မသိမဖြစ် သိရန်အရေးကြီးသော
မျက်စိ၏အင်္ဂါအစိတ်အပိုင်းများအကြောင်းကို ဆက် လက်ရေး သားလိုပါသည်။
ဖန်းဒတ်စ်(Fundus)
Fundusတွင် မြင်လွှာ (retina)၊ မျက်စိအာရုံကြောများ
စုစုံရာ ဧရိယာ(The Optic dise)၊ သွေးကြောငယ်များ(Blood vessels)နှင့် မက်ကျူလာ
(Macular) တို့ ပါဝင်ပြီး မျက်စိ၏အတွင်းပိုင်း အနောက် ဖက်နံရံတွင် ကပ်၍ရှိနေပါ သည်။
Fundus
ကိုစစ်ဆေးကြည့်ရှုန်မှာ အထူးပြုလုပ်ထားသောကရိယာ (special instrument)ဖြင့် ကြည့်ရှုမှသာ
မြင်နိုင်ပါသည်။ ၎င်းတွင်ပါဝင်သော retina,optic dise,blood vessel နှင့် Macula တို့ကို
စစ်ဆေး ကြည့်ရှုခြင်းကို Fundus Examination ဟုခေါ်ပြီး၊ စစ်ဆေးကြည့်ရှုသော ကရိယာကို
Ophthalmoscope (အော်သာမိုစကုတ်)ဟုခေါ်ပါသည်။
မြင်လွှာ(Retina)
မြင်လွှာသည် မျက်စိ၏ အတွင်းဖက်အကျဆုံးအလွှာဖြစ်၏
။မြင်လွှာ(retina) တွင် သန်းပေါင်း များ စွာသော Photoreceptor cells (အာရုံခံဆဲလ်)များပါဝင်ပြီး
ဆဲလ် အမျိုးအစားအားဖြင့် နှစ်မျိုးရှိ ပါသည်။ Rods cells (အလင်းအာရုံခံဆဲလ်) များ နှင့်
Cones cells (အသွေးအ ရောင် စသည်တို့နှင့် အဓိကကျ သော အမြင်ကြည်လင်မှုကို ရရှိစေသည့်
အာရုံခံဆဲလ်) များဟူ၍ ဖြစ်ပါသည်။
မျက်စိတွင်းသို့
ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများကို အထက်ဖော်ပြပါ အာရုံခံဆဲလ် များက လက်ခံဖမ်းယူ၍
မျက်စိအာရုံကြောသို့ ပေးပို့နိုင်သည့်စနစ်သို့ ပြောင်း လဲပေးပါသည်။ ထိုမှ တဆင့်
Optic nerve (မျက်စိအာရုံကြော)များကိုဖြတ် သန်းလျက် Message များကို ဦးနှောက်သို့
ပေးပို့ပါသည်။
Retina
(မြင်လွှာ)၏ အလယ်ဗဟိုကို Macula (မက်ကျူလာ)ဟု ခေါ်ပါသည်။ အရွယ်ပမာဏ သေးငယ်သော်လည်း အာရုံခံစွမ်းအားအလွန်
မြင့်မားသော အစိတ် အပိုင်းဖြစ်၏။ကြည်လင်သော ပင်မ အမြင်အာရုံ ရရှိရေးအတွက်လည်း အဓိကကျသော
နေရာလည်းဖြစ်ပါသည်။Macula ၏ အလယ်တွင် Fovea(ဖိုဗီယာ)ဟုခေါ်သော အာရုံခံအချိုင့်ငယ်ရှိပါသည်။
Macular
