28.5.20

လက်နှင့်မျက်စိ တတ်သောပညာ(၃/၁/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံနေ့စဉ် သတင်းစာပါဆောင်းပါး)


     
      
                                
မျက်မှန်ပညာရှင်များ၊မျက်စိပညာရှင်များသည် ကယကံရှင်(လက်ရှိမျက်မှန်တပ်နေသူ)၏ အသုံးပြုနေသော မျက်မှန်(မျက်မှန်အဟောင်း)၏ပါဝါကို သိရှိရန်လိုအပ်သည့် အချိန်အခါများရှိပါ သည်။ မျက်မှန်တပ်နေရသူများ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးရာတွင် ပါဝါ ပြောင်းလဲမှုရှိ မရှိသိရန် အတွက် လည်းကောင်း၊ ပါဝါအညွှန်းမှတ်တမ်း ပျောက်ဆုံးသွား၍ အသုံးပြုဆဲမျက်မှန်၏ပါဝါကို  သိလိုလျှင်သော် လည်းကောင်း၊ မျက်မှန်အဟောင်း၏ပါဝါကို တိုင်းတာရှာဖွေကြ ရပါသည်။ထိုသို့ ရှာဖွေရာတွင်  နည်း လမ်းနှစ်သွယ်ရှိပါသည်။ စမ်းမှန်များ (Trial lens)ကို အသုံးပြု၍ ရှာဖွေခြင်းနှင့် ခေတ် မီစက်ကရိယာ (Vertometer) ဖြင့်ရှာဖွေခြင်းတို့ ဖြစ်ပေသည်။ မျက်မှန်တွင်တပ်ထားသော မှန်၏ ပါဝါကို တိုင်းတာ ရှာဖွေသောခေတ်မီကိရိယာကို Vertometer (ဗာတို မီတာ), Lensmeter (လန်းစ်မီတာ),Focimeter (ဖိုစီမီတာ)စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။

ယခုခေတ်တွင် မျက်မှန်၏ပါဝါကိုရှာဖွေသော ခေတ်မီကိရိယာအမျိုးမျိုး(Lensmeters) ထွန်းကား လှသည်ဖြစ်ရာ စမ်းမှန်များကိုသုံး၍ရှာဖွေသောနည်းသည် လူငယ်များအဖို့ သူစိမ်းသွင် ပြင် ဖြစ်၍နေပေ သည်။ခေတ်မီကိရိယာများသည် အပွန်းအစင်းများသော မျက်မှန်များကိုတိုင်းတာ ၍မရသောအားနည်း ချက်လည်းရှိသည်ဖြစ်ရာ၊လိုအပ်ပါက အသုံးပြုရန်အတွက်လည်းကောင်း၊ မျက်မှန်ပညာရပ်ဆိုင်ရာ မပျောက်ကွယ်သင့်သောနည်းစနစ်တစ်ခုအား ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်းရည်ရွယ်လျက် စမ်းမှန်များကိုသုံး၍ မျက်မှန်၏ပါဝါကိုရှာဖွေသောနည်းကို အဓိက ထား ရေးသားလိုပါသည်။

စမ်းမှန်များကိုသုံး၍ မျက်မှန်ရှိမှန်၏ ပါဝါကိုရှာခြင်း (Hand Neutralisation)

          စမ်းမှန်များကိုသုံး၍ မျက်မှန်၏ပါဝါကိုရှာသောနည်းသည် ရိုးရှင်းသောနည်းတစ်ခုဖြစ်ပြီး၊ အသုံးတည့်ပါသည်။ အလွန်ဈေးကြီးပြီး၊ လျှပ်စစ်မီးလိုအသော ဗာတိုမီတာ(Vertometer or Lensmeter) မရှိသောအခါတွင် အသုံးပြုနိုင်ပြီး၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအထူးလိုအပ်ပါ သည်။လက်နှင့်မျက်စိတတ်သောပညာဟုပင်ဆိုချင်ပါသည်။ သင်ယူလေ့လာမှုလည်းလိုပါသည်။ ရှေးဦးစွာ သိထားသင့်သောအချက်မှာ အရာဝတ္တုတစ်ခုကို မှန်အမျိုးအစား( အပေါင်း၊အနုတ်၊ဆ လင်ဒါ စသည်) အမျိုးမျိုးကိုဖြတ်သန်း၍ကြည့်လျှင် တွေ့ရသည့် မျက်မြင်အခြေအနေများ ကို မှတ်သားထား ရန်ပင်ဖြစ်သည်။စမ်းမှန်အစုံထည့်ထားသောသေတ္တာ( Trial Box )အတွင်းရှိ၊စမ်းမှန် (Trial Lens) တစ်ခုချင်းစီဖြင့် အရာဝတ္တုများကိုကြည့်ရှု့လေ့လာခြင်းဖြင့်လေ့ကျင့်နိုင်ပါသည်။

