အလင်းတန်းများနှင့်အမြင်အာရုံဆက်စပ်ပုံ၊ပုံရိပ်ဖော်အင်္ဂါအစိတ်အပိုင်းများ၏အလုပ်လုပ်ပုံများနှင့်မျက်စိမှုန်ခြင်းအကြောင်းများကို
ဤအခန်း၌ရေးသားလိုပါသည်။
အလင်းတန်းများနှင့်
အမြင်အာရုံ(Focusing light in the eye)
အဝေးရှိ
အရာဝတ္တုများမှလာသော ပုံရိပ်အလင်းတန်းများသည် ပြိုင်လင်းတန်းများ(parallel light
rays)ဖြစ်သည့်အတွက် ၊မည့်သည့် အရာဝတ္တုပင်ဖြစ်စေ အမြင်အာရုံကောင်းမကောင်း စဉ်းစား ဆင်ခြင်
ဆုံးဖြတ်ရန် အသင့်တော်ဆုံး အကွာအဝေးသည်( ၆ )မီတာ(ပေ ၂၀)အကွာအဝေးဖြစ် ကြောင်း သုတေသီတို့ကဆိုကြပါသည်။
၎င်းတွေ့ရှိချက်များကိုမှီး၍ အဝေးကြည့် အမြင်စွမ်းရည် စမ်း သပ်စစ်ဆေး ခြင်းများကို ဆောင်ရွက်ကြရာ၌(၆)မီတာ(ပေ
၂၀)အကွာအဝေးကိုစံထားလျက် ပြုလုပ် ကြခြင်း ဖြစ်ပါသည်။
အနီးရှိ
အရာဝတ္တုများမှလာသော အလင်းတန်းများသည် ခွဲဖြာအလင်းတန်းများ(divergent light rays) ဖြစ်သည့်အတွက်
ပုံရိပ်နှင့်မျက်စိ ပို၍ နီးလေလေ ခွဲဖြာအလင်းတန်းများသည်လည်း ပို၍ များလေ လေဖြစ်၏။
ကြည်လင်သော
အမြင်အာရုံရရှိရန် အတွက် အလင်းတန်းများသည် မြင်လွှာပေါ်၌ တိကျ သော ပုံရိပ်ကိုထင်ဟပ်စေ
ရန် လိုအပ်ပါသည်။ထိုသို့ ပုံရိပ်ကိုထင်ဟပ် စေရန်အတွက် အလင်း တန်း များနှင့် စပ်လျင်း၍အောက်ပါအခြေအနေနှင့်
အချက်အလက်များ မျက်စိတွင် ရှိနေရန်လိုအပ်ပါသည်။
(၁) မျက်ကြည်လွှာ(cornea)နှင့် မျက်စိတွင်းမှန်ဘီလူး(lens)တို့သည်
အလင်းတန်းများကို မှန်ကန် သော ပမာဏဖြင့် အလင်းယိုင်စေခြင်း။
(၂)မျက်လုံး(eyeball)အတွင်း အလင်းဖြတ်သန်းမှု မှန်ကန်ခြင်း။
(မျက်ကြည်လွှာ(cornea)နှင့် မြင်လွှာ (retina)တို့၏ အကွာအဝေး မှန်ကန်တိကျမှုရှိခြင်း)
(၃) မျက်လုံး(eyeball)၏ အရွယ်အစား(size)နှင့် ပုံသဏ္ဍာန်(shape)
မှန်ကန်ခြင်း။
စသည်တို့ဖြစ်ပြီး
အလင်းတန်းဆိုင်ရာ ယင်းအချက်အလက်များနှင့် ပြည့်စုံပါက သက်တောင့် သက်သာဖြင့် ကြည်လင်သော
အမြင်အာရုံကို ရရှိစေမည် ဖြစ်ပါ သည်။
ပုံရိပ်ဖော်
အင်္ဂါအစိတ်အပိုင်းများ (Focusing structures of the eye)
မျက်ကြည်လွှာနှင့်
မှန်ဘီလူးတို့သည် မြင်လွှာပေါ်၌ အလင်းတန်း များ
ညီညွတ် မျှတစွာ စုဆုံနိုင်စေရန်အတွက်၊ မျက်စိတွင်းသို့ ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများကို
မှန်ကန်စွာ အလင်းယိုင်စေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါသည်။
