မျက်မှန်တပ်ရန်
လိုသူများ၏ မတူညီသောပါဝါများကို စစ်ဆေးရှာဖွေရာတွင် ပညာရှင်များ က ထူးခြားသော မျက်မှန်ကိုင်းတစ်မျိုးကို
တပ်ဆင်စေပြီး၊မှန်များကို ဖြုတ်တပ်ပြောင်းလဲ၍
ဆွေး နွေးမေးမြန်း ရှာဖွေပေးသည်ကို မြင်တွေ့ဖူးကြမည် ထင်ပါသည်။ထိုကိရိယာများသည် အထူးပြု
လုပ်ထားသော စမ်းမှန် များ(trial lenses)၊ စမ်းသပ်ခံသူ၏ မျက်နှာအနေအထားအတိုင်း (မျက်စိ
နှစ်လုံး ၏အကွာအဝေး၊ မျက် စိနှင့်နားရွက် အကွာအဝေး စသည်ဖြင့်) ပြောင်းလဲ ချိန်ဆနိုင်ပြီး၊
ပညာရပ် သင်္ကေတများပါဝင်သော စမ်း သပ်မျက်မှန်ကိုင်း (trial frame) များပင်ဖြစ်လေသည်။
ထိုသို့သော
မျက်မှန်ပါဝါရှာဖွေရာတွင်သုံးသောပစ္စည်းအပြည့်အစုံ(Trial Set)ကို အသုံး ပြု၍ စမ်းသပ်ခံသူကိုယ်တိုင်
ကြည့်ရှုဆုံးဖြတ်၍ရရှိသော အဖြေသည်သာ စိတ်ချရသောပါဝါအဖြစ် ပညာရှင် များကလက်ခံထားကြဆဲဖြစ်ရာ၊မျက်မှန်ပါဝါရှာဖွေသော
ခေတ်မီကိရိယာ(Device)များ မည်မျှပင်ထွန်း ကားနေစေကာမှု၊ Trial Set များသည် အရေးပါဆဲဖြစ်လေသည်။၎င်းတို့ကို အသုံး ပြုခြင်းဖြင့် စဖီးရစ်မှန် (spheres
)၊ ဆလင်ဒါမှန်(cylinders )၊ပရစ်ဇန်မှန်(prisms) စသည့်ဖြင့် လွယ်ကူစွာခွဲခြားနိုင်သည့်အပြင်၊
အပေါင်းလက္ခဏာမှန်နှင့် အနုတ်လက္ခဏာမှန်များကိုလည်း သက်တောင့်သက်သာခွဲခြားနိုင်ပါသည်။
ထို့ပြင် ဆလင်ဒါမှန်နှင့် စဖီရိုဆလင်ဒါမှန်များ၏ ပါဝါ ရှိရာနေရာ (Axis)ကိုလည်း လျှင်မြန်စွာ
ရှာဖွေနိုင် ပါသည်။
စမ်းသပ်မှန်အစုံ(Trial
lens set)
စမ်းသပ်မှန်အစုံ(a trial lens set)သည် ရွေးချယ်စုစည်းထားသော
မှန်များဖြစ်သည်။အထူး သဖြင့် အပေါင်း နှင့်အနုတ်လက္ခဏာ စဖီးရစ် စမ်းမှန်များ၊ဆလင်ဒါစမ်းမှန်များ၊ပရစ်ဇန်
စမ်းမှန်များ နှင့် တွဲဖက် သုံးရသောမှန်ချပ်များ ပါဝင်သည်။ အရောင်အသွေး ပုံသဏ္ဍာန်အားဖြင့်
အမျိုးမျိုး ကွဲပြားနေတတ်သော် လည်း တူညီသောအချက်မှာ မျက်မှန်ပါဝါရရှိရေးအတွက် မရှိမဖြစ်လိုအပ်
သော အခြေခံမှန်များ ပါဝင်နေခြင်းပင်ဖြစ်ပါသည်။
စမ်းမှန်တခုချင်းစီတွင် ပါဝါအမျိုးအစားနှင့်
သင်္ကေတလက္ခဏာကို ထင်ထင်ရှားရှားရေးထိုး ထား၏။ စဖီးရစ်မှန်များ(spherical lens)ကို ဒိုင်အော့ဖ်တာ(dioptres)ဖြင့်တိုင်းတာ
