မျက်ကြည်လွှာနှင့်
မျက်မြှေးလွှာတို့၏ ဆုံမှတ် Limbus
Limbus သည် မျက်ဖြူလွှာကို ဖုံးအုပ်ထားသော မျက်မြှေးလွှာ (bulbar conjunctiva)နှင့် မျက်ကြည်လွှာ(cornea)တို့
တွေ့ဆုံရာ နေရာဖြစ်၏။ ၎င်းနေရာကို ပုံတွင်ဖော်ပြထားပါသည်။ မျက်ကြည်လွှာ နှင့် မျက်မြှေးလွှာနှစ်မျိုးစလုံးသည်
ကြည်လင်သော အစိတ်အပိုင်းများ ဖြစ်ကြပါသည်။ အသွေးအရောင် ရှိသော အင်္ဂါအစိတ်အပိုင်း မျက်နက်ဝန်း(Iris)
သည် မျက်ကြည်လွှာ၏ အနောက် ဖက်တွင် ရှိသကဲ့သို့ အဖြူရောင်ရှိသော မျက်ဖြူလွှာသည်လည်း မျက်မြှေးလွှာ၏အောက်၌
ကပ်လျက် ရှိနေပါသည်။
မျက်စိကိုကြည့်လျင်
အဖြူရောင်ဧရိယာ မျက်ဖြူလွှာနှင့် အရောင်ရှိဧရိယာ (အထူးသဖြင့် နက်/ ညို/ပြာ/မှိုင်း)မျက်နက်ဝန်းတို့
တွေ့ဆုံရာနေရာကိုသာ မြင်ကြရပါလိမ့်မည်။အမှန်မှာမူ ကြည်လင်သော အစိတ်အပိုင်း နှစ်ခုဖြစ်သည့်
Conjunctiva(မျက်မြှေးလွှာ) နှင့် Cornea(မျက်ကြည်လွှာ) တို့ ဆုံတွေ့ ရာနေရာသာ ဖြစ်ပါ
သည်။ ၎င်းနေရာကို လင်းဘတ်စ်(Limbus)ဟုခေါ်ပါသည်။ Limbus သည် မျက်စိ၏ အကြောင်း အရာများကို
မှတ်တမ်းများ၌ ရေးသွင်းဖော်ပြရာတွင် အရေးပါသော အင်္ဂါအစိတ် အပိုင်းဖြစ်ပါသည်။
မျက်ခွံများ(The
Eye Lids)
မျက်လုံး၏ အရှေ့ဖက် အပေါ်ယံရှိ
ဖွင့်နိုင်ပိတ်နိုင်သော အရေထူအခုံးနှစ်ခုသည် မျက်ခွံများ ဖြစ်ကြ၏။ မျက်ခွံအသီးသီး၏အစွန်း၌
အနားသတ်မျဉ်း (Lid Margine) ရှိပြီး Lid margine တ လျောက်တွင် ကပ်လျက်ရှိနေသည်မှာ မျက်တောင်မွှေးများ
ဖြစ်၏။မျက်ခွံများနှင့် မျက်တောင်မွှေးများ သည်၊စူးရှသော အလင်းရောင်ဝင်ရောက်ခြင်း ၊
လေပြင်းတိုးဝှေ့ခြင်း၊ ဖုံအမှိုက် အစအနများ ၀င် ရောက်ခြင်း နှင့် ရောဂါပိုးများဝင်ရောက်ခြင်းတို့
ကို ရှေးဦးစွာ ကာကွယ်ပေးထားပါသည်။
မျက်တောင်ခတ်လိုက်သည့်
အခါတိုင်းတွင် မျက်လုံးအိမ်အတွင်း၌ မျက်ရည်များကို ပျံနှံ့စေ၏။ မျက်စိ၏ရှေ့ပိုင်း မျက်နှာပြင်ဧရိယာကို
ခြောက်သွေ့မှုမှ ကာကွယ်ပေးပြီး ချောမွေ့စေပါသည်။ သို့ဖြစ် ရာ မျက်တောင်မွှေးနှင့် မျက်ခွံတို့သည်
မျက်လုံးကို အကာအကွယ်ပေးရုံသာမက စိုစွတ်ချောမွေ့စေ ရန်လည်း ဖန်တီးပေးသည့် အရေးပါသော
အင်္ဂါအစိတ်အပိုင်းများဖြစ်ကြပါသည်။
မျက်ခုံးမွှေးများ
(The Eyebrow)
မျက်ခုံးမွှေးများသည် မျက်စိတွင်းသို့
ဖုန်အမှိုက် အစအန၀င်ခြင်း၊ ချွေးထွက်ခြင်းကြောင့် မျက်စိ တွင်းသို့ချွေးများစီးဝင်ခြင်း၊