မျက်ကြည်လွှာ(cornea)
မျက်ကြည်လွှာသည်
မျက်စိ၏ စုစုပေါင်း ပုံရိပ်ဖော်ဆောင်နိုင်မှု ပ မာဏ၏ သုံးပုံနှစ်ပုံ(၂/၃)ကို စွမ်းဆောင်ပေးနိုင်သော
အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသည်။မျက်ကြည်လွှာ၏ အခုံးသဏ္ဍာန် ပြေပြစ်မှန် ကန်မှု (curved
shape)နှင့် အထူအပါးမှန်ကန်မှု(thickness) တို့သည် အမြင်အာရုံ ချိန်ဆမှုအတွက် အထူးအရေးပါသော
အခြေအနေများ ဖြစ်ပါသည်။
မျက်စိတွင်းမှန်ဘီလူး
(lens)
မျက်စိတွင်းမှန်ဘီလူးသည်
မျက်စိ၏ စုစုပေါင်းပုံရိပ်ဖော်ဆောင် နိုင်မှုပမာဏ၏ သုံးပုံတပုံ (၁/၃)ကို စွမ်းဆောင်ပေးနိုင်သော
အင်္ဂါအစိတ် အပိုင်းဖြစ်ပါသည်။အထက်ဖော်ပြပြီးဖြစ်သော မျက် ကြည်လွှာနည်းတူ ၎င်း၏အခုံးသဏ္ဍာန်
(curved shape) အနေအထားနှင့် အထူအပါး (thick ness) တို့သည်လည်း၊ အမြင်အာရုံချိန်ဆမှုအတွက်
အရေးပါသော အခြေအနေများ ဖြစ်ကြပါသည်။
မျက်ကြည်လွှာနှင့်
သဘောသဘာဝခြင်း အဓိကမတူညီသောအချက်မှာ မှန်ဘီလူးသည် အမြင်ချိန်ဆနိုင်မှုပမာဏ(focusing
power)ကို ပြောင်းလဲနိုင်ခြင်းပင် ဖြစ်ပါသည်။မှန်ဘီလူး၏ အထူ ကို ပို၍ ထူထည်းလာစေခြင်း(သို့မဟုတ်)ပါးလျသွားစေခြင်းအားဖြင့်
ချိန်ဆပြုပြင်၍ အမြင်အာရုံ ကြည် လင်မှုကို တိုးတက်လာစေပါသည်။ မှန်ဘီလူး၏ ပတ်လည်တွင်ရှိ
သည့် စီလီယာရီမာဆယ်(ciliary muscle)ဟုခေါ် သော ကြွက်သားကွင်းက လိုအပ်သလို ထိမ်းညှိခြင်းအားဖြင့်ချိန်ဆပေးပြီး
အမြင် အာရုံကို ကြည်လင်လာ စေပါသည်။
သို့ဖြစ်ရာ
မျက်စိ၏ ပုံရိပ်ချိန်ဆဖော်ဆောင်နိုင်မှု ပမာဏ၏ သုံးပုံ နှစ်ပုံ(၂/၃)ဖြစ်သော မျက် ကြည်လွှာ၏
စွမ်းဆောင်နိုင်မှုနှင့်ပေါင်းစပ်၍ ကြည်လင်ပြတ်သားသော အမြင်စွမ်းရည်ကို ရရှိရန်၊ တိကျသောချိန်ဆမှု
(fine - tune) ပြုကြရာတွင်အနုစိတ်များကို မှန်ဘီလူး(lens)၏ ပုံ သဏ္ဍာန် ပြောင်းလဲခြင်း
(အထူအပါးပြောင်းလဲခြင်း) ဖြင့် သာလျှင် ဆောင်ရွက်နိုင် ကြောင်း သတိပြုမိကြ မည်ဖြစ်ပါသည်။
မှန်ဘီလူး၏ အမြင်ချိန်ဆနိုင်မှု စွမ်းရည်ဖြစ်သော မျက်စိ၏ ချိန်ဆနိုင်မှုပမာဏ၏ သုံးပုံ
တပုံ(၁/၃)တွင် ၎င်းကဲ့သို့ပြောင်းလဲချိန်ဆနိုင်မှုကသာလျှင် အဓိက ဖြစ် ကြောင်း သုံးသပ် နိုင်ကြမည်ဖြစ်ပါသည်။
စံလွဲအလင်းယိုင်ခြင်း(သို့မဟုတ်)မျက်မှန်လိုသောမျက်စိမှုန်ခြင်း
(Refractive Error)
စံလွဲအလင်းယိုင်မှုကြောင့်
