မှန်ဘီလူးများ(Spherical
Lens)ကို စံလွဲအလင်းယိုင်ခြင်းကြောင့် အမြင်အာရုံမကြည် လင်သည့် အချို့သော မျက်စိမှုန်ခြင်းများကို
ကြည်လင်သောအမြင်အာရုံ ရရှိလာစေရန်အတွက် ပြုပြင်ရာတွင် အသုံးပြုပါ သည်။မှန်ဘီလူးများကို
မျက်မှန်ကိုင်းတွင် ထည့်သွင်း၍ အနီးမှုန်သူနှင့် အဝေးမှုန်သူများအား တပ်ဆင် စေခြင်းဖြင့်
ပို၍ကောင်းသောအမြင်ကို ရရှိစေမည်ဖြစ်ပါသည်။
မှန်ဘီလူးများတွင် အပေါင်းလက္ခဏာမှန်(Plus
lens)နှင့် အနုတ်လက္ခဏာမှန်(Minus lens) များ ဟူ၍ရှိရာ အပေါင်းလက္ခဏာမှန်၏ အနည်းဆုံးမျက်နှာပြင်တစ်ခုသည်(ဘောလုံး၏
အပြင်မျက် နှာပြင် ကဲ့သို့) မျက်နှာပြင်ခုံးဖြစ်သည်။အပေါင်းမှန်များ၏ အခြားသောအမည်ကွဲများမှာ-Positive
Lens (ပုံကြီးချဲ့ မှန်)၊Convex Lens (မှန်ဘီလူးခုံး)၊Converging Lens( အလင်းစုမှန်)။
အနုတ် လက္ခဏာ မှန်၏ အနည်း ဆုံးမျက်နှာပြင်တစ်ခုသည်(ဘောလုံးတစ်လုံး၏ အတွင်းမျက် နှာပြင်ကဲ့သို့)
မျက်နှာပြင် ခွက်ဖြစ်သည်။ အနုတ်မှန်များကို အောက်ပါအတိုင်း အခြားအမည်များဖြင့် လည်းခေါ်
ကြသေးသည်။ Negative Lens (ပုံသေးချုံ့မှန်)၊Concave Lens (မှန်ဘီလူးခွက်)၊Diverging
Lens (အလင်းဖြာမှန်)။
အပေါင်းလက္ခဏာမှန်များကို
အမြင်အလျားရှည်သောကြောင့် မျက်စိမှုန်သူများနှင့်သက်ကြီး အနီး မှုန်သူများ အတွက် အသုံးပြုပြီး၊
အနုတ်လက္ခဏာမှန်များကိုမူ အမြင်အလျားတိုသောကြောင့် အဝေးမှုန် သူများအတွက် အသုံး ပြုလေသည်။
မှန်တစ်ခု၏ပါဝါကို
၎င်းမှန်၏ချိန်ဆနိုင်မှုပမာဏဖြင့် တိုင်းတာသည်။မှန်တစ်ခုတွင် အတွင်း မျက်နှာပြင်နှင့် အပြင်မျက်နှာပြင်ဟူ၍
နှစ်ခုရှိရာ မျက်နှာပြင်တိုင်းတွင်ပါဝါရှိပါသည်။မှန်၏ပါဝါသည် ထို အတွင်း အပြင်မျက်နှာပြင်နှစ်ခုတွင်ရှိသော
ပါဝါနှစ်ခုပေါင်းပင်ဖြစ်သည်။ခုံးသော မျက်နှာပြင်ရှိ သည့် မှန်၏ပါဝါသည် အလင်းတန်းများကိုစုဆုံစေသော