သည်အသေးစိတ် အနုစိတ်ကြည့်ရသော အလုပ်များ အတွက် အမြင်အာရုံများကို ထင်ရှားအောင် စွမ်းဆောင်ပေးနိုင်သော
အင်္ဂါအစိတ်အပိုင်းလည်းဖြစ် ပါသည်။
မျက်စိအာရုံကြော(Optic
nerve)
Optic
nerve (အော့ပ်တစ်နာဗ် - မျက်စိအာရုံကြော)သည် မြင်လွှာ(Retina)မှ ဦး နှောက်သို့ သတင်းအချက်
အလက်များ(Message)ပေးပို့ရာ လမ်းကြောင်း ဖြစ်၏။ Ophthalmoscope - အော်သာမိုစကုတ်(မျက်စိ
အတွင်းပိုင်းကို ကြည့်ရှုရန်အတွက် အထူးပြုလုပ်ထားသောကရိယာ)ဖြင့် Pupil (မျက်စိသူငယ်အိမ်)ကို
ဖြတ်သန်းလျက် ကြည့်ရှုလျင် Optic nerve ၏နေရာကို တွေ့နိုင်ပါ သည်။၎င်းနေရာကို Optic
dise ဟု ခေါ်ပါသည်။Optic Nerve head ဟုလည်းခေါ်ပါသည်။
Optic
dise နေရာတွင် Retina (မြင်လွှာ)မရှိပါ၊မြင်လွှာမရှိ၍ ပုံရိပ် အလင်းတန်း များကို လက္ခံ
ဖတ်ကြားနိုင်ခြင်း မရှိသောကြောင့် အမြင်အာရုံ မရနိုင်ပါ၊ ထို့ကြောင့် Optic disc နေရာကို
Blind spot ဟုခေါ်ပါသည်။ လူတိုင်းလူတိုင်း၏ မျက်စိတလုံးစီ၏ အတွင်း၌ ထိုကဲ့သို့သော မျက်ကန်းဧရိယာ
လေး (Blind spot)တခုစီသည် ကာယကံရှင်များ မသိနိုင်ဘဲ လျှို့ဝှက် စွာရှိနေကြပါသည်။လူ၏ဦး
နှောက်က လည်း ထိုနေရာကို အလွန်လိမ္မာပါးနပ်စွာဖြင့် ထိမ်ဝှက်ပေးထားသည်ဖြစ်ရာ အမြင်အာရုံ
အားဖြင့် ထိုနေရာရှိကြောင်းကို မည်သည့်အခါတွင်မှ သိရှိနိုင်ကြမည် မဟုတ်ပေ။
မျက်စိကြွက်သားများ(Extraocular
muscle)
Extraocular
muscles - EOM(မျက်စိကြွက်သားများ)သည် စုစု ပေါင်း(၆) ချောင်းရှိပြီး၊ မျက်စိ ၏ အပြင်ဖက်ဆုံးအလွှာဖြစ်သော
Sclera (မျက်ဖြူလွှာ) နှင့် တွဲဆက် လျက်ရှိ၏။EOMများသည် မျက်စိ၏ လှုပ်ရှားမှုများ (အပေါ်/အောက်/ဘေး
ဘယ်/ညာ နှင့် ဝှေ့ဝိုက်လှုပ်ရှားမှုများ) ကို ထိမ်းချုပ် ထားပါသည်။
သို့ဖြစ်ရာ
မျက်စိ၏မတူညီသော လှုပ်ရှားမှုအမျိုးမျိုးအတွက် EOM များသည် အရေးပါသော အင်္ဂါ အစိတ်အပိုင်းများ
ဖြစ်ပါသည်။
ကြည်လင်သော
အမြင်အာရုံ ရရှိနိုင်ရန်အတွက် အရေးကြီးသော အချက်များ။
ယေဘုယျအားဖြင့် အချက်(၃)ချက်ရှိပါသည်…..