ရေစီးဝင်ခြင်းတို့ မှ အထိုက်အလျောက် ကာကွယ်ပေးပါသည်။
မျက်ရည်ထွက်ပေါက်
(Lacrimal puncta)
မျက်လုံးအိမ်အတွင်း၌ စိုစွတ်ချောမွေ့မှု
ရှိစေရန်အတွက် မျက်ရည် ထွက်ဂလင်း(Lacrimal gland) များက မျက်ရည်များကို အလျဉ်မပြတ်
ထုတ်ပေးလျက်ရှိရာ ပိုလျှံသောမျက်ရည်များ စီးထွက် ရန်အတွက် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းမှာ
မျက်ရည်ထွက်ပေါက်(Lacrimal puncta) ဖြစ်ပါ သည်။ ၎င်းသည် အရည်ကောင်းစွာ စီးထွက်နိုင်သော
အပေါက်ငယ်ဖြစ်ပြီး မျက်စိ၏အတွင်းဖက် (နှာခေါင်းဖက်)ဒေါင့်အနီးရှိ အထက်အောက် မျက်ခွံတို့၏
အနားသတ်မျဉ်းအနီး အပေါ်ဖက်တွင် တပေါက်နှင့် အောက်ဖက်တွင် တပေါက်တို့ အသီးသီးရှိကြပါသည်။
ပိုလျှံသော
မျက်ရည်များသည် ၎င်းမျက်ရည်ထွက်ပေါက်တို့မှ ထွက်ပြီး နှာခေါင်းတွင်းလမ်း ကြောင်းမှတဆင့်
အာခေါင်သို့ ရောက်ရှိသွားပါသည်။တခါတရံတွင် အချို့သောသူများ(အထူးသဖြင့် သက်ကြီး ရွယ်အို
နှင့်ကလေးများ)တွင် မျက်ရည်ထွက်ပေါက် (Lacrimal puncta) ပိတ်သော အခြေ အနေမျိုး ကြူံ
တွေ့ရတတ် ပါသည်။မျက်ရည်တွေတွေ ကျနေတတ်ပြီး မျက်ရည်တစိုစိုနှင့်ရှိနေတတ်ပါ သည်။ ထိုအခါမျိုးတွင်
မျက်ရည်များ ထွက်ပေါက်ရစေရန် Lacrimal puncta ကို(မျက်စိအထူးကု ဆရာဝန်များက)ချဲ့ပေးရပါသည်။
မျက်နက်ဝန်းနှင့်မျက်စိသူငယ်အိမ်(Iris
and Pupil)
မျက်နက်ဝန်း(Iris)သည်
အရောင်အသွေးရှိသော အင်္ဂါအစိတ်အပိုင်းဖြစ်၏။ စီဒီပြား(compact dist)ကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး
အပြားအ၀ိုင်းဖြစ်၏။ အလယ်၌ ၀န်းဝိုင်းသော အပေါက်တပေါက်ရှိပြီး ၎င်း သည် မျက်စိသူငယ်အိမ်(pupil)ဖြစ်ပါသည်။
မျက်နက်ဝန်းနှင့်
မျက်စိသူငယ်အိမ်တို့သည် မျက်ကြည်လွှာ (cornea)နှင့် မျက်စိ တွင်းမှန်ဘီ လူး (Lens)တို့၏
အကြားတွင်ရှိပြီး မျက်စိ ရှေ့ခန်းငယ်(Anterior chamber) နှင့်မျက်စိ၏ အနောက် ဖက်အခန်း
(Posterior chamber) တို့ကိုပိုင်းခြား ထားပါသည်။သို့ဖြစ်ရာ Anterior Chamber သည်
Cornea နှင့် Iris အကြားတွင်ရှိပြီး၊ Posterior Chamber သည် Iris နှင့် Retina တို့၏အကြားတွင်ရှိပါ
သည်။ မျက်နက်ဝန်း (Iris)ကို ဒေသအလိုက် အမျိုးမျိုးတွေ့ကြရမည် ဖြစ်ပါသည်။များသောအားဖြင့်
အညိုရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့် အနက်ရောင်ဖျော့ဖျော့များကို တွေ့ရတတ်ပြီး တခါတရံ
အစိမ်းရောင်ကိုပင်လျင် တွေ့ရတတ်ပါသည်။