          ဥပမာ အပေါင်းစမ်းမှန်တစ်ချပ်ဖြင့် အရာဝတ္တုတစ်ခုကိုကြည့်လျှင် ၊ မှန်ကိုင်ထားသော လက်ကို ဘယ်ညာ အနည်းငယ်လှုပ်ကြည့်ပါက မှန်ကိုဖြတ်သန်းလျှက် မြင်ရသောအရာဝတ္တု သည် လက်ရွေ့လျား ရာ၏ ဆန့်ကျင်ဖက် (လက်ကညာဖက်သို့ရွေ့လျှင် အရာဝတ္တုပုံရိပ်သည် ဘယ် ဖက်သို့လည်းကောင်း၊ လက်ကဘယ်ဖက်သို့ရွေ့လျှင် အရာဝတ္တုသည်ညာဖက်သိုလည်း ကောင်း) သို့ရွေ့လျှားသွားသည် ကိုတွေ့၏။ ထိုနည်းတူအနုတ်မှန်ဖြင့် အထက်ပါအတိုင်း အရာ ဝတ္တုကိုကြည့်လျှင် လက်၏ရွေ့လျားရာ အတိုင်းလားရာတူရွေ့လျားသွားသည်ကို(လက်ကညာ ဖက်သိုရွေ့လျှင် အရာဝတ္တုသည်လည်းညာ ဖက်၊ လက်ကဘယ်ဖက်သို့ရွေ့လျှင် အရာဝတ္တုသည် လည်း ဘယ်ဖက်သို့) တွေ့ကြရမည်ဖြစ်သည်။ ပညာရပ် ဆိုင်ရာ အခေါ်အဝေါ်အားဖြင့် လားရာ၏ ဆန့်ကျင်ဖက်ရွေ့လျားမှုကို(Against)နှင့် လားရာတူရွေ့လျား မှုကို(With)ဟုခေါ် လေသည်။ ဤ သင်္ကေတသည် စမ်းမှန်ကိုအသုံးပြု၍ မျက်မှန်ရှိမှန်၏ပါဝါကို လက်တွေ့ ရှာဖွေရာတွင် အလွန် အသုံး တည့်ပါသည်။ 

စမ်းမှန်အမျိုးမျိုးကို နှစ်ခုကိုကပ်၍ထပ်၍(ပေါင်း) ကြည့်လျှင်တွေ့ရမည် အခြေအနေကို လည်း မျက်မြင်မှတ်၍ သိထားရန်လို အပ်ပါသေးသည်။ ဥပမာအားဖြင့် +100 D စမ်းမှန်နှင့် +400 D စမ်းမှန်တို့ကို နှစ်ခု ထပ်လိုက်လျှင် စုစုပေါင်းပါဝါသည် +100++400=+500 ဖြစ်၏။+500D စမ်းမှန်နှင့် ပါဝါတူပင်ဖြစ်ပါ မည်။ ပုံရိပ်ရွေ့လျားမှုသည်လည်းအတူတူပင်ဖြစ်ပေမည်။ + 100D စမ်းမှန်၏အရာဝတ္တုပုံရိပ်ရွေ့လျားမှု သည် ဆန့်ကျင်ဖက်(against)ဖြစ်သကဲ့သို့+400D နှင့် +500D တို့၏ပုံရိပ်ရွေ့လျားမှုသည်လည်း ဆန့် ကျင်ဖက်ရွေ့လျားမှု(against)ပင်ဖြစ်ပါမည်။

