင်ဖို့စွမ်း ဆောင်နိုင်တယ် ။ လူသားတို့ လူမှုအဆင့်အတန်း ဘဝအခြေအနေ တိုးတက်ဖွံ့ဖြိုး လာတဲ့ နည်းတူ လူတို့ရဲ့မျက်စိ အသုံးပြုမှုဟာ ပိုမိုများပြားလာလို့ စက္ခုအာရုံဟာ ပိုပြီးအရေးကြီး လာ တယ် ။ မျက်စိကျန်းမာရေးအလေးမထားရင် မျက်စိမမှုန်သင့်ဘဲ မှုန်လေ့ရှိကြတယ်။

ကလေး ငယ်များ ဗီဒီယိုဂိမ်း၊ ဖုန်းဂိမ်းအဆော့များရင် မျက်စိမှုန်လာမယ်။ စက္ခုအာရုံခံစားရပုံ အဆင့် ဆင့်မှာ သာမန်မျက်စိမှာ အဝေးကလာတဲ့ အရာဝတ္ထုများရဲ့ပုံရိပ်ဟာ စက္ခု မှန်ဘီလူးကိုဖြတ် ပြီး စက္ခု အာရုံလွှာပေါ်ကို ကြည်လင်ပြတ်သား မြင်သာအောင် ကျလေ့ရှိတယ်။ အာရုံလွှာရဲ့ သဘောမှာ ဓာတ်ပုံ ဖလင်ကော်ပြားရဲ့သဘောနဲ့ အတူတူပဲဖြစ်တယ်။ ဓာတ်ပုံဖလင်ကော်ပြားရှိ ပုံရိပ်များ ဓာတ်ပုံရိုက်တဲ့ အခါလာပြီး ထင်သလို အာရုံလွှာပေါ်မှာ မျက်စိရှေ့မှာရှိတဲ့ အရာဝတ္ထု ပုံရိပ်များ လာထင်တယ်။ ထင်ဟပ်လာတဲ့ အရိပ်တွေကို အာရုံကြောလွှာမှ ထွက်လာတဲ့ စက္ခု အာရုံ ကြောများရဲ့အကူအညီနဲ့ ဦးနှောက်ထဲ ပို့ပေးတယ်။ ယင်းနောက် ဦးခေါင်းအနောက် ဘက်ရှိနောက်စေ့ပိုင်း ဦးနှောက်ရဲ့ Occipitalcortex ရှိ စက္ခုအာရုံခံစားရာ ဗဟိုဌာနမှ အဓိပ္ပာယ် ဖွင့်ဆိုပေးခြင်းက မျက်စိရှေ့မြင်ရတဲ့ အရာဝတ္ထုများရဲ့ပုံသဏ္ဌာန်၊ အရောင်အဆင်း တို့ကို တိတိကျကျ ခွဲခြားနိုင်တယ်။ အနီးရှိအရာဝတ္ထုများကို ကြည့်တဲ့အခါမှာ စက္ခုမှန်ဘီလူး ရဲ့ပုံသဏ္ဌာန်ပြောင်းလဲပေးခြင်းက မျက်စိရှေ့နားရှိ အရာဝတ္ထုများကို ပြတ်သားစွာမြင်ရတယ်။ မျက်စိမှာပြောင်းလဲမှုသာမက မျက်စိကိုလည်း အတွင်းဘက် စောင်းပေး ရသေးတယ်။ ယင်း ပြောင်းလဲမှု နှစ်မျိုးလုံး အစဉ်အမြဲ ဒွန်တွဲပြီးရှိတယ်။ မျက်စိမှုန်တဲ့အခါ အနီးအဝေးရှိ အရာဝတ္ထုများ ကြည်လင်ပြတ်သားအောင် မမြင်ရဘဲ မျက်စိကိုလွန်စွာ အားစိုက်ရလို့ မျက်စိ ညောင်းခြင်း၊ ကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြော ထိုး၊ နောက်ကြော တက်ခြင်းတို့ ခံစားရလေ့ရှိတယ်။ မျက်စိမှုန်ခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ စိတ်ဓာတ်အားလျော့ခြင်း၊ စိတ်ဆင်းရဲပင်ပန်းခြင်း၊ အိပ်မပျော်ခြင်း စတာတွေ ဖြစ်လာနိုင် တယ်။ မျက်စိမှုန်ပြီး မျက်စိညောင်းညာ ကိုက်ခဲလေ့ ရှိသူများဟာ အများအားဖြင့် တစ်ရက် တာ အလုပ်လုပ်ပြီး ညနေပိုင်း ပိုဖြစ်တတ်တယ်။

မျက်စိမှုန်ခြင်း အမျိုးမျိုးရှိတဲ့အနက် အဝေး ရှိ အရာဝတ္ထုတို့ကိုကောင်းကောင်းမြင်ရပေမယ့် အနီးရှိ အရာဝတ္ထုတို့ကို ကြည်လင်ပြတ်သား စွာမမြင်ရတဲ့၊ စာကောင်းကောင်း ဖတ်လို့မရတဲ့ မျက်စိမှုန်ခြင်းကို အနီးမှုန်လို့ခေါ်တယ်။ တစ်ဖန် အနီးရှိ အရာဝတ္ထုတွေကို ကောင်းကောင်းမြင်ရပေမယ့် အဝေးရှိ အရာဝတ္ထုတို့ကို ကြည်လင်ပြတ်သားစွာ မမြင်ရရင် အဝေးမှုန်ခြင်းလို့ ခေါ်တယ်။ မျက်ကြည်လွှာဟာ ညီညာတဲ့ စက်ဝိုင်းလုံးမျက်နှာပြင်မဖြစ်ခြင်း၊ မျက်စိမှန်ဘီလူး အခုံးမညီညာခြင်း၊ ချို့ယွင်းခြင်းတို့ကြောင့် ပြင်ပမှ မျက်စိမှန်ဘီလူးကို ဖြတ်ပြီးလာတဲ့ အလင်းတန်းများဟာ အာရုံလွှာပေါ်မှာ အစက် တစ်ခုတည်းစုပြီး ပုံရိပ်မထင်လို့ မျက်စိမှုန်ရခြင်းလည်း အချို့သူများ ဖြစ်တတ်တယ်။ ယင်း အပြင် အတွင်းတိမ်၊ ရေတိမ်စတဲ့ မျက်စိရောဂါတွေကြောင့် မျက်စိမှုန်ခြင်း ဖြစ်ရတတ်တယ်။

အနီးမှုန်။

အနီးမှုန်ခြင်းဟာ အသက် ၃၅ နှစ်မှ ၄ဝ နှစ်ကစလို့ မှုန်လေ့ရှိတယ်။ အသက်အရွယ် ကြီးရင့် လာတဲ့အခါ စက္ခုမှန်ဘီလူးရဲ့ အနေအထားကို ပြုပြင်ပေးနိုင်တဲ့ စွမ်းရည် လျော့နည်းလာလို့ အနီးမှုန်လေ့ရှိတယ်။ အသက် ၇ဝ ခန့်မှာ စက္ခုမှန်ဘီလူးရဲ့အနေအထားကို ပြုပြင်နိုင်စွမ်း လုံးဝ မရှိသလောက်ဖြစ်တယ်။ ယင်းကို သက်ကြီး မျက်စိမှုန်ခြင်းလို့ခေါ်တယ်။ အချို့မှာ မွေးက တည်းက အနီးမှုန်လာပြီး အသက်၂ဝ နဲ့ ၄ဝ ကြားမှာ သက်သာနေကာ အသက် ၄ဝ ကျော် လာတဲ့အခါ ပြန်လည် မှုန်လာလေ့ရှိတယ်။ အထူးသဖြင့် ပန်းထိမ်လုပ်သားများ၊ ရေဒီယိုပြင်သူ၊ စက်ချုပ်သူ၊ စာဖတ်သူတွေမှာ အနီးမှုန်ခြင်း ဖြစ်တတ်တယ်။ အနီးကြည့်လုပ်ငန်းများ လုပ်ကိုင် နေသူ၊ စာများများ ဖတ်သူတို့မှာ မျက်စိမှုန်ခြင်းကို ကျော်လွန်ပြီး ကြည်လင် ပြတ်သားစွာမြင်ရ ဖို့ မျက်စိစူးစိုက်ရလို့ မျက်စိကိုက်ခြင်း၊ညောင်းခြင်းတို့ဖြစ်လေ့ရှိတယ်။ အနီးမှုန်သူများဟာ စာကြာကြာ ဖတ်နိုင်ခြင်း မရှိကြပါ။ ခဏကြည့်ရုံနဲ့ မျက်စိညောင်းလာတယ်။ အနီးမှုန်သူများ ဟာ အနီးရှိ အရာဝတ္ထု တစ်ခုခုကိုကြည့်မယ်ဆိုရင် ထင်ရှားပြတ်သားအောင်မြင်ရဖို့ ယင်းကို ခပ်လှမ်းလှမ်းထားပြီးကြည့်ရတယ်။ စာဖတ်ရာမှာလည်း အခြားသူတွေထက် စာအုပ်ကို မျက်စိနဲ့ ဝေးဝေးထားပြီး ကြည့်ရတယ်။ အနီးမှုန်ခြင်းဟာ ရောဂါတွေကြောင့်မဟုတ်ဘူး။ အနီး ရှိ အရာဝတ္ထုတွေကြည့်ဖို့ သဘာဝ ပုံမှန်အားဖြင့် စက္ခုမှန်ဘီလူးကို ယင်းနဲ့တွယ်ဆက်ထားတဲ့ ကြွက်သားငယ်တွေရဲ့စွမ်းရည်နဲ့ အနည်းငယ်ခုံးစေခြင်းဖြင့် ရူပဗေဒသဘောအရ အလင်းတန်း များ အာရုံလွှာပေါ်မှာ စုစည်းပြီး ကျရောက်တယ်။ အနီးမှုန်ခြင်းမှာ အသက်ကြီးလာတဲ့အခါ စက္ခုမှန်ဘီလူးဟာ ပျော့ပျောင်းမှုနည်းလာကာ ငယ်စဉ်ကလို လိုအပ်သလို ခုံးမပေးနိုင်လို့ ဖြစ်တယ်။ စက္ခုမှန်ဘီလူးကို ထိန်းထားတဲ့အဓိက လှုပ်ရှားစေတဲ့ ကြွက်သားငယ်များဟာ တောင့်တင်းသန်မာစေမှု လျော့နည်းလာလို့ စက္ခုမှန်ဘီလူးကို လိုအပ်သလို ဆွဲဆန့်နိုင်ဖို့ အားနည်း လာခြင်းကြောင့်လည်းဖြစ်တယ်။ အချို့ငယ်စဉ်ကတည်းက စက္ခုမှန်ဘီလူး အခုံး နည်းလို့ဖြစ်တတ်တယ်။ မျက်စိအထူးကု ဆရာဝန်နဲ့ပြသကာ ပါဝါ ချိန်ယူရမယ်။