ပြီး၊ သင်္ကေ တ(D)ဖြင့် လည်းကောင်း၊ဆလင်ဒါမှန်များ(cylindrical lens)ကို ဒိုင်အော့ဖ်တာ
ဆလင်ဒါ (dioptres cylinder)ဖြင် တိုင်းတာပြီး၊သင်္ကေတ(DC)ဖြင့် လည်း ကောင်း၊ပရစ်ဇန်မှန်များ(prism
lens)ကို ပရစ်ဇန်ဒိုင်အော့ဖ်တာ (prism diopters) ဖြင့်တိုင်းတာပြီး၊သင်္ကေတ(Δ)ဖြင့်လည်းကောင်း
ရေးမှတ်ထားကြပါသည်။
စမ်းမှန်တခုချင်းစီ၏ အနားသတ် ပတ်ပတ်လည်ကို ပလပ်စတစ်
သို့မဟုတ် သတ္တုဖြင့် အနားကွပ် ထားပါသည်။ပလပ်စတစ်ဖြင့် အနားကွပ်ထားသောမှန်များတွင် အပေါင်း
လက္ခဏာ နှင့် အနုတ် လက္ခဏာ မှန်များကို ရှာဖွေရာ၌ လွယ်ကူ စေရန်အတွက် ကွဲပြားသော အရောင်များဖြင့်
ခွဲခြား ထားတတ်ပါသည် (အထူးသဖြင့် အနုတ်လက္ခဏာမှန်များကို အနီရောင်၊အပေါင်းလက္ခဏာ မှန်များကိုအနက်ရောင်စသည်)။ လက်ဆွဲသေတ္တာငယ်
အတွင်း၌ မှန်တစ်ခုချင်းစီအတွက် အကန့် ငယ်များဖန်တီးထားပြီး၊ စမ်းမှန်ရှိပါဝါ အတိုင်း
၎င်းအကန့်ငယ်များတွင် နေရာသတ်မှတ်ရေးထိုး ထား ပါသည်။အလွယ်တကူ ရှာဖွေ နိုင်ရန်ဖြစ်ပြီး၊ မှန်များမှားယွင်း
သုံးစွဲမိခြင်းမှ ကာကွယ်ရန် နှင့် မျက်မှန် ပါဝါညွှန်ကြားလွှာကိုရေးသားရာတွင် မှန်ကန်စေ ရန်
ဖြစ်ပါသည်။အကယ်၍ စမ်းမှန် သေတ္တာငယ်အတွင်းရှိ သတ်မှတ်နေရာ၌မထားပဲ အလျဉ်းသင့်ရာနေရာ များတွင် ထားပါက၊ နောက်တစ်ကြိမ် မျက်မှန်စမ်းသောအခါ တွင်
မှားယွင်းစေမည် သာမက၊ လိုအပ်သော စမ်းမှန်ကို ရှာဖွေ နေရသည့်အတွက် ကြန့်ကြာမှုများတွေ့ကြ
ရမည်ဖြစ်ပါသည်။
စမ်းမှန်များကို သေတ္တာငယ်အတွင်း၌ နေရာချထားပုံ အမျိုးမျိုးရှိပါသည်။အထူးသဖြင့် အပေါင်း
လက္ခဏာ စဖီးရစ်မှန်များကို သေတ္တာငယ်(Trial Box)၏ ညာဖက်တွင်လည်း ကောင်း၊ အနုတ်လက္ခဏာ စဖီး
ရစ်မှန်များကို သေတ္တာငယ်၏ ဘယ်ဖက်တွင်လည်းကောင်း ထားလေ့ရှိပါ သည်။ဆလင်ဒါစမ်းမှန်များ ကိုမူ
အပေါင်းစဖီးရစ်မှန်နှင့် အနုတ်စဖီးရစ်မှန်များအကြားတွင် တွေ့ရ တတ်ပြီး၊အနုတ်ဆလင်ဒါမှန်များ
ကဘယ်ဖက်၊ အပေါင်းဆလင်ဒါမှန်များက ညာဖက်တွင်ရှိတတ်ပါ သည်။ပရစ်ဇန်စမ်းမှန်များကိုမူ ဆလင်ဒါ မှန်များအနီး
အလယ်တွင်ထားပါသည်။ မျက်မှန်ပါဝါ ရှာဖွေ ရာတွင်