အကယ်၍ +1.00D စမ်းမှန်နှင့် – 5.00D စမ်းမှန်တို့ကို ထပ်လိုက်လျှင်၊စုစုပေါင်းပါဝါသည် +1.00D + - 5.00D = - 4.00D ဖြစ်ပြီး၊ - 4.00D စမ်းမှန်နှင့် ပါဝါတူနေပေမည်။ပုံရိပ်ရွေ့လျားမှု ကို လေ့လာလျှင်၊ +1.00Dသည် ဆန့်ကျင်ဖက်ရွေ့လျားမှု(against)ဖြစ်ပြီး၊ - 5.00Dသည် လား ရာတူရွေ့လျှား(with ဖြစ်) ၏။ သို့ဆိုလျှင် စုစုပေါင်းပါဝါဖြစ်သော-4.00D သည်လည်း(+1.00D နှင့် - 5.00D ကိုနှစ်ခုထပ်၍ ကြည့် စဉ်ကကဲ့သို့) လားရာတူ ရွေ့လျား(with ဖြစ်)ပေမည်။ ထို့ပြင် +3.00D ပါဝါရှိသောစမ်းမှန်နှင့် -3.00D စမ်းမှန်တို့ကို နှစ်ခုထပ်၍ပေါင်းလျှင် +3.00 + - 3.00 = 0 ဖြစ်၏။သို့ဆိုလျှင် +3.00D နှင့် – 3.00D တို့ ပေါင်းခြင်းသည် ပါဝါမဲ့ (Plano-ပြင်ညီ) မှန်နှင့် တူ ညီနေသည်ကိုတွေကြရပေမည်။ 
ပုံရိပ်ရွေ့လျားမှုကိုလေ့လာလျှင် +3.00D သည်အပေါင်း မှန်တို့၏ သဘာဝအတိုင်း ဆန့်ကျင် ဖက်ရွေ့ လျားမှု (against)ဖြစ်ပြီး၊ –3.00D သည် အနုတ်မှန်တို့၏ သာဝ အတိုင်း လားရာတူရွေ့လျား မှု(with)ဖြစ်သော်လည်း၊၎င်းမှန်နှစ်ချပ်ကို အတူထပ်၍ကြည့်ပါက ပါဝါ သည်(0)ဖြစ် သောကြောင့် ပါဝါမဲ့ မှန်တို့၏သဘာဝအတိုင်း ပုံရိပ်ရွေ့လျားမှု(Image movement)ရှိ မည် မဟုတ်ပေ။

သက်ငြိမ်ပုံရိပ်ကိုရှာဖွေခြင်း (Hand Neutralisation) 

          မျက်မှန်တွင်ရှိသောမှန်၏ပါဝါကိုမသိလျှင် မိမိပါဝါသိပြီးဖြစ်သော စမ်းမှန်များကိုအသုံးပြု၍ သက်ငြိမ်ပုံရိပ်ရရှိရန်ဆောင်ရွက်ခြင်း(neutralising) ဖြင့် ရှာဖွေနိုင်သည်။ မျက်မှန်ရှိမှန်နှင့်စမ်းမှန် တို့ကိုထိကပ်၍ထပ်လျှက် လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ဘယ်မှညာသို့ ညာမှဘယ်သို့ အနည်းငယ်လှုပ် ၍ မှန်နှစ်ခုလုံးကိုဖြတ်သန်းကြည့်ရှုသောအခါ လှုပ်ရှားမှုမရှိသော (သက်ငြိမ်) ပုံရိပ်ကိုရရှိအောင် ဆောင် ရွက်ခြင်းသည် Hand Neutralisation ပင်ဖြစ်ပါသည်။သက်ငြိမ်ပုံရိပ်ရရှိစေရန်မှာ ပမာဏ တူလက္ခဏာကွဲ ဆန့်ကျင်ဖက်စမ်းမှန်နှစ်ခု(opposite power)ထိကပ်ထပ်၍ ရှာဖွေမှသာရနိုင်ပါ သည်။