အဝေးမှုန်ခြင်း။

အဝေးမှုန်ခြင်းဟာ လူငယ်လူရွယ်ဘဝမှာ ဖြစ်လေ့ရှိတယ်။ မျက်စိအိမ် သာမန်ထက် ကြီးမား နေလို့လည်းကောင်း၊ စက္ခုမှန်ဘီလူး အခုံးလွန်လို့လည်းကောင်း အဝေးမှစက္ခုမှန်ဘီလူးကို ဖြတ်သန်းလာတဲ့ အလင်းတန်းတို့ရဲ့ပုံရိပ်ဟာ အာရုံလွှာရဲ့ရှေ့မှာ စုစည်း ကျရောက်နေလို့၊ အာရုံလွှာပေါ်မှာမကျရောက်လို့ အဝေးရှိ အရာဝတ္ထုတွေကို ထင်ထင်ရှားရှား မမြင်ရပါ။ ခန္ဓာကိုယ်ကြီးထွားလာသလို မျက်စိအိမ်လည်း ကြီးထွားလာတယ်။ အသက် ၂ဝ ကျော်တဲ့အခါ ခန္ဓာကိုယ်ကြီးထွားမှု တဖြည်းဖြည်း ရပ်တန့်လာကာ မျက်လုံးအိမ်လည်း ကြီးထွားမှု ရပ်တန့် လာလို့ ဆက်လက်ပြီး အဝေးမှုန်ခြင်း ဒီဂရီ သိပ်မတက်လှပါ။ အသက် ၄ဝ ကျော်လာရင် အကြောင်း အမျိုးမျိုးကြောင့် စက္ခုမှန်ဘီလူးအခုံး လျော့နည်းလာကာ အဝေးမှုန်ခြင်း သက်သာလာလေ့ရှိတယ်။ အချို့ မျက်မှန်လွတ်သွားတယ်။ အဝေးရှိ အရာဝတ္ထုကို ကြည်လင် ပြတ်သားစွာ မတွေ့မြင်နိုင်လို့ မျက်လုံးကိုအားစိုက်ပြီး ကြည့်ရဖန် များလာတဲ့အခါ မျက်စိ ညောင်းခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်လေ့ရှိတယ်။ အဝေးမှုန်ခြင်း ဖြစ်ခါစမှာ မျက်စိကို မသိမသာ အားစိုက်ပြီး ကြည့်လို့ အဝေးမှုန်တာမသိသာပါ။ နေမကောင်းစဉ်၊ နာလန်ထစ အချိန်တို့မှာ မျက်စိညောင်းခြင်း၊ ကိုက်ခြင်း သိသာလေ့ရှိတယ်။ အဝေးမှုန်တဲ့ လူငယ်တွေဟာ အနီးကြည့် လုပ်ငန်းတွေမှာ အားစိုက်ကြည့်ဖို့ မလိုလို့ မျက်စိအပြင်ဘက်ကို အနည်းငယ် စွေထွက်တတ် တယ်။ ငယ်စဉ်ကပင် မျက်မှန်တပ်ဆင်ဖို့ လိုအပ်ပါက မတပ်မိလို့ ကြီးပြင်းလာတဲ့အခါ မျက်စိ အလွန်မှုန်ပြီး မြင်အားပြတ်ကာ ကုသဖို့ အလွန်မလွယ်ကူလှတဲ့ အခြေအနေ ရောက်ရှိ သွားနိုင်တယ်။ အဝေးမှုန် နေသူများမှာ အဝေးရှိ အရာဝတ္ထုကို ကြည်လင်အောင်မြင်ဖို့ မှန်ဘီလူးခွက် မျက်မှန် တပ်ပေးသင့်ပါတယ်။အခြား စက္ခုမှန်ဘီလူးနဲ့ မျက်ကြည်လွှာတို့ မျက်နှာပြင် မညီညာလို့ဖြစ်တဲ့ မျက်စိမှုန်သူတို့မှာ မျက်စိကို အလွန်အားစိုက်ကြည့်ရလို့ မျက်စိ ညောင်းခြင်းအပြင် ဇက်ကြောတက်ခြင်းဖြစ်လေ့ရှိတယ်။ ၉ဝ ရာခိုင်နှုန်းဟာ မွေးစကတည်းက မျက်စိ ချို့ယွင်းမှုပါလာလို့ အနည်းနဲ့အများ ပြောင်းလဲမှုရှိတယ်။ ယင်းမျက်စိမှုန်ခြင်းမျိုးမှာ အာရုံလွှာပေါ်မှာ ပုံရိပ် ထင်ထင်ရှားရှား စုစည်းကျရောက်စေဖို့ အထူးပြုပြင်ထားတဲ့ စလင်ဒါ ပါဝါပါတဲ့ မျက်မှန်မျိုး တပ်ပေးရတယ်။ မျက်စိမှုန်ရင် လူတိုင်း မျက်စိအမြင်ကြည်လင် ပြတ်သားခြင်းမရှိလို့ မကြာခဏ မျက်စိညောင်း၊ ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း ဖြစ်နေရင် ကျွမ်းကျင်တဲ့ မျက်စိရောဂါ အထူးကုဆရာဝန်နဲ့ ပြသရမယ်။ မျက်မှန်တပ်ခြင်းနဲ့ ပတ်သက်ပြီး ၂၁ ရာစု ဒီဘက်ပိုင်း ဂိမ်းဆိုင်တွေ၊ ဟန်းဆက်က ဂိမ်းတွေနှိပ်ရင်း စလင်ဒါစောင်းတဲ့ ကလေး ကစောင်း၊ အဝေးမှုန်တဲ့ကလေးကမှုန်၊ မျက်စိအထူးကုတွေ ပိုပြီးအလုပ်ရှုပ်တဲ့ ကာလတစ်ခုကို ရောက်လာပါတယ်။ မျက်မှန်တပ်ရလို့ အမြင်ကြည်လင်သွားရင် မှန်မှန်ကန်ကန် အသုံးပြုတတ် ရမယ်။ အတိုင်းထက်အလွန် ဂိမ်းဆော့ခြင်း မပြုစေသင့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာ လွင်သန့်
https://www.facebook.com/mwdwebportal

19.3.17

အိန္ဒိယကျောင်းသားတစ်ဦး က မျက်မမြင်များအတွက် အထူးမျက်မှန်တစ်မျိုး တီထွင် ..!