(၁)The tear film (မျက်ရည်အလွှာ)၊ Cornea (မျက်ကြည်လွှာ)၊
Aqueous humour (မျက်စိ ရည်ကြည်)၊ Crystalline lens (မျက်စိတွင်း မှန်ဘီလူး) နှင့်
Vitreous (မျက်စိ ရည်ပျစ်) တို့သည်၊ ၎င်းတို့၏ သဘာဝ အတိုင်း ကြည်ကြည်လင်လင် ရှိနေရပါမည်။
သို့မှသာ
ပုံရိပ်မှလာသော အလင်းတန်းများသည် အလျင်မပြတ် တစပ်တည်း မြင်လွှာ (Retina)၌ ထင်ဟပ်စေမည်ဖြစ်ပါသည်။၎င်းအပြင်
အထက်ဖော်ပြပါ အင်္ဂါ အစိတ်အပိုင်းများသည် သဘာဝအားဖြင့် အစဉ်အတိုင်း တည့်မတ်စွာဖြင့် (ဗဟိုအမြင်လိုင်း(Optical
centre) အတိုင်း)မျဉ်း တပြေး တည်း၌ ရှိနေကြစေရန်လည်း လိုအပ် ပါသည်။
(၂) ပုံရိပ်မှလာသော အလင်တန်းများကို Cornea နှင့်
Crystalline lens တို့က တိကျမှန်ကန် သော ချိန်ဆမှုကို ပြုလုပ်ပေးနိုင်ရန် လိုအပ်၏။ သို့
မှသာ Retina ပေါ်၌ ထင်ရှားတိကျ ပြတ်သားသော ပုံရိပ် ကို ထင်ဟပ်စေမည် ဖြစ်ပါသည်။
(၃) Retina သည် အရည်အသွေး ကောင်းမွန်နေရန် လိုအပ်သကဲ့သို့
Retina မှပေးပို့ သော အချက် အလက်များကို Optic nerve များက ဦး နှောက်သို့ မှန်ကန်ကောင်း
မွန်စွာ ပို့ဆောင်ပေးနိုင်ရမည်ဖြစ် ၏၊သို့မှသာ ပုံရိပ်အသီးသီး၏ စစ်မှန်သော အမြင်အာရုံကို
ဦးနှောက်က မှန်ကန်စွာဖြင့် ပုံဖော်ဖွင့်ဆို ပေး နိုင်မည်ဖြစ်ပါသည်။
အမြင်အာရုံ
နှင့် အလင်းတန်းများ (The Optics)
မျက်စိ၊အမြင်အာရုံနှင့် မျက်မှန်ပါဝါများအကြောင်းလေ့လာလျှင်
အလင်းတန်းများအကြောင်းကို သိမှ သာလျှင်ပြည့်စုံမည်ဖြစ်ရာ စာဖတ်သူအား အောက်ပါ အကြောင်း
အရာများကို အသိပေးလိုပါသည်။
(၁) အလင်းတန်းများအကြောင်း(Optics)။ (၂)အလင်းပြန်ခြင်း(Reflection)၊အလင်းယိုင်ခြင်း(Refraction)အမျိုးမျိုး။ (၃) အလင်းဖြတ်ကြားခံနယ်(Optical
media)အမျိုးမျိုးနှင့် ၎င်းတို့အပေါ် အလင်းတန်းများ၏ သက် ရောက်မှုများ။
(၄) ပရစ်ဇင်(Prism) နှင့် စွေစောင်းအလင်းတန်း(Bends light)။ (၅) မှန်ဘီလူး(Lens)များ၏
အလင်းချိန်ဆမှု(Focuses)များ။
(၆) မှန်ဘီလူး၏ အလယ်ဗဟို(Optical centre)ကို အလင်းတန်း များ ဖြတ်သန်းခြင်း။ (၇) ပါဝါမဲ့မှန်(Plano
lens)များ၏ သဘောတ ရား… ..စသည် တို့ဖြစ်၏။
အလင်းနှင့်
မျက်စိအမြင်(Light and eye)
အရာဝတ္တု(ပုံရိပ်)အသီးသီးမှလာသော
အလင်းတန်းများကို မျက်စိမှလက္ခံဖတ်ကြားခြင်းဖြင့် အမြင် အာရုံကို ဖြစ်ပေါ်စေပါသည်။ မျက်စိမှ