မျက်စိမှုန်သူများသည် မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်း လေဆာရောင်ခြည်ဖြင့်ကိုသခြင်း
တို့ဖြင့် အလင်းယိုင်နေမှုကို မှန်ကန်အောင်တည့်မတ်ပေးခြင်းပြု မှသာလျှင် သက်တောင့်သက်သာဖြင့်
ကြည်ကြည်လင်လင် မြင်ကြရမည်ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ထိုသူတို့၏မျက်စိသည် ပုံသဏ္ဍာန်နှင့်
အရွယ်အစား (size and shape)မမှန် ခြင်း နှင့် မြင်လွှာ (retina)ပေါ်၌ ပုံရိပ်အလင်း တန်းများ
တိကျမှန်ကန်စွာ မကျရောက်ခြင်း စသည့် အား နည်းချက်များ ရှိနေသောကြောင့်ပင်ဖြစ် ပါသည်။
ထိုကဲ့သို့
အားနည်းချက်များရှိနေသူ၏မျက်စိသည် ပြင်ပသွင်ပြင်လက္ခဏာအားဖြင့် ထူးခြားမှု ကို တွေ့ရမည်
မဟုတ်သော်လည်း၊ အလင်းယိုင်မှု ချို့ယွင်းနေသောကြောင့်၊ အမြင်အာရုံခံစားမှု အပိုင်းတွင်
ကြည်လင် ပြည့်ဝသော အမြင်အာရုံကို ရရှိနိုင်မည်မဟုတ်ပေ။
မျက်မှန်တပ်ခြင်းအားဖြင့်
အလင်းယိုင်မှုကိုပြုပြင်ပြီး ကြည်ကြည်လင်လင် မြင်နိုင်ခြေရှိသော မျက်စိမှုန်သူ၏ အမြင်ချို့ယွင်းချက်
အနည်းအများသည် အောက်ဖော်ပြပါ အချက်များပေါ်တွင် အခြေ ခံ၍ ပေါ်ပေါက်လာရပါသည်။
(၁)မျက်ကြည်လွှာသည် ပုံမှန်ထက်ပို၍ ခုံးနေခြင်း(steepness)
သို့မဟုတ် အခုံးလျော့နေခြင်း (flatness)။
(၂) မျက်စိတွင်းမှန်ဘီလူး(crystalline lens)သည် ပုံမှန်ထက်ပို၍
ထူနေခြင်း(thickness) သို့မဟုတ် ပို၍ ပါး(ပြား)နေခြင်း(thinness)။
(၃)မျက်စိ(eyeball)၏အလျား(length) မမှန်ခြင်း။ စသည်တို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်များသည် အလင်းယိုင်ခြင်းကို
Refractive Error ကြောင့်ပင်လျှင် မြင်လွှာ (retina) ပေါ်၌ တိကျသော ပုံရိပ်အလင်းတန်းများ
ကျရောက်ခြင်းမရှိတော့ပေ။
အဝေး သို့မဟုတ်
အနီးမှလာသော ပုံရိပ်အလင်းတန်းများသည် မြင်လွှာပေါ်၌ သင့်တင့် လျောက်ပတ်စွာ ကျရောက်ခြင်းမရှိပါက
ကာယကံရှင်၏ အမြင်အာရုံသည်လည်း ကြည်လင်ပြတ် သား မှု ရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ကာယကံရှင်အား
မျက်မှန်တပ်ဆင်စေခြင်းဖြင့် အလင်းယိုင်ခြင်း ကိုပြု ပြင်ခြင်းဖြင့်သာလျှင် သင့်တင့်
လျောက်ပတ်သော ပုံရိပ်ကို မြင်လွှာပေါ်၌ ကျရောက် စေမည်ဖြစ် ပါ သည်။ အမြင်အာရုံကိုလည်း
ကြည်လင်ပြတ်သားစေမည် ဖြစ်ပါသည်။ဤသည်ပင်လျှင် စံလွဲအလင်း ယိုင်ခြင်း သို့မဟုတ် မျက်မှန်လိုသောမျက်စိမှုန်ခြင်း
(refractive error) ၏ အခြေခံသဘောတရား ပင်ဖြစ်ပါသည်။