 

Goggle For  Blind (G4B) ဟာ မျက်စိမမြင်ကြသူများကို အကူမလိုဘဲ ဘေးနားက ပစ္စည်းများကို မျက်စိနဲ့ မြင်သလို သိနိုင်စေမယ့် အထူးမျက်မှန်တစ်မျိုးဖြစ်ပါတယ်။ ဒီမျက်မှန်ဟာ ပဲ့တင်သံစနစ်နဲ့ တည်နေရာရှာတဲ့ နည်းလမ်းကို အသုံးချထားတာ ဖြစ်တာကြောင့် လွယ်ကူသလောက် အင်မတန်ဆန်းသစ်ပြီး အဖိုးတန်တဲ့ တီထွင်ချက်ဖြစ်ပါတယ်။ ဒီကိရိယာကို New Galaxy Academy မှ ပထမနှစ်ကျောင်းသားလေး အနန် တက်ဒါကတီထွင်ခဲ့တာပါ။

G4B ဟာ လင်းနို့ များမှာ သုံးတဲ့ ပဲ့တင်သံသုံး တည်နေရာရှာစနစ် ဥပဒေသကို အခြေခံပြီး အသံလှိုင်းကနေ အနီးအနားမှာ ရှိတဲ့ အရာဝတ္တုတွေကို သိနိုင်စေဖို့ တီထွင်ထားတာပါ။ အမှောင်မှာ နားအစွမ်း ထက်မြက်လွန်းတဲ့ လင်းနို့ များမှာ ပဲ့တင်သံနေရာရှာစနစ် ecolocation သုံးပြီး အမှောင်ထဲမှာ အစာ နဲ့ ပျံသန်းဖို့ လမ်းကြောင်းရှာနိုင်ပါတယ်။ ယခု G4B မျက်မှန်များဟာလည်း မျက်မမြင်များအတွက် ဘေးမှလူ နဲ့ ပစ္စည်းကိရိယာ အကူအညီမလိုဘဲ လူကောင်းတစ်ယောက်လို သွားလာနိုင်မှာ ဖြစ်ပါတယ်။

ဒီတီထွင်ချက်ဟာ အံ့သြစရာကောင်းလောက်အောင် အသုံးတည့်ပြီး ဆန်း သစ်တာကြောင့် ဂွာဟာဝါသီ ဒေသတွင်းသိပ္ပံစင်တာမှ ဦးစီးကျင်းပတဲ့ ဒေသအဆင့် သိပ္ပံပွဲတော်မှာ အဆန်းသစ်ဆုံးတီထွင်မှုဆု ရရှိခဲ့ပြီး Dinanath Pandey Smart Idea Innovation Award လည်း ရရှိခဲ့ပါတယ်။ ယခုလအစောပိုင်းက အနန်တက်ဒါဟာ ဒီတီထွင်ချက်ကို နယူးဒေလီမြို့ Rashtrapati Bhawan မှာ ကျင်းပတဲ့ နိုင်ငံအဆင့် သိပ္ပံပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ဒီပွဲကနေ Honey Bee Network ၊ National Ignition Facility (NIF) ၊ Society for Research and Initiatives for Sustainable Technologies and Institutions (SRISTI) ၊ Global Youth Action Network (GYAN) နဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ ရန်ပုံငွေ (UNICEF) တို့ ဟာ သူ့ ရဲ့ တီထွင်ချက်ကို တွေ့ မြင်သွားခဲ့ပါတယ်။NIF နဲ့ UNICEF တို့ ဟာ G4B ကို ဈေးကွက်ထဲ ဖြန့် ချိချင်နေတာကြောင့် လက်ရှိမှာ အနန်ဟာ မျက်မမြင်သူများကို နမူနာစမ်းသပ်ဖို့ prototypes ၅ ခုကနေ ဆယ်ခုအထိ ဖန်တီးနေပါတယ်။ နောက်လာမယ့် မော်ဒယ်သစ်များမှာ ချို့ ယွင်းချက်နည်းသထက် နည်းပြီး ပိုကောင်းအောင် ထုတ်လုပ်လာမှာ ဖြစ်လို့  မျက်မမြင်များကို သာမန်လူကောင်းများလို အခက်အခဲမရှိ သွားလာ သိရှိနိုင်ဖို့ အထိ အကူအညီပေးနိုင်တော့မှာပါ။ အနန်ဟာ ဥာဏ်ရည်ထက်မြက်သလောက် စက်ရုပ်များ နည်းပညာကိရိယာလေးများကို တီထွင်ထုတ်လုပ်ရတာကို ဝါသနာကြီးတဲ့ ပါရမီရှင်လူငယ်လေးဖြစ်ပါတယ်။ နာမည်ကျော် နည်းပညာကောလိပ်များမှ ဦးစီကျင်းပတဲ့ နည်းပညာဟောပြောပွဲများ ပြပွဲများကို တက်ရောက်လေ့လာသလို ကိုယ်တိုင်လည်း အဆက်မပြတ်တီထွင်ကြံဆနေသူ ဖြစ်ပါတယ်။ သူ့ ရဲ့ အနာဂါတ် စီမံကိန်းကတော့ လေးလံတဲ့ပစ္စည်းများကို သယ်ပိုးနိုင်မယ့် Exoskeleton လို့ ခေါ်တဲ့ ဝတ်စုံတစ်မျိုးကို တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတာ ဖြစ်ပေမယ့် ရှိသမျှ ပိုက်ဆံကို တီထွင်မှုမှာ သုံးသလို တစ်ခါတစ်လေ သူငယ်ချင်းများဆီကပါ ပိုက်ဆံချေးပြီး သူ့ ရဲ့ စက်ပစ္စည်းလေးများကို ဖန်တီးခဲ့တဲ့ အနန်ဟာ G4B မျက်မှန်တစ်လက်ကို ထုတ်ဖို့ ခန့် မှန်းခြေ ရူပီး ၁၅၀၀၀ ( မြန်မာငွေ ၃ သိန်းကျော် ) ကုန်ကျခဲ့တာ ဖြစ်လို့ ငွေကြေးကူညီ စိုက်ထုတ်ပေးမယ့် သူကို မျှော်နေရပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

မျက်လုံးများက ပြောပြနေသော သင့်ကျန်းမာရေး


 
 
ကျန်းမာရေးအခြေအနေများကို ခန္ဓာကိုယ်၏ အခြားအ စိတ်အပိုင်းများက အချက်ပြသလို မိမိတို့၏ မျက်လုံးများကလည်း ကျန်းမာရေးအခြေအနေအချို့ကို ပြောပြနေသည်။

အရာဝတ္ထုများကို နှစ်ထပ်မြင်နေခြင်း (သို့) မြင်ကွင်းေ၀၀ါးနေ ခြင်း၊ မှိန်နေခြင်းများဖြစ်နေပါက လေဖြတ်ခြင်းလက္ခဏာဖြစ်နိုင် သည်။ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်သင့်သည်။
မျက်လုံးထဲတွင် ထူပိန်းပိန်းနှင့် ရောင်ရမ်းနေသလို ခံစားရပါ က သိုင်းရွိုက်ပြဿနာ ဖြစ်နိုင်သည်။

မျက်လုံး၏ သူငယ်အိမ်တွင် အညိုရောင်အကွင်းဖြစ်နေပါက ကိုလက်စထရောများခြင်း လက္ခဏာဖြစ်နိုင်သည်။ ယင်းအခြေအ နေသည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါအန္တရာယ် မြင့်မားနေခြင်း လက္ခဏာဖြစ်နိုင်သည်။ ထိုအခြေအနေသတိထားမိပါက သွေးတိုး၊ သွေးဖိအားကို စစ်ဆေးသင့်သည်။

မျက်လုံးအတွင်း မြင်ကွင်းပျောက်သွားသော အစက်အပြောက် များနှင့် လှိုင်းထနေသလိုဖြစ်ပေါ်ပြီး ခေါင်းကိုက် မူးဝေခြင်းနှင့် တွဲ ဖက်ခံစားရပါက ဆရာဝန်နှင့် တွေ့ဆုံသင့်သည်။

ရုပ်သံနှင့် ကွန်ပျူတာ ဖန်သားပြင်ကို တစ်ချိန်လုံး စိုက်ကြည့် နေခြင်းသည် အမြင်ကိုေ၀၀ါးစေတတ်သည်။ ယင်းမှာ ကွန်ပျူတာ နှင့် အလုပ်လုပ်သူတိုင်းတွင် ကြုံတွေ့ရသည်။
သို့သော် အမြင်ေ၀၀ါးခြင်း အမြဲတမ်းဖြစ်နေပါက ကြီးမား သော ပြဿနာတစ်ရပ်၏ အစဖြစ်နိုင်ပြီး ဆရာဝန်နှင့် တိုင်ပင်သင့် သည်။

မျက်စိဝါးခြင်းသည် သွေးနီဥနည်းပါးခြင်း (သို့) အသားဝါရော ဂါလက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။ ယင်းမှာ အသည်းကောင်းစွာ အ လုပ်မလုပ်ခြင်းကို ပြဆိုခြင်းဖြစ်ပါသည်။ လူကြီးနှင့် ကလေးများတွင် ပါ ထိုသို့ဖြစ်နိုင်သည်။
ဆီးချိုရောဂါရှိပြီး မျက်စိအမြင်ေ၀၀ါးနေပါက မျက်လုံးတွင် ကြီးမားသော ပြဿနာရှိနိုင်သည်။ မြင်လွှာပျက်စီးခြင်းဖြစ်နိုင်ပြီး ယင်းပြဿနာကနေ၍ မျက်စိကွယ်ခြင်းအထိ ဖြစ်နိုင်သည်။