မျက်နက်ဝန်း(Iris)၏
အလယ်ဗဟိုရှိ ၀န်ဝိုင်းညီညာသော အပေါက်သည် မျက်စိ သူငယ်အိမ် (Pupil) ဖြစ်ရာ ၎င်းသည် အထူးသဖြင့်
နက်မှောင်သော အသွေးကိုဆောင်လျက် ရှိပါသည်။အဘယ့် ကြောင့် ဆိုသော် မျက်စိသူငယ်အိမ်မှတဆင့်
တွေ့မြင်ရသော မျက်စိ၏အတွင်းပိုင်းသည် နက်မှောင် နေသောကြောင့်ဖြစ်ပါသည်။
မျက်နက်ဝန်းအတွင်း ဖွဲ့စည်းပါဝင်သော
ကြွက်သားမျှင်များသည် မျက်စိသူငယ် အိမ်(pupil)၏ အကျဉ်း အကျယ် ပမာဏကိုပြောင်းလဲစေပြီး
အလင်းတန်း ၀င်ရောက်မှုကို ထိမ်းညှိပေးပါသည်။ တောက်ပစူးရှ သည့် အလင်းရောင်နှင့်ကြုံလျင်
သူငယ်အိမ်ကိုကျဉ်းစေပြီး အလင်းလွန်ကဲခြင်းမှ ကာ ကွယ်ပေးပါသည်။ ထိုနည်းတူ အလင်းနည်း၍
မှုန်ပြပြ အလင်းရောင်သာရှိသော အချိန်တွင်မူ သူငယ် အိမ်ကိုကျယ်စေပြီး လုံလောက်သော အလင်းရောင်ရရှိရန်
ပံ့ပိုးပေးပါသည်။
မျက်စိရည်ကြည်(Aqueous)
မျက်ကြည်လွှာ(cornea)နှင့်
မျက်နက်ဝန်း(pupil)တို့ အကြား မျက်စိရှေ့ပိုင်းအခန်းငယ် (Anterior chamber- AC) အတွင်း၌
အရည်တမျိုးဖြင့်ပြည့်လျက်ရှိပြီး ၊ ၎င်းကို မျက်စိရည်ကြည် (Acquous humor-အက်ကွီးယပ်ဟိုမာ)
ဟုခေါ်ပါသည်။သာမန်အားဖြင့် အက်ကွီးယပ်(Aqueous) ဟုခေါ်ကြပါသည်။ မျက်စိရည်ကြည် သည်မျက်စိ၏ရှေ့ပိုင်းကို
ပုံသဏ္ဍာန်မပျက်ယွင်းစေရန် ယေဘု ယျ အားဖြင့် ထောက်ပံ့ကူညီမှု ပေးပါသည်။ထို့ပြင် မျက်ကြည်လွှာ(Cornea)နှင့်
မျက်စိတွင်းမှန်ဘီလူး (Lens)တို့အတွက် လိုအပ်သော အာဟာရကိုလည်း Aqueous humor ကဖြည့်တင်းပေးပါသည်။
မျက်စိရှေ့ပိုင်းအခန်း(Anterior
chamber–AC) အတွင်းရှိ မျက်ကြည်လွှာနှင့် မျက်နက်ဝန်းတို့ တွေ့ဆုံရာနေရာကို စိမ့်ထွက်မြောင်း
(Angle) ဟုခေါ်ပြီး ၎င်းနေရာမှ မျက်စိရည်ကြည်များသည် မျက်စိ အပြင်သို့ စိမ့်ထွက်ပါသည်။
မျက်စိရည်ကြည်ထွက်ရှိမှုနှင့် စွန့်ပစ်မှု ပမာဏ အချိုးအစားကို ဆုံးဖြတ် ရာ၌ မျက်စိတွင်းဖိအား(Intraocular
pressure – IOP)နှင့်ဆုံးဖြတ်ပါသည်။
အကယ်၍
မျက်စိတွင်းဖိအားသည် သတ်မှတ်စံချိန်စံညွှန်း အတိုင်းပုံမှန်ရှိနေရန်လိုအပ်ပြီး၊ IOP
မြင့်တက်မှုနှင့်ကြုံတွေရပါက အချိန်မီကုသမှုခံယူရန် လိုအပ်ပါသည်။ IOP မြင့်တက်မှုကာလကြာလျင်
(ရေတိမ်ဖြစ်လာသောကြောင့်)မျက်စိ၏ အမြင်အာရုံကို ထာဝရဆုံးရှုံးရသည့် အခြေအနေမျိုး ကြုံတွေ့
နိုင်ပါသည်။
မျက်စိတွင်းမှန်ဘီလူး(Lens)
မျက်စိအတွင်းတွင် သလင်းကျောက်ကဲ့သို့