          ဥပမာအားဖြင့်+3.00D ပါဝါမှန်နှင့်-3.00D ပါဝါမှန်တို့ကိုအတူထပ်၍ ကြည့်ရှုလျှင်ပုံရိပ်လှုပ် ရှားမှုရှိမည်မဟုတ်။ ထို့ကြောင့် +3.00 ၏သက်ငြိမ်ပုံရိပ်ဖြစ်စေသောပါဝါသည် - 3.00 ဖြစ်၏။ ထို နည်း တူ - 7.00D နှင့်+7.00D ပါဝါ ၊ – 2.75D နှင့်+2.75D ပါဝါမှန်များသည် သက်ငြိမ်ပုံရိပ်ကိုဖြစ် စေသော ဆန့်ကျင်ဖက်မှန်များဖြစ်ပြီး၊အခြားသော သဘာဝတူမှန်များကိုလည်း ဤနည်းအတိုင်း နားလည်ထားရန် ပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပါဝါမသိသော မျက်မှန်၏မှန်တွင် ပါဝါသိသော စမ်းမှန်ကို ထိကပ်ထပ်၍ ကြည့်ပါက သက်ငြိမ်ပုံရိပ်ကိုဖြစ်ပေါ်စေလျှင်၊မျက်မှန်ရှိမှန်သည် စမ်းမှန်ရှိ ပါဝါတူဆန့်ကျင်ဖက်လက္ခဏာ ရှိသောပါဝါပင်ဖြစ်လေသည်။ထို့ကြောင့် (- 3.00D)ပါဝါမှန် ဖြင့်ထပ် ၍ကြည့်ပါက သက်ငြိမ်ပုံရိပ်ကိုဖြစ်စေ လျှင် မျက်မှန်မှန်၏ပါဝါသည် (+3.00D)ဖြစ်ပြီး၊ (+3.00D) စမ်းမှန်ဖြင့်ထပ်၍ကြည့်ပါက သက်ငြိမ်ပုံရိပ်ကို ဖြစ်စေလျှင်၊မျက်မှန်၏ပါဝါသည်(-3.00D)ဖြစ် ပေ မည်။ အနုတ်ပါဝါရှိသောမျက်မှန်၏ပါဝါကို အပေါင်းစမ်းမှန်ဖြင့်ရှာဖွေနိုင်ပြီး၊အပေါင်း ပါဝါရှိသော မျက်မှန်၏ပါဝါကို အနုတ်စမ်းမှန်ဖြင့်စူးစမ်းရှာဖွေရန်ဖြစ်ပါသည်။

မှန်အမျိုးအစားများကို မျက်မြင်ခွဲခြားခြင်း

        စမ်းမှန်များဖြင့် မျက်မှန်ရှိပါဝါကိုရှာဖွေရာတွင် ပါဝါအမျိုးအစားများကို ပကတိ မျက်စိ ဖြင့်ကြည့်၍ မျက်မြင်ခွဲခြားတတ်ရန် အရေးကြီးပါသည်။မျက်စိကျင့်သားရနေစေရန်လည်းအဖန် ဖန်အထပ်ထပ် ကြည့်ရှုမှတ်သားလေ့ကျင့်ရန်လိုပါသည်။မျက်မှန်ရှိမှန်ကို မိမိ၏မျက်စိရှေ့တွင် မြင်သာစေရန်ကပ်၍ ထားပြီး၊မှန်ကိုဘယ်ညာ အနည်းငယ်လှည့်၍ကြည့်ခြင်း၊ ဘေးဘယ်ညာ အနည်းငယ်လှုပ်ရွေ့၍ကြည့်ြ ခင်းများဖြင့် ခွဲခြားရပါသည်။ပုံရိပ်အကြီးအသေး၊ မှန်ကိုလှုပ်ရှားမှုပြု သောအခါ၌ ပုံရိပ်ရွေ့လျားပုံ၊ ထောင် လိုက်မျဉ်းများ၊ထောင်လိုက်တိုင်များ၏ ပြောင်းလဲသွား သော အခြေအနေများကို ကြည့်၍ ဆုံးဖြတ်ကြရပါ သည်။