စံလွဲအလင်းယိုင်ခြင်းကြောင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သော မျက်စိအမျိုးအစားများကို
အဓိကအား ဖြင့်(၄)မျိုး ခွဲခြားနိုင်ပါသည်။
(၁)အမြင်အလျား(ဆုံတာ)ရှည်(လွန်)နေသောမျက်စိ၊(Hyperopia
ဟိုက်ပရိုးပီးယား)
အဝေးမြင်ပြီး အနီးမှုန် အမျိုးအစားဖြစ်၏။အဝေးရောအနီးပါမှုန်သူများလည်း
ရှိပါသည်။ သာ မန်အားဖြင့်အဝေးရှိ အရာဝတ္တုများကို ကောင်းမွန်စွာမြင်ရသော်လည်း အနီး ကြည့်တွင်မူ
မှုန်ဝါးနေ တတ်ကြပါသည်။အသက်ကြီးလာသော အခါ၌ အဝေးကြည့်ပါ မှုန်လာတတ်ပါ သည်။ ၎င်းအမျိုး အစားကို
Longsightedness , Farsightedness , Hypermetropia , စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ် ကြပါသည်။ယေဘုယျ
အားဖြင့် မျက်လုံး(eyeball) သေးသောကြောင့် မျက်ကြည်လွှာ(cornea) နှင့် မြင်လွှာ(retina)
အကြား အကွာအဝေးတိုနေပြီး ၊ မြင်လွှာ၌ စုဆုံရမည့် ပုံရိပ်အလင်းတန်းများသည် မြင်လွှာကိုလွန်လျှက်
မြင်လွှာ၏ နောက်တွင် စုဆုံနေခြင်းမျိုး ဖြစ်ပါသည်။
(၂)အမြင်အလျား(ဆုံတာ)တို(လို)နေသောမျက်စိ(မိုင်ယိုးပီးယား-Myopia)
အမြင်အလျားတို(လို)နေသော
မျက်လုံးပိုင်ရှင်များ(Myopia or Myopes) သည်အဝေးကို
ကောင်းစွာမမြင် (အဝေးမှုန်)နေသူများဖြစ်ပြီး၊၎င်း အဝေးမှုန်ခြင်းအခြေအနေ(amount of
myopia) ပေါ်မူတည်၍ အနီးအမြင်အာရုံ၌ သာမန်ထက်ပို၍ ကောင်းမွန်နေသူများ ဖြစ်နေတတ်ပါသည်။
၎င်း မျက်စိအမျိုးအစားကို အမြင်အလျားတို (short sightedness) သော မျက်စိ(သို့မဟုတ်)အမြင်
အလျား လို(near sightedness)သောမျက်စိ စသည်ဖြင့်ခေါ် ဝေါ်ကြပါသည်။
အမြင်အလျားတို(short
sightedness) နေသောကြောင့် ပုံရိပ်အလင်းတန်းများသည် မြင်လွှာ ပေါ်၌စုဆုံခြင်း မရှိဘဲ
မြင်လွှာရှေ့၌ ကြို၍ (လို၍)စုဆုံနေသော မျက်စိအမျိုးအစားဖြစ်ပါသည်။
(၃)မတူညီသောအမြင်အလျားများ
ဖြစ်ပေါ်နေသောမျက်စိ (အက်စတစ်မက်တစ်ဇင်-Astigmatism)
ပုံရိပ်အလင်းတန်းများ
ဝင်ရောက်ရာ လမ်းကြောင်းတလျောက်၌ ရှိနေသော မျက်ကြည်လွှာ (Cornea)၊ မျက်စိရည်ကြည်(Acquous)၊
မျက်စိတွင်းမှန်ဘီလူး(Lens)၊မျက်စိရည်ပျစ်(Vitrouous) စသည် တို့အနက် တခုခု သို့မဟုတ်
အများ၏ ချို့ယွင်းမှုကြောင့်၊မတူညီသော အလင်းတန်းများ ပေါ် ပေါက်လာပြီး၊မြင်လွှာပေါ်နှင့်