—Ref: TOI
Source....7daydaily.com

16.3.17

မွေးကာစကလေးမျက်စိနာ




ခုတလော မေးလာတာ ၃-၄ ယောက်ရှိတယ်။ မနှစ်က ဒီနေ့မှာလည်းမေးလို့ ရေးထားတယ်။

မင်္ဂလာပါဆရာ သားသားအခု ၅ လပြည့်တော့မယ်ရှင့်။ သူ ၁ဝ ရက်သားအရွယ်ကတည်းက မျက်လုံးနှစ်ဖက်လုံး မျက်ဝတ်တွေထွက်ပါတယ်။ ဆရာမပေးတဲ့မျက်စင်းခပ်တာ တဖတ်ကပျောက်ပြီး တစ်ဖတ်ကကျန်သေးပါတယ်။ ဆရာမကိုပြန်ပြတော့ မျက်စဉ်းပြောင်းပေးပါတယ်။ ခပ်တဲ့အချိန်ပဲသက်သာတယ်။ ရက်ပြည့်လို့ ခပ်တာ ရပ်လိုက်ရင် ပြန်ဖြစ်ပါတယ်။ အခုဆိုမျက်စဉ်းပြောင်းပေးတာ ၃ မျိုးရှိနေပါပြီ။ မပျောက်ပါဘူးဆရာ။ ဘယ်လိုလုပ်ရမလဲ။ သူများတွေက အမေနို့ ခပ်ပေးပြောတာ မခပ်ရဲဘူး။ စာထဲမှာဖတ်ဖူးတာ အမေနို့မခပ်ရဘူးဆိုလို့ပါ။

မွေးကာစကလေးမျက်စိနာတာကို Ophthalmia neonatorum ခေါ်တယ်။ ကလေးမွေးတုန်း မိခင်မွေးလမ်းကြောင်းကနေ ကူးစက်လာတာ ဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ Neisseria gonorrhoeae (ဂိုနိုရီးယား) ဒါမှမဟုတ် Chlamydia trachomatis (ကလာမိုင်ဒီးယား) ပိုးတခုခုကနေ မျက်စိကို ကူးစက်တယ်။

မွေးပြီးပြီးချင်း ကလေးတိုင်းကို 0.5% erythromycin မျက်စဉ်းခပ်ရေးရတယ်။ မကုပဲထားရင် မျက်စိကွယ်သွားနိုင်တယ်။ မွေးပြီး တလအတွင်းဖြစ်တာတွေက ကူးစက်တာနဲ့ ကူးစက်တာမဟုတ်တာလည်းဖြစ်နိုင်တယ်။ ကလေးမွေးရာမှာ ကိုင်တွယ်သူလက်ကနေလည်း ကူးစက်နိုင်တယ်။

ရောဂါပိုးမဟုတ်ပဲ Silver nitrate ဓါတ်ကနေမျက်စိကျိန်းစေနိုင်တယ်။ ၂-၄ ရက်ကြာမယ်။ ချက်ချင်းဖြစ်မယ်။ ပျောက်သွားမယ်။ ဒီဆေးကို မသုံးတော့ဘူး။ နောက်ပိုင်းမှာ Neomycin နဲ့ Chloramphenicol မျက်စဉ်းတခုခုကို သုံးတယ်။

(ဂိုနိုးရီးယား) ပိုးမဟုတ်တဲ့ တခြားဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကလည်း ကူးစက်နိုင်သေးတယ်။ (ဂိုနိုးရီးယား) ပိုးကြောင့် မျက်စိကျိန်းရင် မွေးပြီး ၅ ရက်အတွင်းစဖြစ်မယ်။ မျက်စိနှစ်ဖက်လုံးမှာ နီရဲရောင်ပြီး ပြည်ထွက်မယ်။ ဂိုနိုရီးယားကြောင့်က ၅ ရက်အတွင်းဖြစ်မယ်။ မိခင်မှာ ဆေးမကုတဲ့ ဂိုနိုးရီးယားရှိရင် Ceftriaxone 50 mg/kg IM or IV ဆေးထိုးပေးမယ်။ ဂိုနိုကြောင့်ဖြစ်လို့ ထွက်တဲ့ပြည်ကို Saline lavage ဆာရည်နဲ့ တနာရီတခါဆေးပေးရမယ်။ အကောင်းဆုံးက Penicillin drops 5000 to 10000 units per ml ပနယ်စလင်မျက်စဉ်း ဖြစ်တယ်။ တမိနစ်မှာ တကြိမ်၊ နာရီဝက်ကြာခပ်မယ်။ နောက် ၅ မိနစ်တခါ။ နောက် နာရီဝက်တခါ။ (ပနယ်စလင်) မတည့်တဲ့ကလေးကို Bacitracin eye ointment မျက်စဉ်း တနေ့ ၄ ကြိမ်ခပ်ပါ။ မျက်ကြည့်လွှာပါထိရင် atropine sulphate ointment ကိုပါခပ်မယ်။

မျက်စဉ်းအပြင် -
• Ceftriaxone 75–100 mg/kg/day IV or IM တနေ့ ၄ ကြိမ်။
• Cefotaxime 100–150 mg/kg/day IV or IM တနေ့ ၂ ကြိမ်။
• Ciprofloxacin 10–20 mg/kg/day or Norfloxacin 10 mg/kg/day
• Crystalline benzyl penicillin G 50,000 units (လမစေ့မွေးတာဆိုရင် 20,000 units)

(ကလာမိုင်ဒီးယား) ပိုးကြောင့်ဆိုရင် ၃ ရက်ကနေ ၂ ပါတ်အတွင်းဖြစ်မယ်။ ပြည်မဟုတ်ပဲ အရည်ကျမယ်။ ရောင်ရမ်းတာ သိပ်မဆိုးလှပါ။ Chlamydia trachomatis ၅ ရက်ကနေ ၂ ပတ်အတွင်းဖြစ်မယ်။ ဆိုးရင် ၂-၁၉ ပါတ်အတွင်းမှာ အဆုပ်ရောင်တာ ဆက်ဖြစ်မယ်။ Chlamydia pneumonitis ဖြစ်ရင် Erythromycin ပိုးသေဆေးကို ၁ဝ-၁၄ ရက်ကြာ ပေးရတယ်။ Chlamydia ကြောင့်ဆိုရင် Erythromycin သောက်ဆေးလည်းပေးမယ်။ အမေ-အဖေတွေကိုလည်း Erythromycin ဆေးပေးရမယ်။

Herpes simplex virus (HSV 2) ရေယုံဗိုင်းရပ်စ်နေလည်းဖြစ်နိုင်တယ်။ Herpes simplex ophthalmia neonatorum ရေယုံကြောင့်ဖြစ်ရင် တချို့ကလေးတွေမှာ Corneal involvement မျက်ကြည်လွှာကို ထိခိုက်မယ်။ ဘာကြောင့်ဖြစ်ဖြစ် ဆေးမကုရင် မျက်ကြည်လွှာအနာဖြစ်နိုင်တယ်။ မျက်စိကွယ်နိုင်တယ်။ 1% Tetracycline ointment နဲ့ 0.5% Erythromycin ointment မျက်စဉ်းသုံးတယ်။

Staphylococcus aureus, Streptococcus haemolyticus, Streptococcus pneumonia ဗက်တီးရီးယားတွေကလည်း ဖြစ်စေနိုင်တယ်။ ဖြစ်ရင် tetracycline 1% (သို့) erythromycin 0.5% eye ointment QID (၃) ပတ်ကြာခပ်ပါ။
Herpes simplex conjunctivitis ရေယုံကြောင်ဖြစ်ရင် intravenous acyclovir ထိုးဆေးကို ၁၄ ရက်ပေးတယ်။
https://www.facebook.com/drtintswe

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာတင့်ဆွေ

မျက်ဝန်းအလှ လင်းလက်တောက်ပချင်ရင်


 

 မျက်လုံးတစ်စုံဟာ နှလုံးသားရဲ့ ပြတင်းပေါက်တွေပါလို့ ညွှန်းဆိုကြတယ်မို့လား။ ဒီလိုမျိုး အရေးပါတဲ့ မျက်ဝန်းလေးတွေဟာ ကျန်းမာတဲ့အသွင်နဲ့ လင်းလက်တောက်ပနေမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကိုယ့်ရဲ့ မျက်ဝန်းအလှကို ပိုမိုသက်ဝင်သွားဖို့ရာ ဒီအချက်တွေက ကူညီပေးမှာ အသေအချာပါပဲနော်။ ဖတ်ကြည့်ပါဦး...။

၁။ ရေခဲလေးတွေ

ညက သောက်မိလို့ ၊ အိပ်ရေးမဝခဲ့လို့ မနက်မိုးလင်း အိပ်ရာနိုးတဲ့အခါ မျက်လုံးတွေ စပ်ဖျဉ်းဖျဉ်း ဖြစ်ရတယ်ဟုတ်? မှန်ထဲပြေးကြည့်လိုက်တော့ မျက်အိတ်တွေကလည်း တွဲကျနေပြီ။ ဘာလုပ်ကြမလဲ? ရေခဲတုံးလေးကို အ၀တ်နဲ့ပတ်ပြီး မျက်လုံးမှာကပ်ထားပေးလိုက်။ ခဏနေဆိုရင် မျက်အိတ်တွဲတာတွေ မရှိတော့ဘူး။