အပေါင်း(+)ပါဝါဖြစ်ပြီး၊ခွက်သောမျက်နှာ ပြင်ရှိ သည့် မှန်၏ပါဝါ သည်၊အလင်းတန်းများကိုခွဲဖြာစေသော
အနုတ် (-)ပါဝါဖြစ်သည်။ ခုံးသော မျက်နှာ ပြင်ဖြစ်စေ၊ခွက်သောမျက်နှာပြင်ဖြစ်စေ၊ပို၍ခုံးသော
သို့မဟုတ် ပို၍ခွက်သော မှန်သည်၊ အခုံးနည်း သော သို့မဟုတ် အခွက်နည်းသောမှန်ထက် ပို၍ပါဝါများသည်။
စဖီးရစ်မှန်များ၏ပါဝါကို
Dioptres ဖြင့်တိုင်းတာသည်။သင်္ကေတအားဖြင့် “ D ” ဖြင့်ရေး မှတ်ကြသည်။Dioptres ကိုတိုင်းတာရာတွင်
မျက်နှာပြင်ခုံး သို့မဟုတ် မျက်နှာပြင်ခွက်တစ်ခု၏ အလင်းတန်းစုဆုံနိုင်သည့်ပမာဏ သို့မဟုတ်
အလင်းတန်းခွဲဖြာနိုင်သည့်ပမာဏ ဖြင့် တိုင်းတာ ပါသည်။
မျက်မှန်ပါဝါကို
ရေးမှတ်ရာတွင် ဒဿမအမှတ်၏နောက်တွင် ဂဏန်းနှစ်လုံးထား၍ရေးမှတ် သည်။ (With two
numbers after the decimal point) ဥပမာအားဖြင့်…….+0.25 D , +0.50 D , +0.75 D,
+1.00 D…… စသည်……-0.25 D , -0.50 D , -0.75 D , -1.00 D ………စသည်ဖြင့် ဖြစ်၏။
အမြင်အလျား
- ဆုံတာ(Focal Length)
ပြိုင်လင်းတန်းများသည်
အပေါင်းမှန်ကိုဖြတ်သန်းလျှင် အလင်းတန်းများကိုစုဆုံစေမည်။ ထို စုဆုံလာသောအလင်းတန်းများကို
အပေါင်းမှန်၏ အနောက်ဖက်တွင်ရှိသော ဆုံမှတ်(Focal Point) တွင်တွေ့ဆုံ သည်။မှန်နှင့်ဆုံမှတ်အကြား
အကွာအဝေးကို အမြင်အလျား သို့မဟုတ် ဆုံတာ (Focal Length)ဟုခေါ် သည်။အပေါင်းမှန်တွင် ဆုံမှတ်သည်
မှန်၏အနောက်ဖက်တွင်ရှိသောကြောင့် ပုံရိပ် အရွယ်အစားကြီး(ပုံကြီးချဲ့)သည့် သဘာဝရှိပါ
သည်။
ပြိုင်လင်းတန်းများသည်
အနုတ်မှန်အတွင်းသို့ ဖြတ်သန်းဝင်ရောက်သည့်အခါတွင်၊ အလင်း တန်း များကို ခွဲဖြာစေသည်။ထိုခွဲဖြာသွားသောအလင်းတန်းများသည်
မှန်ဘီလူး၏ အနောက်ဖက်တွင် ဆုံတွေ့ ခြင်းမရှိချေ။အလင်းတန်း တစ်ခုနှင့်တစ်ခု ပို၍ဝေးသောဆီသို့သာ
ခွဲဖြာ၍သွား၏။ ဆုံမှတ်မှာမူ မှန်၏ရှေ့တွင် အလင်းတန်းများကိုဖြည့်စွက်ရေးဆွဲ၍ မှန်းဆချက်အဖြစ်