တွဲဖက်၍သုံးရသော မှန်ချပ်များကို လည်း ဆလင်ဒါမှန်များအနီး အလယ်တွင် ထား လေ့ရှိသည်။
စမ်းမှန်များသည် စဖီးရစ်မှန်၊ဆလင်ဒါမှန်၊ပရစ်ဇန်မှန်စသည့်ဖြင့်
အမျိုးအစား ကွဲပြား သကဲ့သို့ ပါဝါများသည်လည်း ±0.25 D မှ ±20.00 D အထိရှိပါသည်။
±0.25 မှ ±4.00 D အထိကို ±0.25 D အဆင့်ဆင့်တိုးသွားပြီး၊
±4.00 မှ ±6.00 D အထိကိုမူ ±0.50 D အဆင့်ဆင့် တိုး၏။ ±6.00 မှ ±20.00 D အကြားတွင်မူ
±1.00 D ပါဝါ အဆင့်ဆင့်တိုးသွားလေသည်။ စမ်းမှန်ပါဝါတစ်မျိုးလျှင် မှန်နှစ်ချပ်ပါဝင်ပြီး
၊မျက်စိနှစ်ဖက်စလုံးတူညီသောပါဝါဖြစ်ပါက သုံး နိုင်ရန်ဖြစ်လေသည်။
စဖီးရစ်စမ်းမှန်များ(Spherical
Trial Lenses)
စဖီးရစ်စမ်းမှန်များသည် သေတ္တာငယ်အတွင်း၌ အပေါင်းလက္ခဏာနှင့် အနုတ်
လက္ခဏာနှစ်မျိုးစလုံးပါဝင်ပါသည်။ ထိုနှစ်မျိုးကိုခွဲခြားနိုင်ရန် နည်းလမ်း(၂)မျိုးအသုံး
ပြုထား ပါ သည်။ မှန်များကို အနားကွပ်အရောင်များခွဲထားခြင်း နှင့် လက္ခဏာသင်္ကေတ (အပေါင်း
+ နှင့် အနုတ် -)များရေး ထိုးထားခြင်းတို့ပင်ဖြစ်လေသည်။ စတင်အသုံးပြုသည်နှင့် မည်သည့်အရောင်
သည် အပေါင်းမှန်ဖြစ်၍ မည်သည့်အရောင်သည် အနုတ်မှန်ဖြစ်သည်ကို အကျွမ်းဝင်သည် အထိ လေ့လာထားရန်
အထူးလိုအပ် ပါသည်။
ထခါတရံ လက္ခဏာသင်္ကေတ ရေးထိုးမထားသည်ကိုလည်း
ကောင်း၊ မထင်မရှားပျက်ပြယ် နေခြင်း များကိုလည်းကောင်းရှားရှား ပါးပါးတွေ့ရတတ်ပါသည်။ထိုအခါ
စမ်းမှန် များ၏ အထူအပါး အခြေအနေကို ကြည့်၍ သုံးကြ ရပါသည်။စမ်းမှန်များကို အသုံးပြုနိုင်စွမ်းသည့်
ပညာရှင်တစ်ဦး အနေဖြင့် အပေါင်းမှန် သည် အလယ်၌ထူသည်ကိုလည်း ကောင်း၊ အနုတ်မှန်သည် အလယ်၌
ခွက် သည်ကိုလည်းကောင်း သိပြီးဖြစ်ပါလိမ့်မည်။
ဆလင်ဒါစမ်းမှန်များ(Cylindrical
Trial Lenses)
ဆလင်ဒါစမ်းမှန်များတွင် အပေါင်း
နှင့်အနုတ် နှစ်မျိုးတွေ့ရပါမည်။အထူးသဖြင့်အသုံးများ သည်မှာ အနုတ်ဆလင်ဒါမှန်များ ပင်ဖြစ်ပါသည်။
အချို့ သော စမ်းမှန်သေတ္တာငယ်များတွင် အကြောင်းအားလျှော် စွာ အပေါင်းဆလင်ဒါမှန်များကို
ထည့်သွင်းမထားသည်လည်းရှိတတ်ပါ သည်။စဖီးရစ်စမ်းမှန်များကဲ့သို့ အရောင်ဖြင့်ခွဲခြားထားခြင်း၊သင်္ကေ