၂။ ကော့ညွှတ်နေတဲ့မျက်တောင်

မျက်တောင်ကော့ဆေးကို ပိုပြီး ကြာကြာခံစေမယ့်နည်းကို ပြောမလို့လေ။ ဇွန်းတစ်ချောင်းကိုယူပြီး ရေနွေးထဲစိမ်လိုက်ပါ။ အဝတ်သန့်သန့်နဲ့ ခြောက်အောင်သုတ်ပြီးရင် မျက်တောင်အဖျားတွေကို ဇွန်းနဲ့ကပ်ပြီး လက်လေးနဲ့ အသာအယာဖိလိုက်ရင် မျက်တောင်လေးတွေ ကွေးသွားပါလိမ့်မယ်နော်။ သတိထားရမှာတစ်ခုက ဇွန်းသန့်ဖို့ရယ် ရေနွေးထဲမှာ အရမ်းပူခြစ်သွားအောင် မစိမ်မိဖို့ရယ်ပါပဲ။

၃။ မျက်ဝန်းလေး ကျယ်သလိုဖြစ်ချင်ရင်

မျက်ဝန်းလေးတွေက အရှိထက် ပိုမိုဝိုင်းနေသယောင် ဖြစ်ချင်တယ်ဆို လိုင်နာအဖြူကိုသုံးပါ။ မျက်ခမ်းအစပ် အတွင်းလိုင်းမှာ လိုင်နာခဲတံအဖြူလေးနဲ့ ဆွဲလိုက်ရင် မျက်လုံးပိုဝိုင်းတယ်လို့ ထင်ရစေပါတယ်။ အပေါ်မျက်ခွံမှာတော့ အိုင်းလိုင်နာအနက်လေးကို လိုသလိုဆွဲပေးလိုက်ပေါ့။

၎။ အပြာရောင်

ဒါကတော့ လျှို့ဝှက်ချက်နော်။ မျက်တောင်ကော့ဆေးဖြစ်စေ၊ အိုင်းလိုင်နာဖြစ်စေ၊ အိုင်းရှဲဒိုးဖြစ်စေ တစ်ခုခုကို အပြာရောင်သုံးကြည့်ပါ။ မျက်ဝန်းလေးတွေက ချက်ချင်းဆိုသလို လင်းလက်တောက်ပလာပြီး သက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို ယုံကြည်မှုရှိရှိနဲ့ ကြည့်လိုက်တဲ့အခါ သူကတော့ ကြွေဆင်းသွားမှာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun

5.3.17

အဝေးမှုန်ခြင်းမဖြစ်အောင်ကာကွယ်နည်း( ယနေ့ ၅/၃/၁၇ နေ့ ထုတ် မြဝတီသတင်းစာပါဆောင်းပါး )