သာတွေ့ရမည်ဖြစ်သည်။ထို ဆုံမှတ်ကို(virtual focal pointအဖြစ်) မှန်းဆကြည့် သို့မဟုတ်
ခန့်မှန်းကြည့်(သိ) ခြင်းဖြင့်သာလျှင် အလင်းတန်းများ၏လာရာနှင့် လားရာကို သိနိုင်မည်ဖြစ်ပေသည်။
အနုတ်မှန်များ၏
အမြင်အလျှားသည် မှန်နှင့် ထိုဆုံမှတ်အကြား အကွာအဝေးပင်ဖြစ်ပါသည်။ အနုတ်မှန်များ၏ပုံရိပ်သည်
အရွယ်အစားလျှော့(ပုံရိပ်ချုံ့)သည့် သဘောသဘာဝရှိပါသည်။ အဘယ့် ကြောင့်ဆိုသော် ဆုံမှတ်သည်မှန်ဘီလူး၏ရှေ့တွင်ရှိ
နေသောကြောင့် ဖြစ်ပါသည်။
မှန်များ၏ပုံသဏ္ဍာန်နှင့်ပါဝါ
(Lens Shape and Lens Power)
မှန်များတွင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့်ပါဝါအမျိုးမျိုးရှိကြပါသည်။ ဥပမာ(၁) အပေါင်းမှန်များတွင် တဖက်ပြင်ညီတဖက်ခုံး၊နှစ်ဖက်ခုံး၊တဖက်ခုံးတဖက်ခွက်
စသည်ဖြင့် ပုံသဏ္ဍာန်အားဖြင့် တူညီခြင်းမရှိသော်လည်း ပါဝါတူကြလျှင် အလင်းတန်းများကိုတူညီသော
ပမာ ဏဖြင့် စုဆုံစေမည်ဖြစ်ပါသည်။
ဥပမာ(၂)
ထိုနည်းတူ
အနုတ်မှန်များတွင် တဖက်ပြင်ညီတဖက်ခွက်၊နှစ်ဖက်ခွက်၊တဖက်ခုံးတဖက်ခွက် စသည်ဖြင့် ပုံသဏ္ဍာန်မတူကြသော်လည်း
ပါဝါတူကြလျှင် အလင်းတန်းများကို တူညီသောပမာဏဖြင့် ခွဲဖြာစေမည်ဖြစ်ပါသည်။
အပေါင်းလက္ခဏာမှန်များ(Plus
lens)
အပေါင်းမှန်များသည်
အလယ်တွင်ထူ၍ အနားသတ်များပါးသော မှန်အမျိုးအစားဖြစ်၍ ခွဲခြား ရန် လွယ်ကူပါသည်။အပေါင်းမှန်များ၏
အမြင်လမ်းကြောင်းဗဟို(Optical Centre)သည် မှန်၏အထူ ဆုံးအပိုင်း အလယ်တည့်တည့်တွင်ရှိပါသည်။အပေါင်းမှန်များဖြင့်
အရာဝတ္တုပုံရိပ်များကိုကြည့်လျှင် ပို၍ကြီး ပို၍နီး လာသည်ကိုတွေ့ရမည်ဖြစ်ပါသည်။အနုကြည့်မှန်ဘီလူးများသည်
အပေါင်းမှန်များ၏ ထင်ရှားသော နမူနာပင်ဖြစ် ပေသည်။
သက်ကြီးအနီးမှုန်သူများနှင့်
အမြင်အလျားရှည်သောကြောင့် အဝေးမှုန်သူများ၏
မျက်မှန်တွင် အပေါင်းမှန်များကိုတပ်ရန်လိုပါသည်။+2.50D ပါဝါရှိသော စာကြည့်မျက်မှန်မှန်၏
ပါဝါကို ညွှန်းလျှင်..