ကြည်လင်သော မှန်ဘီလုး (Crystalline lens) တစ်ခုရှိပါသည်။၎င်းမျက်စိတွင်းမှန်ဘီလူးကို
အလွယ်တကူဖြင့် မှန်ဘီလူး(Lens) ဟုပင်ခေါ်ကြသည်။ မှန်ဘီလူးသည် Iris နှင့် Pupil တို့၏နောက်တွင်ရှိပြီး
ကြည်လင်သော မှန်ကဲ့သို့ အလင်းဖောက်နိုင် သည့် အင်္ဂါအစိတ်အပိုင်းဖြစ်၏။ Lens ကို အထူးပြုလုပ်ထား
သောကရိယာ(Special instrument )ဖြင့် ကြည့်မှသာ မြင်နိုင်ပါသည်။
တခါတရံတွင်
မှန်ဘီလူးသည် ကြည်လင်မနေဘဲ နောက်ကျိနေ သည်ကိုလည်း တွေ့ရတတ်ပါ သည်။အထူးသဖြင့် အသက်အရွယ်ကြီးရင့်
သူများတွင် တွေ့ရတတ်ပြီး၊ ၎င်းကို အတွင်းတိမ် (Cataract) ဟုခေါ်ပါ သည်။အတွင်းတိမ် ထူထပ်သိပ်သည်းလာပါက
မျက်စိသူငယ်အိမ်၏ နက်မှောင် သော အသွေးအရောင်အစား အဖြူရောင် သို့မဟုတ် ၀ါဖျော့ဖျော့အရောင်ကို
သူငယ်အိမ်ကိုဖြတ် သန်း လျက် တွေ့မြင်ကြရပါမည်။
မျက်စိမှန်ဘီလူးကို
မျက်စိသူငယ်အိမ်၏ အနောက်၌ ကြွက်သားမျှင်ငယ်များ (Zonular fibres - ဇိုနူလာ ဖိုက်ဘာ)က
ပတ်ပတ်လည် တွဲလျက် ဆိုင်းလျက် ရှိနေပါသည်။ Zonular fiber များကို တခါ တရံ Zonules ဟုလည်း
ခေါ်ပါသည်။ကြွက်သားမျှင် Zonule ၏တဖက်သည် မှန်ဘီလူး Lens နှင့်တွဲ လျက် ရှိနေပြီး အခြားတဖက်သည်
ဆီလီယာရီမာဆယ်(Ciliary muscle) ဟုခေါ်သော ကြွက် သား ကွင်းနှင့် ချိတ်ဆက်လျက် ရှိနေပါသည်။
Ciliary muscle သည် Zonule ခေါ်ကြွက်သားမျှင် များကို တင်းခြင်းလျော့ခြင်း ဖြစ်စေပြီး
မှန်ဘီလူး၏အထူအပါးကို ပြောင်းလဲစေပါသည်။မှန်ဘီလူး၏ အထူ အပါးပြောင်း လဲသည်နှင့်အညီ အနီးအဝေးစသည့်
အမြင်ကိုလည်း ပြောင်းလဲစေပါသည်။
အသက်ငယ်သူများ၏
မှန်ဘီလူးသည် ပျော့ပြောင်းနေသောကြောင့် အပြောင်းအလဲကို သွက် လက်စေပါသည်။အနီးအဝေး အမြင်အာရုံချိန်ဆမှုတွင်လည်း
မြန်ဆန်ပါသည်။အသက်ကြီးသူများ၏ မှန်ဘီလူးသည် တဖြည်းဖြည်း မာ၍လာသော သဘာဝရှိသောကြောင့်
ချိန်ဆမှုနှေးကွေးပါသည်။ ၎င်း ကို Accommodatiom -အနီးဝေး အမြင်အာရုံကိုချိန်ဆခြင်း ဟု
ခေါ်ပါသည်။
ဆီလီယာရီမာဆယ်(Ciliary
Muscle)
ဆီလီယာရီမာဆယ်သည် မှန်ဘီလူး၏ ပတ်လည်တွင်ရှိသော ကြွက်သား ကွင်းတခု(a
ring of muscle)ဖြစ်၏။ Zonule or ligaments ဟုခေါ်သော ကြွက်သားအမျှင်ငယ်များဖြင့် မှန်ဘီလူးကို
ပတ်ပတ်လည်ဆိုင်းလျက် တွဲဆက်ထားပါသည်။ ဆီလီယာရီမာဆယ် Ciliary muscle က မှန်ဘီ လူးကိုထိမ်းချုပ်လျက်
အပြောင်းအလဲ ဖြစ်စေခြင်းဖြင့် အနီးအဝေး ချိန်ဆမှုကိုဖြစ်ပေါ်စေပါသည်။
Ciliary