အဝေးမှုန်ခြင်းမဖြစ်အောင်ကာကွယ်နည်း

         မျက်မှောက်ခေတ်တွင် အရှေ့အာရှရှိ ကလေးများ၌ အဝေးမှုန်ဖြစ်လာကြသည့်နှုန်းထားသည် ၈၀% မှ ၉၀% အတွင်းရှိလာပြီး၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွင် ၄၀%  မှ ၅၀% အတွင်းရှိ လာပြီဖြစ်ကြောင်း အမြင်စွမ်းရည်ဆိုင်ရာစောင့်ကြည့်လေ့လာသူ ပညာရှင်များက(The journal JAMA Ophthalmology) တွင်ဖော်ပြထားပါသည်။၎င်းနှုန်းထားသည် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိပြီး၊အဝေးမှုန် တားဆီးရေးအတွက် နည်းလမ်းရှာဖွေ၍ ကြိုးပန်းကြရန်လည်းတိုက်တွန်းထားပါသည်။
အဝေးမှုန်ခြင်းတွင် အမြင်အလျားတို(nearsightedness)သောကြောင့် အဝေးမှုန်ခြင်း(Myopia-မိုင်ယိုးပီးယား) နှင့် အမြင်အလျားရှည်(Farsightedness)သောကြောင့် အဝေးမှုန်ခြင်း(Hyperopia-ဟိုက်ပါရိုးပီးယား) ဟူ၍ရှိ ရာ၊အဖြစ်များသော အမြင်အလျားတို(nearsightedness)ခြင်းကြောင့် ဖြစ်ပွားသည့် အဝေးမှုန်ခြင်း (Myopia-မိုင်ယိုးပီးယား)ကို အဓိကထား သုတေသနပြုကြပါသည်။
မျက်စိကုသမှုနယ်ပယ်၌ လေဆာရောင်ခြည်အမျိုးအစား(Excimer Laser) တမျိုးကိုအသုံးပြု၍၊ LASIK(Laser in Situ Intrastomal Keratomilesis) နည်းပညာဖြင့်၊ အထက်ဖော်ပြ အဝေးမှုန်ခြင်းများကို ကုသမှုပေးနိုင်သော်လည်း၊ မဖြစ်ပွားအောင် ဟန့်တားသည့်နည်းစနစ်များကိုမူ ပြည့်ပြည့်စုံစုံ မတွေ့ရှိကြ သေးသောကြောင့် ပညာရပ်ဆိုင်ရာသုတေသီများက ကြိုးစားရှာဖွေနေကြပါသည်။
လန်ဒန်ကင်းကောလိပ်(King’s College London)ရှိ အပူပိုင်းဒေသဆေးဝါးကုသမှုနှင့် တကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာဌာန( Department of Hygiene & Tropical Medicine) နှင့် အခြားသော အင်စတီကျူး ရှင်းများပူးပေါင်း၍၊ အဝေးမှုန်ခြင်းနှင့် ဆက်စပ်သော လေ့လာမှုအသစ်တခုပြု လုပ်ခဲ့ကြပါသည်။ ထိုလေ့လာ မှုမှာ- အသက်(၆၅)နှစ်အထက်ရှိ သောသူများကို ရွေးချယ်သုတေသနပြုခြင်းဖြစ်ပြီး ၊ ဥရောပတိုက်ရှိ အဝေး မှုန်သူ (၃၇၁)ဦးနှင့် အဝေးမှုန် မဟုတ်သော (၂,၇၉၇)ဦးတို့အား လေ့လာခဲ့ကြပါသည်။ သုတေသီများက ၎င်းတို့၏အသက်(၁၄)နှစ်မှ (၂၉) နှစ်အတွင်း၊ နေ့စဉ်နေထိုင်မှုပုံစံ၊စရိုက်လက္ခဏာများ၊ လေ့ကျင့်သင်ကြား မှု၊လူမှုပတ်ဝန်းကျင်အခြေအနေများကို အဓိကထား လေ့လာခဲ့ကြပါသည်။ ထိုတွေ့ရှိချက်များအရ ခေတ် ပညာပိုတတ်သောသူများတွင် အဝေးမှုန်သူပိုများကြောင်းတွေ့ရှိရပြီး ၊ ထိုသူများသည် နေရောင်ခြည်နှင့်ထိ တွေ့မှုနည်းသူများဖြစ်ကြောင်း သုတေသီတို့က ယုံကြည်လက္ခံလာကြပါသည်။                           
နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်အမျိုးအစားဘီ(Ultraviolet B) သည် မျက်စိ ၌ဖြစ်ပေါ်တတ်သည့် ဆိုးကျိုးများကို လျော့ချစေခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ထိုလေ့လာမှုက ဖော်ပြ လိုက်ပါသည်။ ၎င်းသုတေသီများက အဆောက်အဦးများ၏ ပြင်ပတွင် အနေများသူများသည် အချို့ သော မျက်စိမှုန်ခြင်းကို ဟန့်တားစေနိုင်ကြောင်း ကောက်ချက်ချကြပါသည်။ခရမ်းလွန်ရောင်ခြည်သည် အန္တရယ် ရောင်ခြည်ဖြစ်သဖြင့် ထိုပညာရှင်တို့၏ ရေးသားချက်သည် အထူးအာရုံစိုက်ခြင်းခံရသော စာတမ်းတစောင် ဖြစ်ခဲ့ပါသည်။
ဤသို့ဖြင့် ဥရောပရှိသုတေသီစာတမ်းရှင်များက နေရောင်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် အမျိုးအစားဘီကို အန္တရယ်ရှိသော ရောင်ခြည်အဖြစ်သာမက မျက်စိကိုအထောက်အပံ့ဖြစ်စေနိုင်သည့် အကျိုးပြုရောင်ခြည်အဖြစ်ပါ သတ်မှတ်နိုင်သည့်အခြေအနေများကို သတိပြုကြစေလိုကြောင်း၊ ခရမ်း လွန်ရောင်ခြည်ဘီသည် အဝေးရှိအရာဝတ္တုတို့ကို ကြည်ကြည်လင်လင်မမြင်ရသည့် အဝေးမှုန်သူ (Myopic-မိုင်ယိုးပစ်)များ မဖြစ်စေရန် အထောက်အပံ့ပြုသည်ကို တွေ့ရသည်ဟု ဆိုပါသည်။
တနှစ်တာအတွင်းနေထိုင်မှုပုံစံကို အခြေခံလျက် လူတဦးချင်းစီ၏ အဆောက်အဦးများပြင်ပတွင် နေထိုင်ချိန် ၊နေရောင်ခြည်နှင့်ထိတွေ့မှု အနည်းအများနှင့် ခရမ်းလွန်ရောင်ခြည်အမျိုးအစားဘီကို အန္တရယ် ကင်းစွာဖြင့် မှန်မှန်ကန်ကန်ရရှိနိုင်မှု စသည့်အခြေအနေများအား လေ့လာသည့် သုတေသနပြုချက်များအရ ခရမ်းလွန်ရောင် ခြည်အမျိုးအစားဘီသည် အဝေးမှုန်ဖြစ်ပွားခြင်းကို ထူးထူးခြားခြားလျော့ကျစေခြင်းနှင့် ဆက်စပ်မှုရှိ ကြောင်း၊ စာတမ်းရှင်သုတေသီများက ရေးသားကြပါသည်။
အသက် ၁၄ နှစ်မှ ၂၉ နှစ်အတွင်းရှိသော အရွယ်ရောက်ပြီးသူ အဝေးမှုန်မျက်စိဝေဒနာရှင်များ တွင်၊အထက်ဖော် ပြပါဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် အမြင့်ဆုံးအခြေအနေတွင်ရှိကြောင်းလည်း၊ ၎င်းတို့က ထပ်လောင်းပြောဆိုပါသည်။
ဥရောပရှိသုတေသီတို့၏ ရေးသားတွေ့ရှိချက်နှင့် စပ်လျင်း၍ အထက်ပါ သုတေသနအဖွဲ့တွင် မပါဝင်သူတဦးဖြစ်သည့် သြစတေးလျ နေရှင်နယ်ယူနီဗာစတီ(Australian National University) မှ ဧည့်ပါမောက္ခ နှင့် အမြင်စွမ်းအင်ဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာ အိုင်ရင်မော်ဂန်(Ian Morgan) ကမူ “ သုတေသန တွေ့ရှိချက်များကိုသာ အပိုအလိုမရှိ ဖော်ပြရေးသားကြရန်နှင့် အပိုဖြည့်စွက်ခြင်းများ ကိုရှောင်ရှားကြရန် “ သတိပေးထားပါသည်။ အမှန်တကယ်တွင်လည်း ၎င်းသုတေသနပြုချက်များသည် အဝေးမှုန် မျက်စိအမြင်စွမ်းရည်ချို့တဲ့မှုနှင့် ခရမ်းလွန်ရောင်ခြည်ဘီတို့ ဆက်စပ်မှုရှိကြောင်းကိုသာ ဖော်ပြ နိုင်ပြီး၊ အကြောင်းရင်း နှင့် အကျိုးသက်ရောက်မှုများကိုမှု တိကျသော အကိုးအကား အထောက်အထား များ နှင့် တင်ပြနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမော်ဂန်က ထောက်ပြပါသည်။
အဝေးမှုန်ခြင်းသည် မျိုးရိုးဗီဇနှင့် ဆက်နွယ်မှုရှိသည်ဟု လူတော်တော်များများကသိထားကြသော် လည်း၊ ၎င်းသည်တွေးထင်ယူဆထားသည့် အကြောင်းအရာများထဲမှသေးငယ်သော အစိတ်အပိုင်းတခု မျှသာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူနေမှုစရိုက်လက္ခဏာများသည် အဝေးမှုန်ခြင်းကို မြင့်တက်စေသည် ဟု အချို့ကဆိုသော်လည်း ယ္ခုအချိန်ထိ ထင်ရှားသောအထောက်အထား မဖော်ပြနိုင် ကြသေးကြောင်း၊ ၎င်းအမြင်စွမ်းရည်ဆိုင်ရာ သုတေသနပညာရှင်ကထောက်ပြ၏။
အဝေးမှုန်ခြင်းသည် ခေတ်ပညာတတ်လူတန်းစားများတွင် အဖြစ်များပြီး၊ထိုသူများအနက် အဆောက်အဦးတို့၏ ပြင်ပ(outdoors) တွင် အနေများသူများ၌ ပို၍အဖြစ်နည်းကြောင်း သုတေသနပြုချက် များတွင်တွေ့ရပြီးနောက် လွန်ခဲ့သော(၅)နှစ်ခန့်မှစတင်ကာ ထိုင်ဝမ်ရှိကျောင်းများတွင် စာသင်ခန်းအပြင် ဖက်၌ စာသင်ချိန်များကို တိုးမြှင့်လိုက်ကြပါသည်။ ထိုရလဒ်မှာ ကျောင်းသူကျောင်းသားများ၏ အဝေးမှုန် ဖြစ်ပွားမှုနှုန်းထား သိသိသာသာလျော့ကျသွားခဲခြင်းဖြစ်ပြီး၊ဤအခြေအနေသည် နှစ်ပေါင်း (၄၀)အတွင်း ပထမဦး ဆုံးရရှိခဲ့သည့် တိုးတက်မှုဖြစ်ကြောင်း ဒေါက်တာမော်ဂန်ကပြောပါသည်။
ထိုသို့ဆိုလျှင်” နေရောင်ခြည်နှင့်ထိတွေ့ခြင်းသည် မျက်စိကျမ်းမာရေးအတွက်ကောင်း၏” ဟုယူဆ နိုင်ပါသလား ? ဟုမေးမည်ဆိုလျှင်မူ တိကျသေချာမှုမရှိသေးကြာင်း ဖြေကြားမည်ဟုဆိုကြပါသည်။ အ ဘယ့်ကြောင့်ဆိုသော် ခရမ်းလွန်ရောင်ခြည်ဘီအမျိုးအစား(UVB)သည် လူ၏ခန္ဓာကိုယ်အတွင်း ဗီတာမင် D ထုတ်လုပ်မှုကို တွန်းအားပေးသောသဘာဝ ရှိသည်ဖြစ်ရာ အဝေးမှုန်ခြင်းနှင့် ဗီတာမင် D တို့၏ ဆက် နွယ်မှုကို သုတေသနပညာရှင်များက ရှာဖွေ၍မတွေ့သေးသောကြောင့်ဖြစ်ကြောင်း စာတမ်းရှင်ကဆို၏။
အမြင်စွမ်းရည်ဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာမော်ဂန်ကမူ ခရမ်းလွန်ရောင်ခြည်ဘီဟု ဆိုရာတွင် ဖြစ်နိုင်ခြေကိုစဉ်းစားသင့်ကြောင်းနှင့် နေရောင်ခြည်၏ တိုက်ရိုက်အလင်းရောင်မဟုတ်သည့် တဆင့်ခံအလင်းရောင်ဖြစ်သော သာမန်ပြင်ပအလင်းရောင်ကိုသာ မျက်စိကလက်ခံနိုင်မည်ဖြစ်ကြောင်း ဆိုပါသည်။ အိုဟိုင်းယိုး စတိတ်ယူနီဗာစတီကောလိပ်(Ohio State University College of Optometry) မှ ပါမောက္ခ ဒေါက်တာ ဒေါ်နယ်မော့တ်တီ(Dr;Donal Mutti)က ဒေါက်တာမော်ဂန်၏ အယူအဆကို သဘောတူထောက်ခံပြီး၊” ဤနေရာတွင် ခရမ်းလွန်ရောင်ခြည်ဘီအမျိုးအစားရရှိနိုင်သည့် နေရောင်ခြည်ကို သတ်မှတ်ရာ၌  လူအများနေလေ့နေထရှိသော နေရောင်ခြည်၏အန္တရယ်မှကင်းလွတ်သည့် သာမန်ပြင်ပ အလင်းရောင်ကိုသာ မှတ်ယူသင့်ကြောင်း၊ ပညာရပ်ဆိုင်ရာရှုဒေါင့်မှ လက်တွေ့စဉ်းစား ကြည့်လျှင်လည်း ၊ ပြတ်သားကြည်လင်သည့် ပြင်ပအလင်းရောင်သည်သာ မျက်စိ၏မြင်လွှာတွင်ရှိသည့် အဝေးမှုန်ခြင်းကို ဖြစ်ပေါ်စေသည့် ဒိုပါမိုင်း(dopamine)ကို လျော့ကျစေရန် လှုံ့ဆော်ပေးသောကြောင့် အဝေးမှုန်ခြင်းကို ဟန့်တားစေခြင်းဖြစ်နိုင်ကြောင်း ရှင်းပြပါသည်။
ဆက်လက်၍ သတိထားကြရမည့်အချက်မှာ ခရမ်းလွန်ရောင်ခြည်ဘီသည် မျက်စိကို ထိခိုက်ပျက် စီးစေနိုင်သည်ကို မမေ့ကြရန်နှင့် တိုက်ရိုက်ထိတွေ့သည့်နေရောင်ထဲတွင် နေကာမျက်မှန်နှင့် နေရောင်ကာ စခရင်များကို အသုံးပြုသင့်သည့်အချက်ပင်ဖြစ်ပါသည်။ကလေးသူငယ်များကို အဝေးမှုန်ခြင်းမှ ကာကွယ်ရန် အတွက် အဆောက်အဦးများ၏ပြင်ပ(Outdoor)တွင်၊ ပိုမိုနေစေရန်လိုအပ်သကဲ့သို့ နေရောင်ခြည်၏ အန္တရယ်မှ ကင်းဝေးစေရန်လည်း၊ အရေးတကြီးလိုအပ်သည်ဟုဆိုပါသည်။
အထက်ဖော်ပြပါ သုတေသနအဖွဲ့များ၏ တွေ့ရှိချက်များ၊ပညာရှင်တို့၏ အကြံပြုချက်များကို ခြုံငုံသုံး သပ်လျှင်၊အဆောက်အဦးများ၏ ပြင်ပတွင် ကလေးငယ်များအား ပိုမိုနေထိုင်စေခြင်းအားဖြင့်၊အမြင်အလျား တိုခြင်း(nearsightedness) ကြောင့်ဖြစ်ပွားသည့် အဝေးမှုန်ခြင်း(Myopia)ကို မဖြစ်ပွားစေရန် ဟန့်တားနိုင် မည်ဖြစ်ကြောင်း ထင်ရှားပါသည်။ သဘာဝပတ်ဝန်းကျင်တွင်နေထိုင်လျက် သဘာဝအလင်းရောင်ကို အသုံး ပြုခြင်းသည်သာ အဝေးမှုန်ခြင်းကို ဟန့်တားစေနိုင်မည်ဖြစ်သဖြင့်၊အဲယားကွန်းတပ် အလုံပိတ်အခန်းများ တွင်နေထိုင်ခြင်းနှင့် လျှပ်စစ်မီးအလင်းရောင်အသုံးပြုခြင်းများကို လျော့ချခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါသည်။