လက္ခံရယူသော အလင်းတန်းများမှရရှိသည့် အချက် အလက်များကို ဦးနှောက်က အနက်ဖွင့်၍ ပုံဖော်ပါသည်။
အရာဝတ္တု အသီးသီး၏ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင် အသွေးနှင့် ၎င်းတို့၏လှုပ်ရှားမှု အမျိုးမျိုး
စ သည့် များပြားလှသည့် အချက် အလက်များကို ဦးနှောက်က ခွဲခြားသတ်မှတ် ဆုံးဖြတ်ပေးပါသည်။
ကြည်လင်ပြတ်သားသော အမြင်အာရုံကို
ရရှိစေရန်မှာ မျက်စိ၏ အတွင်းဖက် အနောက်ဖက် နံရံရှိ မြင်လွှာ(Retina)ပေါ်သို့ ပုံရိပ်အလင်းတန်းများ
တိကျသေချာစွာ ကျရောက်ရန် အလွန်အရေး ကြီးပါသည်။ ထို့သို့ ကျရောက်မှုမရှိဘဲ လွဲချော်(
မြင်လွှာ၏ရှေ့၌ စော၍ကျရောက်ခြင်းနှင့် မြင်လွှာ၏ နောက်၌ လွန်၍ ကျရောက်ခြင်းများ ကဲ့သို့ဖြစ်)
နေပါက ကာယကံရှင် အား မျက်မှန်တပ်ဆင်စေ ခြင်းဖြင့် မှန်ကန်အောင် ပြုပြင်ပေး ရပါမည်။
သို့မှသာ ကြည်လင်ပြတ်သားသော ပုံရိပ်ကို တွေ့မြင်ကြရ မည်ဖြစ် ပါသည်။
ဥပမာအားဖြင့် ပုံရိပ်ကျရောက်ရာနေရာ(Focal
plane or focal point) သည် မြင်လွှာ ကို လွန်၍ ကျရောက်ခြင်းနှင့်၊ မြင်လွှာ၏ရှေ့၌ စော၍
ကျရောက်ခြင်းများရှိသည်ဖြစ်ရာ၊ မြင်လွှာကိုလွန်၍ ပုံရိပ် ကျရောက်သောသူအတွက် မှန်ဘီးလူးခုံး(convex
lens)ပါ သော မျက်မှန်ကို တပ်ဆင်ပေး ရန်လိုအပ်ပြီး၊ မြင်လွှာ၏ရှေ့၌ ပုံရိပ်စော၍ ကျရောက်သူအတွက်
မှန်ဘီ လူးခွက်(concave lens)ပါ သော မျက်မှန်ကို တပ်ဆင်ပေး ရန်လိုအပ်မည်ဟု ယေဘုယျ အားဖြင့်
သိရှိရမည်ဖြစ်ပါသည်။
အလင်းတန်းများ၏
သဘောသဘာဝ (Behaviour of light)
အရာဝတ္တု စသည်များမှလာသော အလင်းတန်းများသည် မျက်စိတွင်းသို့ ၀င်ရောက်ရာတွင်
မျဉ်းဖြောင့်အတိုင်း ၀င်ရောက်သည်ဖြစ်ရာ ၎င်းကို ပုံရိပ်အလင်းတန်းများဟု ခေါ်ပါသည်။အလင်းတန်း
များ ကို သင်္ကေတ ပြုရာ၌ မျဉ်းဖြောင့်များဖြင့် သရုပ်ဖော်ရေးဆွဲနိုင်ပါသည်။ဦးတည်ချက်
(လားရာ)ကို မျှားဦး သဏ္ဍာန် အညွှန်းဖြင့်ဖော်ပြခြင်းဖြင့် အလင်းတန်းများ၏ သရုပ်ဖော်ပုံကို
ပြည့်စုံစေမည်ဖြစ်၏။ မျှာဦးသဏ္ဍာန် လားရာပါသော မျဉ်းဖြောင့်များကို အလင်းတန်းများအဖြစ်
သရုပ်ဖော်ရေးဆွဲ၍ ၎င်းတို့ ၏ သဘောသဘာဝကို ဆက်လက်၍ လေ့လာကြရမည်ဖြစ်ပါသည်။
အလင်းတန်းများတွင် ဦးတည်ချက်(လားရာ)တူညီသော အလင်းတန်းများရှိသကဲ့သို့
ကွဲပြားခြားနားသော ဦးတည်ချက်ဖြင့် ဖြတ်သန်းကြသော အလင်းတန်းများလည်းရှိကြပါသည်။ ၎င်းတို့ကိုဖော်ပြရသော်-----