muscle သည် ပုံမှန်အတိုင်း(relaxed)ရှိနေလျင်
Zonule များ သည် တင်းတင်းရင်း ရင်းရှိနေပြီး မှန်ဘီလူးသည် လည်း ပါး၍ နေမည်ဖြစ်ပါသည်၊
မှန်ဘီလူး၏ပါဝါ သည်လည်း လျော့ လျက် ရှိနေမည်ဖြစ်၏။ ၎င်းကြွက်သားဝိုင်း အတွင်းသို့ကျဉ်းလာသော အခါတွင်မူ မှန်ဘီလူးကို
ဆိုင်း ထားသော Zonule များသည်လျော့လာပြီး မှန်ဘီလူး သည်လည်း ထူလာပါမည်။ မှန်ဘီလူးထူလာ
သောကြောင့် မှန်ဘီလူး၏ ပါဝါသည်လည်း မြင့်လာမည်ဖြစ်ပါသည်။အသက် အရွယ်ကြီးလာသော သူများတွင်မူ
မှန်ဘီလူးသည် ပို၍ မာလာ(gets harder)သောကြောင့် ပြောင်းလဲမှုစွမ်းရည် လျော့ ကျလာ၏၊မှန်ဘီလူး၏ပုံသဏ္ဍာန်(အထူအပါး)
ကိုလည်း အလွယ် တကူပြောင်း၍ မရတော့သော ကြောင့် အနီးအဝေးချိန်ဆမှု အားနည်းလာပါသည်။ အဝေး
ကြည့်ရာတွင် ပုံမှန်ကြည် လင်သော အမြင်ကို ရရှိနေသော်လည်း အနီး ကြည့်ရာတွင်မူ ပြတ်သားသော
အမြင်ကိုမရရှိ တော့ပေ။ ဤအခြေ အနေမျိုးသည် အထူးသဖြင့် အသက်(၄၅)နှစ် ၀န်းကျင်ရရှိသူများ၌
သိသာထင်ရှားစွာ ဖြစ် ပေါ်လာ ပြီး၊ ၎င်းကို အသက်ကြီး၍ အနီးမှုန်ခြင်း (Presbyopia - ပရက်စ်ဘိုင်ယိုးပီးယား)ဟု
ခေါ်ပါ သည်။
Presbyopia
(သက်ကြီးအနီးမှုန်)များကို ၎င်းတို့နှင့်ကိုက်ညီသော အနီးကြည့်မျက်မှန်ကို တပ် ဆင် စေခြင်းဖြင့်
မူလအမြင်အာရုံကို ပြန်လည် ရရှိစေနိုင်ပါသည်။သို့ရာတွင် အသက်ကြီးလာသည် နှင့်အမျှ မျက်မှန်၏ပါဝါ
လည်း တိုး၍တိုး၍ လာမည်ဖြစ်၏။အဘယ့်ကြောင့်ဆိုသော် အသက်ကြီး လာ သည်နှင့်အမျှ မျက်စိတွင်းမှန်ဘီလူး(Lens)သည်လည်း
ပို၍ပို၍ မာလာမည်ဖြစ်သောကြောင့် ပင် ဖြစ် ၏။
မျက်စိရည်ပျစ်(Vitreous
body)
မျက်စိ၏အတွင်းဖက်တွင် အလင်းဖြတ်သန်းနိုင်သော
အရည်ပြစ်များ(Transparent gel) သို့မဟုတ် ကြည်လင်သောအရည်ပြစ်(Clear gelly)များဖြင့်
ပြည့်လျက်ရှိ၏။ ၎င်းပြစ်ချွဲသော အရည်ပြစ်ကို Vitreous body (ဗစ်ထရိရပ်စ်ဘော်ဒီ - မျက်စိရည်ပြစ်)ဟု
ခေါ်ပါသည်။ သာမန်အားဖြင့် Vitreous(ဗစ်ထရီရပ်စ်) ဟုပင် ခေါ်ကြပါသည်။ Vitreous သည်အမြင်အာရုံချိန်ဆမှုနှင့်
မျက်စိ၏ပုံ သဏ္ဍာန် ပျက်ယွင်းမှု မရှိစေရေးတို့အတွက် အထောက်အပံ့ပြုပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ပြည့်အောင်(COA)
(ICEE – International Centre For Eyecare Education(Brien Holden Vision Institute
Foundation),Refractive Error Training Package,Student Manual ကို မှီငြမ်းပါသည်)

No comments:
Post a Comment