သို့ဖြစ်ရာ မျက်မှောက်ခေတ်တွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေသည့် အဝေးမှုန်ခြင်း (Myopia)ကို ဟန့်တားကြရန် အလေးထားဂရုပြုသင့်ပါကြောင်းနှင့် အထက်ဖော်ပြပါ ပညာရှင်တို့၏ အကြံပြုချက်များကို လည်း၊ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ရေးသားအပ်ပါသည်။  (The journal JAMA Ophthalmology  မှ Randy Dotinga Can Time Outdoors Reduce Nearsightedness?ဆောင်းပါးကိုမှီငြမ်းပါသည်)


စာရေးသူ -- မောင်ပြည့်အောင်

21.2.17

လူတိုင်းသတိထားကြရမည့် လက်နက်ပုန်း သတင်းမည်းများ ။( -မောင်ပြည့်အောင် ) ( ယနေ့ ၂၁/၂/၁၇ ထုတ် မန္တလေးနေ့စဉ်သတင်းစာပါ ဆောင်းပါး)



လူတိုင်းသတိထားကြရမည့် လက်နက်ပုန်းသတင်းမည်းများ

      ယနေ့ခေတ်ကို အိုင်တီ်( IT-Information Technology)ခေတ်ဟု သမုတ်ထားကြသည်ကို သိပြီးဖြစ် ကြပါလိမ့်မည်။သတင်းအချက်အလက်များ နှင့် နည်းပညာအချက်အလက်များကို လိုချင်လျှင်လိုချင်သလောက် ရှာဖွေရယူနိုင်သောခေတ်ဟူ၍လည်း ဂုဏ်တင်ထားကြ၏။ အင်တာနက်ဟူသော ပိုက်ကွန်သဖွယ် ကမ္ဘာတဝန်း ဖြန့်ကျက် လွမ်းခြုံထားသော သတင်းကွန်ယက်ကြီး၌ မိမိလိုချင်သော အကြောင်းအရာများကို အဆိုးရော အ ကောင်းပါရှာဖွေ၍ရရှိနိုင်ကြောင်း မူလတန်းကလေးငယ်များပင် ကြားဖူးနားဝဖြင့် သိနေကြ သော ခေတ်ဖြစ် ၏။မိမိသိလိုသော အကြောင်းအရာများကို မည့်သို့မည်ပုံ ရှာဖွေရမည်ကိုလည်း အထူးသင်တန်းများ တက်စရာ မလိုဘဲ သုံးစွဲသူအချင်းချင်း စုံစမ်းမေးမြန်းရုံမျှဖြင့် တတ်မြောက်နိုင်ကြပြီဖြစ်ပါသည်။

          အရွယ်ရောက်ပြီးသူ လူကြီးလူငယ်များ၏ ထက်ဝက်ကျော်သည် မိုဘိုင်းဖုန်းများ ၊တက်ဘလက်၊လက် တော့၊ ဒက်ရှ်တော့ စသည့်အိုင်တီပစ္စည်း(IT Device)မျိုးစုံကို ကိုင်စွဲလျက်၊ အင်တာနက်ပေါ် ဆိုရှယ်မီဒီယာ များပေါ်၌ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကျင်လည်ကျက်စား၍ စူးစမ်းရှာဖွေလျက်ရှိကြကုန်၏။သတင်းများနှင့် ထူး ထူးဆန်းဆန်း အဖြစ်အပျက်များကို မိမိသာမက မိမိသိစေလိုသော အခြားသူများကိုလည်း၊စက္ကန့်ပိုင်းအတွင်း မျှဝေနေကြ၏။

          စာရေးသူတို့ငယ်စဉ်က ရေဒီယိုနှင့်သတင်းစာဂျာနယ်များသာ သတင်းအချက်အလက်နယ်ပယ်၌ ထွန်း ကားသည်ဖြစ်ရာ သတင်းဌာနများ၏ အများပြည်သူအား သိစေလိုသောအကြောင်းအရာများသည် သတင်းနား ထောင်သူ စာဖတ်သူများတွင်သာ ခရီးဆုံးဖြစ်လေသည်။သတင်းနားထောင်သူ စာဖတ်သူက အခြားသူများအား သိစေလိုပါက နှုတ်ဖြင့်သော်လည်းကောင်း၊ စာတိုက်မှစာပို့၍သော် လည်းကောင်း၊ရေးရ ပြော ရ၏။အလွန့် အလွန်ထူးပါမှ ၎င်းတို့ထက်ပို၍မြန်သော ကြေးနန်းကိုသုံးကြ၏။ကြေးနန်းသည် စာလုံးရေအကန့် အသတ် အလိုက် ကုန်ကျစရိတ် ကျခံကြရသည့်အပြင် နည်းပညာဆိုင်ရာ အခက်အခဲကြောင့် မိမိကိုယ်တိုင် တိုက်ရိုက် သုံး၍မရသော သဘောရှိ၍ အသုံးနည်းပါသည်။တယ်လီဖုန်းများ၏ အခန်းကဏ္ဍသည်လည်း ကျယ်ပြန့်မှုမရှိ သေးဘဲ ရုံးသုံးသာသာမျှသာရှိသေးရာ သတင်းမီဒီယာနယ်ပယ်၌ သတင်းဖြန့်ဝေသူ(သတင်းဌာန) နှင့် သတင်း လက္ခံသူ (သတင်းနားထောင်သူ)ဟူ၍၊တသီးတသန့် ကဏ္ဍခြားလျက် ရှိနေပါသည်။

          အသံလွှင့်ဌာနများ၊သတင်းဌာနများ ၊သတင်းစာ၊ဂျာနယ်မဂ္ဂဇင်းများသည်လည်း ယ္ခုခေတ်ကဲ့သို့ ကျယ် ကျယ်ပြန့်ပြန့် ထွေးရောယှက်တင်ဖြစ်မနေဘဲ မိမိတို့၏ကိုယ်ပိုင်မှုဝါဒအပေါ် မှန်မှန်ကန်ကန် ရပ်တည်လျှက် ဂုဏ်သိက္ခာရှိရှိ ထုတ်လွင့်ရေးသားကြသည်က များပါသည်။ကိုယ်ပိုင်သတင်းထောက်၊ ပင်တိုင်ဆောင်းပါးရှင်များ ကို အားကိုးကြ၍ သတင်းယူကြပါသည်။ မူဝါဒခြင်းမတူသောကြောင့် သတင်းတခုအပေါ် ဝေဖန်ဆန်းစစ်မှုနှင့် သုံးသပ်တင်ပြမှု ရှုထောင့်ခြင်း ခြားနားကောင်းခြားနားမည်ဖြစ်သော်လည်း၊ မရှိသည့်သတင်းကို အရှိလုပ်၍ ဖန်တီးရေးသားမှုမျိုး၊ မမှန်သတင်းကို အမှန်လုပ်၍ရေးသားခြင်းမျိုးကိုမှု မိမိတို့သတင်းဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းလျက် ရှောင်ရှားကြပါသည်။