(၁) ပြိုင်လင်းတန်းများ(Parallel light rays) (၂) စုဆုံအလင်းတန်းများ(Convergent light rays) နှင့် (၃) ခွဲဖြာအလင်းတန်းများ(Divergent light rays) .. တို့ဖြစ်ကြပါသည်။
(၁)
ပြိုင်လင်းတန်းများ(Parallel light rays)
ပြိုင်လင်းတန်းများသည် ဦးတည်ချက်(လားရာ)
တူညီကြသည့် အပြင် အကွာအဝေးလည်း တူညီကြသော အလင်းတန်းများ ဖြစ်ကြပါ သည်။ဝေးကွာသောနေရာများရှိ
အရာဝတ္တု(ပုံရိပ်) များမှ လာသော အလင်းတန်းများလည်း ဖြစ်ကြပါသည်။ ၎င်းအကွာအဝေးသည် (၆)မီတာ(ပေ
၂၀) သို့မ ဟုတ် ၎င်းထက်ပိုဝေးသော အကွာအဝေးများမှ ဖြစ်နိုင်သော်လည်း ခန့်မှန်းတွက်ဆ၍ရသော
အကွာ အဝေးအတွင်း ၌ ရှိနေတတ်ပါသည်။
(၂)
စုဆုံအလင်းတန်းများ(Convergent light rays)
အလင်းတန်းတခုနှင့်တခု ဆုံမှတ်(Focal
point) တခုတည်း၌ လာရောက်စုဆုံသော အလင်း တန်း များဖြစ်ကြပါသည်။
(၃)ခွဲဖြာအလင်းတန်းများ
(Divergent light rays)
အလင်းတန်းတခုနှင့်တခု ပို၍
ပို၍ ဝေးကွာသွားစေသော အလင်း တန်းများဖြစ်၏။ ၆ မီတာ(ပေ ၂၀) အကွာဝေးတွင်ရှိသော အရာဝတ္တုများကို
မျက်စိမှမြင်ရသော အလင်းတန်းမျိုးဖြစ်ပါ သည်။
မျဉ်းဖြောင့်အလင်းတန်းများသည်
အရာဝတ္တုတခုခုနှင့် ထိတွေ့မှု မရှိသမျှ ကာလပတ်လုံး ဖြတ် သန်းသွားနေမည်ဖြစ်ပြီး အရာဝတ္တုများနှင့်
ထိတွေ့သည့်အခါတွင်မူ အောက်ပါအတိုင်း ပြောင်းလဲမှုများ ပေါ်ပေါက်လာ မည်ဖြစ်ပါသည်။
(၁) အလင်းပြန်ခြင်း (reflection of light)သို့မဟုတ်
(၂) အလင်းယိုင်ခြင်း
(refraction of light)သို့မဟုတ်
(၃) အလင်းပိတ်ခြင်း ( absorbed by the object) စသည်တို့ဖြစ်၏။
အလင်းပြန်ခြင်း(reflection)နှင့် အလင်းယိုင်ခြင်း(refraction)
တို့ သည် အလင်းတန်း များ၏ ဦးတည်ချက် ပြောင်းလဲသွားခြင်းများသာ ဖြစ် ကြပါသည်။ အလင်းပိတ်
အရာဝတ္တုများနှင့် အ လင်းတန်းများ ထိတွေ့ သောအခါတွင်မူ အလင်းတန်းများ ရပ်ဆိုင်းသွားပြီး
၎င်းကို အလင်းပိတ်ခြင်း ဟု ခေါ်ပါသည်။ များသောအားဖြင့် အနက်ရောင်နှင့် အခြားအရောင် အသွေး
အမျိုးမျိုးတို့ကို ၎င်းနေရာ တွင် တွေ့ရတတ်ပါသည်။
ပြည့်အောင်(COA)
(ICEE
– International Centre For Eyecare
Education(Brien Holden Vision Institute Foundation),Refractive Error
Training Package,Student Manual ကို မှီငြမ်းပါသည်)

No comments:
Post a Comment