          မျက်မှန်မှန်သည် အလယ်၌ပို၍ထူက အပေါင်းလက္ခဏာမှန်ဖြစ်ပြီး၊အလယ်၌ပါး၍ ဘေး ပတ်လည် တွင်ထူပါက အနုတ်မှန်ဖြစ်သည်ကိုအကြမ်းဖျင်းသိနိုင်ပါသည်။ မှန်ကိုမျက်စိရှေ့ အနည်း ငယ်ခွာ၍ကြည့် ပါက ပကတိအရှိထက်ပုံရိပ်ပိုကြီးနေလျှက် ဘေးဘယ်ညာသို့ အနည်းငယ်လှုပ် ကြည့်လျှင်ဆန့်ကျင်ဖက်သို့ ပုံရိပ်ရွေ့လျားသွားလျှင် အပေါင်းလက္ခဏာမှန်။ပကတိအရှိထက် ပို၍ သေးပြီး၊ဘေးဘယ်ညာသို့အနည်း ငယ်လှုပ်၍ကြည့်လျှင် လားရာတူသို့ ပုံရိပ်ရွေ့လျားသွားလျှင် အနုတ်မှန် စသည့်ဖြင့်ခွဲခြားနိုင်ပါသည်။ မှန်ကို မျက်စိရှေ့တွင် ကပ်ထားလျှက် နံရံပေါ်ရှိထောင်လိုက် မျဉ်းများ၊တိုင်များ၊ပြူတင်းဒေါက်တိုင်များကို ဘယ် ညာလှည့် (clockwise and anti-clockwise) ၍ ကြည့်လျှင်၊ရွေ့လျားပြောင်းလဲမှုမရှိပါက ရိုးရိုးစဖီးရစ်ပါဝါ၊ ဘယ်ညာယိမ်းလျက် ကတ်ကြေးညှပ် သည့်သဏ္ဍာန်(“scissors” movement)လှုပ်ရှားပြောင်းလဲလျှင် စဖီရိုဆလင်ဒါပါဝါ သို့မဟုတ် ဆလင်ဒါပါဝါ စသည်ဖြင့်သိနိုင်ပါသည်။

          လက်ထဲရောက်လာသော မျက်မှန်တစ်လက်၏ပါဝါကိုသိရန်အတွက် အခြေခံအကျဆုံးလုပ် ဆောင် ရန်မှာ မျက်မြင်အကဲဖြတ်ခြင်းဖြစ်သည်။ မှန်ကို မျက်စိရှေတွင် အနည်းငယ်( ၄”, ၅” ခန့်) ခွာ၍၊ အထက်ေ အာက် ဘေးဘယ်ညာ လှုပ်၍ကြည့်ခြင်း၊ဘယ်ညာ လှည့်၍ကြည့်ခြင်း များဖြင့် ပါဝါ အမျိုးအစား ကိုခန့်မှန်း ရပါမည်။ ထိုကဲ့သို့ခန့််မှန်းချက်အရ မိမိလက်ဝယ်ရှိမှန်သည် +4.00D ဟု ခန့်မှန်းသည်ဆိုပါက၊ - 4.00D မှန်ဖြင့်ထပ်၍ အထက်အောက် ဘေးဘယ်ညာ အနည်းငယ် လှုပ် ကြည့်ပါ။ ပုံရိပ်သည် ဆန့်ကျင်ဖက် (against) သို့ရွေ့နေသေးလျှင် +4.00D ထက်ပိုနေသည်ဟု မှတ်ယူရပါမည်။ပိုရိပ်ရွေ့လျားမှုများလျှင် ပါဝါ ကွာဟမှု များသည်ဟုမှတ်ယူနိုင်ပြီး၊ပုံရိပ်ရွေ့လျားမှု နည်းလျှင်ပါဝါကွာဟမှုနည်းသည်ဟုမှတ်ယူနိုင်ပါ သည်။ - 4.00D ထက်ပိုသောပါဝါမှန်များဖြင့် သက်ငြိမ်ပုံရိပ်ရသည်အထိ ဆက်၍ရှာဖွေသွားရန်ဖြစ်ပါသည်။ ဆန့်ကျင်ဖက် (against)ရွေ့လျားမှု မှ၊လားရာတူ(With)ရွေ့လျားသွားလျှင် အရှိပါဝါထက်ပို၍သွား သည်ဟု မှတ်ယူ၍ ပါဝါလျော့သော စမ်းမှန်ဖြင့် ပြန်၍ စမ်းစစ်ရှာဖွေရမည်ဖြစ်ပါသည်။ ။ထိုနည်းတူ အနုတ်မှန်များ၏ ပါဝါကိုလည်း အပေါင်း စမ်းမှန်များကို အသုံးပြု၍ရှာဖွေနိုင်ပါသည်။