၎င်း၏ ရှေ့နောက်တို့၌ ကွဲပြားခြားနားသော ဆုံမှတ်များ(Astigmatism) ပေါ်ပေါက်နေသော မျက်စိဖြစ်ပါသည်။
အထူးသဖြင့် မျက်ကြည်လွှာ(Cornea) သို့မဟုတ် မှန်ဘီလူး (Lens)တို့၏ ချို့ယွင်းချက်ကြောင့်
အဖြစ်များပါသည်။
(၄)သက်ကြီးအနီးမှုန်ခြင်း(Presbyopia)
သက်ကြီးအနီးမှုန်ခြင်းဆိုသည်မှာ
အသက်ကြီးသောကြောင့်(အထူးသဖြင့် အသက် ၄၀ မှ ၄၅ နှစ် အတွင်း) မျက်စိတွင်းရှိ သဘာဝမှန်ဘီလူးသည်
အနီးရှိအရာဝတ္တုမှလာသော အလင်းတန်းများကို မှန်အောင် ချိန်ဆမှုမပေးနိုင်တော့သည့်အတွက်
ထင်ထင်ရှားရှားမမြင်ရတော့ခြင်းဖြစ်သည်။ ထိုသူ များသည် အနီးကြည့်ရာတွင် ပြတ်သားသောအမြင်ကို
မရကြသူများဖြစ်သည့်အတွက် သက်ကြီးအနီး မှုန် (Presbyopia)ဟုခေါ်ခြင်းဖြစ်ပါသည်။ မျက်စိတွင်းရှိ
သဘာဝမှန်ဘီလူးသည် ငယ်ရွယ်စဉ် ကကဲ့ သို့ ပျော့ပြောင်းမှုမရှိတော့ဘဲ တဖြည်းဖြည်းမာ၍လာသောကြောင့်
အနီးကြည့်တွင် ချိန်ဆမှု မမှန်တော့ ဘဲ မြင်လွှာတွင်ထင်ရှားသော ပုံရိပ်ကို မထင်ဟပ်တော့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ သက်ကြီးအနီးမှုန်သူများသည်
အနီးကြည့်မျက်မှန်တပ်ခြင်းဖြင့် ကြည်လင်သော အမြင်ကို ရနိုင်ပါသည်။မျက်စိနှစ်ဖက်စလုံး
ပါဝါတူသည်ကများပြီး၊တဖက်နှင့်တဖက် ပါဝါမတူသည် လည်းရှိပါသည်။ အဝေးမှုန်သူများဖြစ်ကြသော
မိုင်ယိုးပီယား(Myopia)နှင့် ဟိုက်ပါရိုးပီးယား (hyperopia) တို့သည် သာမန် အဝေးကြည့်ကောင်းသူများ
အနီးမှုန်ချိန်တွင် အနီးကြည့်ကောင်း နေတတ်ကြပါသည်။ အဝေးမှုန်သည့်ပါဝါ အခြေအနေပေါ်မူတည်၍
အနီးမှုန်ပါဝါလိုအပ်ချက်ကွဲပြားပြီး ပုံသေသတ်မှတ်၍ မရပေ။
အဝေးမှုန်များဖြစ်ကြသော အမြင်အလျှား(လို)တို
နှင့် အမြင်အလျှား(လွန်)ရှည် အဝေးမှုန်များ သည် မျက်စိတလုံးတည်း တွင် အတူတကွမဖြစ်နိုင်ပါ။
ဖြစ်လေ့ဖြစ်ထနည်းသော တဖက်ခြင်းတွင်သာ သီးခြားဖြစ်လေ့ဖြစ်ထရှိပါသည်။ လူတဦးတယောက်တွင်
မျက်စိတဖက် သို့မဟုတ် နှစ်ဖက်စလုံး မျက် မှန်တပ်လျှင် ပို၍ကြည်ကြည်လင်လင် မြင်နိုင်
မမြင်နိုင်ကို အထူးစမ်းသပ်စစ်ဆေးမှုပြုမှာသာ သိနိုင် ပါသည်။ ထိုသို့ စမ်းသပ်စစ်ဆေးခြင်းကို
မျက်မှန်ပါဝါရှာဖွေခြင်း (Refraction)ဟုခေါ်ပါသည်။
ပြည့်အောင်(COA)
(ICEE
– International Centre For Eyecare
Education ( Brien Holden Vision Institute Foundation), Refractive Error
Training Package,Student Manual ကို မှီငြမ်းပါသည်)
No comments:
Post a Comment