တလက္ခဏာဖြင့်ခွဲခြားထားခြင်း များရှိပါသည်။ထူးခြားသည်မှာ ဆလင် ဒါမှန်များတွင် တစ်လိုင်းတည်းဖြစ်သော
နေရာပြဝင်ရိုး အမှတ်အသားမျဉ်ကြောင်းငယ်များ မှတ်သား ထားခြင်းပင်ဖြစ် လေသည်။ထိုမျဉ်းအမှတ်
အသားကို အနားကွပ်ကွင်းတွင်လည်း ကောင်း၊ မှန်ပေါ်တွင် လည်း ကောင်း အခြေအနေကို မူတည်၍ မှတ်
သားတတ်ပါသည်။ထိုမျဉ်းအမှတ်အသား သည် စဖီးရစ် စမ်းမှန်နှင့် ဆလင်ဒါစမ်းမှန်တို့ကိုခွဲခြား
နိုင်သောသင်္ကေတပင်ဖြစ်ပါသည်။
ပရစ်ဇန်စမ်းမှန်များ(Prism
Trial Lenses)
ပရစ်ဇန်စမ်းမှန်များတွင်
စဖီးရစ်နှင့်ဆလင်ဒါမှန်များကဲ့သို့ အပေါင်းနှင့် အနုတ် လက္ခဏာ သင်္ကေတများဖြင့် ခွဲခြားထားခြင်း၊အရောင်ဖြင့်ခွဲခြားထားခြင်းများကို
တွေ့ကြရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပရစ်ဇန်မှန်များသည် အနီးအဝေးပါဝါချိန်ဆမှု မပြုသောကြောင့်
ဖြစ်လေ သည်။ ပရစ်ဇန်မှန်များတွင် ဆလင်ဒါ စမ်းမှန်များကဲ့သို တစ်လိုင်းတည်းကျသော မျဉ်းအမှတ်
အသားနှစ်ခုနှင့် သင်္ကေတဂဏန်းများကို သာ တွေ့ကြရမည်ဖြစ်သည်။တဖက်ထူ တဖက်ပါးမှန် အမျိုးအစားဖြစ်ပြီး၊အရင်းဖက်တွင်ထူ၍
အဖျားဖက်တွင်ပါးလေသည်။
တွဲဖက်၍သုံးရသောစမ်းမှန်များ(Accessory
Trial Lenses)
တွဲဖက်၍သုံးရသော စမ်းမှန်များသည်
အထောက် အကူပြုသော ပစ္စည်းများဖြစ်လေသည်။ တစ်ခုချင်းစီတွင် အရေးပါသော ရည်ရွယ်ချက် အသီးသီးရှိ၏။
တစ်ဖက်ပိတ်အဝိုင်းပြား(Occluder)
၎င်းသည်းရိုးရှင်းသော ကရိယာတစ်ခုဖြစ်ပြီး၊အနားကွပ်
ကွင်းအတွင်း၌ အနက်ရောင် အလင်းပိတ် ပလပ်စတစ်အပြားဝိုင်းလေးတစ်ခုပင်ဖြစ်လေသည်။ မျက်စိစမ်းသပ်စစ်ဆေးရာတွင်
မျက်စိတစ်ဖက် ချင်းစီ ကို ရှေးဦးစွာစစ်ဆေးကြရသည်ဖြစ်ရာ၊ စမ်းသပ်စစ်ဆေးခြင်းမပြုသော မျက်စိတစ်ဖက်ကို
ထိုအလင်း ပိတ်အပြားငယ်ဖြင့် ယာယီပိတ်ကာထားရန်အသုံးပြု လေသည်။
အပ်ပေါက်အပြားဝိုင်း(Pinhole)
ဤကိရိယာငယ်သည် မျက်စိတဖက်ပိတ်ရန်
အသုံးပြုသော အပြားဝိုင်းနှင့်ဆင်တူ သော် လည်း မတူသောအချက်မှာ အပ်ပေါက်ငယ်တစ်ခုသို့မဟုတ်
အများ ပါနေခြင်းပင်ဖြစ်သည်။ စံလွဲ အလင်းယိုင်မှု(Refractive Error)ကြောင့်(မျက်မှန်တပ်ရန်လိုအပ်