          ဆလင်ဒါပါဝါမှန်များနှင့် စဖီရိုဆလင်ဒါမှန်များကို မျက်မြင်အကဲဖြတ်ရာ၌ ထင်ရှားသော သင်္ကေတ မှာ ကတ်ကြေးကိုက်သဏ္ဍာန်ပုံရိပ်လှုပ်ရှားမှု(“scissors” movement)ကိုမြင်တွေ့ရခြင်း ပင်ဖြစ်ပါသည်။ ထိုသို့မြင်တွေ့ရခြင်းမှာ ဆလင်ဒါမှန်နှင့်စဖီရိုဆလင်ဒါမှန်များသည် အမြင်လမ်း ကြောင်း(Meridian)နှစ် ခုရှိသောကြောင့်ဖြစ်ပါသည်။အမြင်လမ်းကြောင်းနှစ်ခုရှိသောကြောင့်ပါဝါ သည်လည်း နှစ်မျိုးရှိမည်ဖြစ်၏။ အမြင်လမ်းကြောင်းတစ်ခုချင်းစီအတွက် ပါဝါတစ်မျိုးစီကိုရှာဖွေရ မည်ပြီး၊ရရှိသောပါဝါနှစ်မျိုးခြား နားခြင်း အားဖြင့် ဆလင်ဒါပါဝါကိုရရှိမည်ဖြစ်ပါသည်။ကြက်ခြေခတ် အမြင်လမ်းကြောင်း(Optical Cross)သဘော တရားအရ၊ပါဝါပိုများသောအမြင်လမ်းကြောင်းသည် ပါဝါအမြင်လမ်း ကြောင်းဖြစ်ပြီး၊ပါဝါနည်းသော အမြင်လမ်းကြောင်းသည် နေရာပြအမြင်လမ်း ကြောင်း (Axis Meridian) ဖြစ်ရာ၊ ပါဝါ နည်းသောအမြင် လမ်းကြောင်းသည် ဆလင်ဒါပါဝါ၏ ဝင်ရိုး (Axis) ပင်ဖြစ်လေသည်။(90ံ,180ံ,30ံ,135ံ စသည်)

ခေတ်မီကိရိယာ(Vertometer or Lensmeter)ဖြင့် မျက်မှန်၏ပါဝါကိုရှာဖွေခြင်း

          ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် အခြားသောနည်းပညာရပ်များနည်းတူ မျက်မှန်၏ပါဝါကို ရှာ ဖွေေ သာ ခေတ်မီကိရိယာ (Lensmeter) များကိုလည်း၊ တစ်နေ့ထက်တစ်နေ့ ပို၍တိကျသော၊ လွယ်ကူသော ၊မြန်ဆန်သော အရည်အသွေးများဖြင့် ထုတ်လုပ်လာကြလေသည်။ထိုကိရိယာများ ကို ကိုင်တွယ်အသုံးပြု နိုင်ရန်အတွက်လည်း အထူးအချိန်ယူသင်ကြားရန်မလိုအပ်ပဲ အညွှန်း သင်္ကေတ ခလုပ်များ၏ အလုပ်လုပ် ပုံကိုလေ့လာရုံမျှဖြင့် အသုံးပြုနိုင်လေသည်။ထုတ်လုပ်သော ကုမ္ပဏီပေါ်မူတည်၍ ဒီဇိုင်းအမျိုးမျိုးရှိ နိုင်သော်လည်း၊တူညီသောအချက်မှာ - ပါဝါသိလိုသော မျက် မှန်ကို ကိရိယာ၏သတ်မှတ်နေရာ၌ တင် ထားပြီး၊လိုအပ်သောရွှေ့လျားမှုကို အနည်းငယ်ပြုလုပ်ရုံမျှ ဖြင့် မျက်မှန်၏ပါဝါကို စက္ကန့်အနည်းငယ်အတွင်း သိနိုင်ခြင်းပင်ဖြစ်လေသည်။

  ပြည့်အောင်(COA)



No comments:

Post a Comment