          မျက်မှောက်ခေတ်တွင်မူ ခေတ်သစ်နည်းပညာများကိုအသုံးချလျှက် မရှိကိုအရှိအဖြစ် ထင်မြင် လာကြစေရန် ပုံဖော်ဖန်တီးထားသော အတုအယောင်များဖြစ်သည့် သတင်းမည်းများကို မိမိတို့၏ကိုယ် ကျိုးစီးပွား၊ မိမိတို့ အသင်းအဖွဲ့ မိမိတို့လူမျိုးများ၏ ကိုယ်ကျိုးစီးပွားအတွက် ထုတ်လွှင့်ရေးသားလာကြသည်ကို အများအပြား တွေ့ လာရပါသည်။ခေတ်သစ်လူမှုအဖွဲ့အစည်း၌ တွင်ကျယ်စွာအသုံးပြုလာကြသည့် လူမှုကွန် ယက်များ၊ ဖျော်ဖြေရေး ဝက်ဆိုဒ်များပေါ်သို့ အရောက်တင်လျက် မိမိတို့၏ရည်ရွယ်ချက်အောင်မြင်ရန် သတင်း နားထောင်သူ စာဖတ်သူတို့အား လှည့်စားလိမ်လည်၍ ကြိုးစားလာကြပါသည်။

          လူမှုကွန်ယက်ဝက်ဆိုဒ်များကို တည်ထောင်သူတို့က ဖန်တီးထားသည့် လူအများနှစ်ခြိုက်စေသည့် နည်းစနစ်များကလည်း၊၎င်းမြေအောက်သတင်းသမားများ၏ လက်နက်ပုန်းသတင်းများ၊သတင်းမည်းများကို ပိုမိုလျှင်မြန်စွာပြန်နှံ့စေရန်၊ ပံ့ပိုးပေးသကဲ့သို့ ရှိနေပြန်ပါသည်။သတင်းဖြန့်ဝေသူ(သတင်းဌာန)နှင့် သတင်း လက္ခံသူ (သတင်းနားထောင်သူ) ဟူ၍ရှိနေသေးသော်လည်း ၎င်းသတင်းလက်ခံသူကပင်လျင် လက်ခံရရှိ သည့် သတင်းများကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာတဝန်းသို့(သတင်းဖြန့်ဝေသူအဖြစ်) ပြန်လည်ဖြန့်ဝေပေးနိုင် သည့် အခြေအနေလည်း ယနေ့ခေတ်တွင် ရှိနေပြန်ပါသည်။ သို့ဖြစ်ရာ မိမိ၏အင်တာနက်စာမျက်နှာတွင် ပေါ် လာသည့် သတင်းတပုဒ် သို့မဟုတ် အကြောင်းအရာတခု၏ မူရင်းသတင်းဌာန သိုမဟုတ် မူရင်းစာရေးသူအား သိရှိရန်(အဆင့်ဆင့်မျှဝေ Share လာသောသတင်းတပုဒ်ဖြစ်ပါက)ခဲယဉ်းသွားမည်ဖြစ်ပါသည်။ ဤအခြေ အနေသည် မြေအောက်သတင်းသမားများအား သဘောတွေ့စေသောအခြေအနေပင်ဖြစ်၏။

          အင်တာနက်အသုံးပြုမှုဆိုင်ရာကိစ္စရပ်များကို လေ့လာသူသုတေသီများက၊ အင်တာနက်ပေါ်တွင် နည်း ပညာနှင့် ဘာသာရပ်အသီးသီးအတွက်အချက်အလက်များ လေ့လာရှာဖွေသူမှာ ၂၀% မျှသာရှိပြီး၊ အသုံးပြုသူ အများစုမှာ ဖျော်ဖြေရေးနှင့်လူမှုရေး ဝက်ဆိုဒ်များကိုသာအသုံးပြုကြောင်း ဖော်ပြကြပါသည်။ထိုနည်းတူ သ တင်းမည်းများ ဖြစ်သော(လုပ်ကြံဖန်တီးထားသည့် မမှန်သတင်း)၊ လက်နက်ပုန်းသတင်းများဖြစ်သော (လူတစု၊ လူ့အဖွဲ့အစည်း၊ဘာသာရေးအဖွဲ့အစည်းများနှင့်နိုင်ငံတနိုင်ငံ၏ ရည်ရွယ်ချက်များ ပျက်ပြားစေရန်ရည်ရွယ်လျက် လုပ်ကြံဖန်တီးတိုက်ခိုက်ထားသော)သတင်းများသည်လည်း လူသုံးများသော ၎င်းဝက်ဆိုဒ်များတွင်သာ အများ ဆုံးတွေ့ရ လေ့ရှိပြီး၊ကျန်ဝက်ဆိုဒ်များတွင်မူ မတွေ့ရသလောက်ပင်ဖြစ်ပါသည်။သို့ဖြစ်ရာ အကြာင်းအမျိုးမျိုး၊ ရည်ရွယ်ချက် အသီးသီးဖြင့် အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိသူတပါး အများသူငါတို့အား ကောင်း ကျိုးမပေးဘဲ၊ဆိုးကျိုးကိုသာဖြစ်စေသည့် သတင်းမည်းများ၊လက်နက်ပုန်းသတင်းများကို ဖြန့်ဝေပေးသူများ မဖြစ်စေရန် သတိပြုကြရမည်ဖြစ်ပါသည်။သတင်းရင်းမြစ်မမှန်ကန်သော၊သတင်းဌာနလိပ်စာမပါ သော၊ သတင်းရေးသူ မတိကျသော၊မခိုင်လုံသည့် သတင်းနှင့်ထူးခြားဖြစ်စဉ်များကို မဖြန့်ဝေမိစေရန်(Share ခြင်း မပြုရန်)သတိထားခြင်းဖြင့်၊ အမိနိုင်ငံတော်၏အကျိုး၊ မိမိအပါအဝင်ဖြစ်သော လူမှုအသိုင်းအဝိုင်း၏အကျိး ကို ဆောင်ရွက်ရာရောက်စေမည်ဖြစ်ကြောင်း၊ အကြံပြုအပ်ပါသည်။

-မောင်ပြည့်အောင်

19.2.17

သူငယ်အိမ်စောင်းနေသော ကလေးများကို (၈)နှစ်မတိုင်မီ ကုသရန်လို

ဟေမာန်ညီညီ၊ရန်ကုန်၊အတွဲ (၁၅)၊ အမှတ် (၄၉)
ရန်ကုန်- ကလေးများ၌ သူငယ် အိမ်စောင်းခြင်းကို အသက်(၈) နှစ်မတိုင်မီ
အချိန်မီကုသမှသာ မျက်စိစွေခြင်းနှင့် အမြင်ဆုံးရှုံး ခြင်းမဖြစ်ရန်ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းကပြောသည်။

‘‘ကလေးငယ်တွေမှာ မျက်စိ စွေတာကို (၈)နှစ်သားအထိမှာအချိန်မီကုသနိုင်ရန်ပြန်တည့်နိုင်ရင်
 အမြင်က နဂိုအတိုင်းပြန်ရမယ်။အသက်(၁၂)နှစ်လောက်နောက် ပိုင်းကျမှကုသရင်တော့ မျက်စိစွေ
တာပြန်တည့်နိုင်ပေမယ့် အမြင်မ ရနိုင်ဘူး။ စောစောသိဖို့လိုတယ်’’ ဟုဒေါက်တာတင်ဝင်းကဆိုသည်။

မျက်စိစွေခြင်း၌ မွေးရာပါ စွေခြင်း၊ မျက်လုံးနှစ်ဖက်အမြင်အာရုံကွာခြားခြင်းကြောင့် မျက်စိစွေခြင်းနှင့်
အာရုံကြောဆိုင်ရာရောဂါများကြောင့်ဖြစ်နိုင်ပြီး ကလေးနှင့်လူကြီးတွင်ဖြစ်ရသည့် အကြောင်းရင်း ကွာခြားမှုမရှိပေ။

‘‘မျက်စိစွေတာက သာမန် ကြည့်ရုံနဲ့ စွေတာသိနိုင်တာလည်း ရှိသလိုတချို့ကျတော့ စက်ကိရိ ယာတွေနဲ့ဘယ်လောက်ဒီဂရီစွေ လဲဆိုတာ တိုင်းပြီးကုရတယ်။

မျက်လုံးနှစ်ဖက်အမြင်အာရုံမတူတာကြတော့ အမြင်နည်းတဲ့ မျက်လုံးကစွေသွားတာလည်းရှိတယ်။ အမြင်နည်းတယ်ဆိုလည်း သူ့ဟာသူမွေးရာပါအမြင်နည်းတာလား၊ရောဂါတစ်ခုခုကြောင့်လား၊ အကြောင်းရင်းကဘာလဲ အဲဒါကိုရှာရတယ်။

တချို့တွေကျတော့ အာရုံကြောရောဂါကြောင့် ဖြစ်တာလည်းရှိတယ်။ ရောဂါရှာဖို့က
အရေးကြီးတယ်’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ဆိုသည်။

ထို့ကြောင့် မွေးစမှ အသက် (၈)နှစ်အထိ သူငယ်အိမ်စောင်း ခြင်းကို အချိန်မီပြုပြင်နိုင်ရေး ရော ဂါဖြစ်မှုအခြေအနေကိုစောစီးစွာသိရှိရန်နှင့်သိရှိပါကအချိန်မီကုသမှုခံယူရန် ၎င်းက
တိုက်တွန်းအကြံပြုသည်။

Source....http://www.7daydaily.com