သော)အမြင်အားနည်း နေသူ အား၊ ပကတိအမြင်ထက်(မျက်မှန်တပ်လျှင်) ပို၍မြင်နိုင်မည့် အမြင်စွမ်းရည်ကို
စမ်းသပ်စစ်ဆေးရာ တွင် လည်းကောင်း၊ အခြားသော မျက်စိကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးရာတွင်
လည်းကောင်း အသုံးပြုလေသည်။
ခရော့ဆလင်ဒါ(Cross
cylinder)
ခရော့ဆလင်ဒါသည် လက်ကိုင်ပါသောမှန်အဝိုင်းလေးဖြစ်၏၊မျဉ်းငယ်
အမှတ်အသားများ နှင့် သင်္ကေတဂဏန်းများပါဝင်လေသည်။ ခရော့ဆလင်ဒါကို အက်စတစ်မက်တစ်ဇန် -
astigmatism (ဆလင်ဒါပါဝါ)ရှိသူများ ကို တိုင်းတာရာ၌ အသုံးပြု လေသည်။
စမ်းသပ်မျက်မှန်ကိုင်း(Trial
Frame)
စမ်းသပ်မျက်မှန်ကိုင်းသည်
လိုသလိုပြောင်းလဲချိန်ဆမှုပြုနိုင်သော မျက်မှန်ကိုင်းဖြစ် သည်။ စမ်း သပ်ခံသူ၏ မျက်နှာအနေအထားကိုလိုက်၍
ချိန်ဆမှုပြုနိုင်၏။ မျက်စိနှင့် နား အကွာ အဝေး၊မျက် စိနှစ် လုံးအကွာအဝေး(interpupillary
distance (PD))၊နှာခေါင်း ရိုးအနိမ့် အမြင့် (nose pad) စသည်တို့ကို့ အလွယ်တကူ ချိန်ဆနိုင်ရန်ပြုလုပ်ထား၏။စမ်းသပ်မှန်
များကို အလွယ်တကူ ဖြုတ်တပ်ရန်နေရာ(lens cells)များကို မျက်မှန်ကိုင်း၏ရှေ့ဖက် နှင့်
အနောက် ဖက်တို့တွင် ပြုလုပ်ထားသည်။တပ်ထားသော စမ်းမှန်များကိုလည်း လက်ဖြင့် လှည့်၍ ရစေရန်
(ဆလင်ဒါပါဝါ၏ဝင်ရိုး - Axis ကိုရှာဖွေရာတွင် လွယ် ကူစေရန်)လည်း ဖန်တီး ထားသည်။ မျက်မှန်ကိုင်း၏ရှေ့တည့်တည့်(မျက်စိစမ်းသပ်စစ်ဆေးသူ
မြင် သာသောနေ ရာ)တွင်၊ Axis (ဆလင်ဒါ၏ပါဝါအမြင်လမ်းကြောင်းနေရာ)အမှတ်အသားများ(
0ံ မှ
180ံထိ 5ံ စီခြား၍)ကို လည်း ထင်ထင်ရှားရှားရေးထိုးထား လေသည်။
Trial Set ကိုအသုံးပြုကြရာ၌ ဂရုပြုရမည့်အချက်မှာ အသုံးပြုပြီးသည့်အခါတိုင်း
စမ်းမှန် များ(Trial lens)ကို ကြည်လင်နေစေရန်သန့်ရှင်းမှုပြုလုပ်ခြင်း၊နေရာတကျပြန်လည်စစ်
ဆေး၍ ထားသိုခြင်း၊ စမ်းသပ်မျက်မှန်ကိုင်း(Trial frame)အား(အများသုံးဖြစ်၍ အရက်ပြန်ကဲ့သို့
သန့်စင် ဆေးရည်များသုံး၍) သန့်ရှင်းခြင်း၊ ချိန်ဆမှုပြုရသော အတိုးအလျှော့ခလုပ်များ အားမူလနေရာ
အမှတ်အသား၌ ပြန်၍ ထားခြင်းများဖြစ်လေသည်။
ပြည့်အောင်(COA)

No comments:
Post a Comment