“+” သင်္ကေတသည် အပေါင်းမှန်ကိုညွှန်းခြင်းဖြစ်ပြီး…“+2.50D”
သည် 2D နှင့် 1/2 D တို့ကိုညွှန်းခြင်း ဖြစ်ပါသည်။
အလင်းတန်းများကို
စုဆုံစေသော အပေါင်းမှန်များ၏မျက်နှာပြင်သည်…တဖက်ခုံးတဖက်ပြင်ညီ မှန်၊ နှစ်ဖက်ခုံးမှန်၊
တဖက်ခုံးတဖက်ခွက်မှန် စသည်ဖြင့် မျက်နှာပြင်အမျိုးမျိုးရှိကြသည်။
- တဖက်ခုံး တဖက်ပြင်ညီမှန်တွင် မျက်နှာပြင်ခုံးပါဝါသည်
+4.00 D ဖြစ်လျှင်၊ပြင်ညီပါဝါသည် “0” ဖြစ်သောကြောင့် ၊ မှန်ဘီလူး၏ပါဝါသည် +4.00 D + 0 = +4.00 D ဖြစ်၏။
- နှစ်ဖက်ခုံးမှန်ဘီလူးတွင် မျက်နှာပြင်ခုံးတဖက်သည် +
2.00 D ဖြစ်ပြီး၊ အခြားတဖက်သည် +2.00 D ဖြစ်လျှင်၊မှန်ဘီလူး၏ပါဝါသည် +2.00 D
+2.00D = +4.00 D ဖြစ်၏။
- တဖက်ခုံးတဖက်ခွက် မှန်ဘီလူးတွင် မျက်နှာပြင်ခုံးတဖက်သည် +6.00 D ဖြစ်ပြီး ၊အခြားတဖက် သည် - 2.00 D ဖြစ်လျှင်၊မှန်ဘီလူး၏ပါဝါသည် +6.00 D +(-2.00 D) = +4.00 D ဖြစ်ပေမည်။
အနုတ်လက္ခဏာမှန်များ(Minus
Lenses)
အနုတ်လက္ခဏာမှန် သို့မဟုတ်
ပုံရိပ်ကိုချုံ့စေသောမှန်ကိုခွဲခြားရန်မှာ မှန်၏အနားသတ်များ သည် အလယ်ဗဟိုထက် ပို၍ထူနေခြင်း၊အလယ်ဗဟိုသည်ခွက်
(ပါး) နေခြင်း၊သင်္ကေတများဖြင့် သိနိုင် ပါသည်။ အမြင်လမ်းကြောင်းဗဟို(Optical
Centre) သည် အနုတ်မှန်၏ အပါးဆုံးနေရာ(အလယ် ဗဟို)တွင်ရှိနေ၏။ အရာဝတ္တုပုံရိပ်များကို
အနုတ်မှန်ဖြင့်ကြည့်လျှင် ပို၍သေးသွားသည် ၊ ပို၍ဝေးသွား သည်ဟု ထင်ရပါသည်။
အမြင်အလျားတိုသောကြောင့်
အဝးမှုန်သူ(Myopia)များအား ကြည်လင်သော အမြင်ရစေရန် အနုတ်ပါဝါမျက်မှန်များကို တပ်ဆင်စေရမည်ဖြစ်သည်။တခါတရံ
မျက်မှန်ပါဝါညွှန်ကြားသော အညွှန်း စာ ရွက်တွင် -3.75D ဟုရေးသားထားသည်ကို တွေ့ဘူးကြပေလိမ့်မည်။ဤနေရာတွင်
… “ - ” သင်္ကေတသည် အနုတ်ပါဝါမှန်ကိုသုံးရန်
ညွှန်ကြားခြင်းဖြစ်ပြီး ၊ “-3.75D” သင်္ကေတသည် 3D နှင့် 3/4D ကိုညွှန်ကြားခြင်းဖြစ်ပါသည်။
အနုတ်မှန်များသည်
အလင်းတန်းများကိုခွဲဖြာစေသည်၊ထို့ကြောင့်အနုတ်မှန်တို့၏ မျက်နှာပြင် များ သည်…..တစ်ဖက်ပြင်ညီ(Flat)နှင့်
တစ်ဖက်ခွက်(Concave)မှန် ၊ နှစ်ဖက်ခွက်မှန်၊ တစ်ဖက်ခုံး (Convex)နှင့် တစ်ဖက်ခွက်မှန်တို့အဖြစ်
တွေ့ကြရမည်ဖြစ်၏
အနုတ်မှန်များ၏
မျက်နှာပြင်များသည် အမျိုးမျိုးရှိပြီး၊မှန်တစ်ခုချင်းစီ၏ ပါဝါကိုတွက်ချက်ရာ၌ မျက်နှာ
ပြင်နှစ်ခု၏ပါဝါကို ပေါင်း၍တွက်ကြပါသည်။
- တဖက်ခွက်
တဖက်ပြင်ညီမှန်တွင် မျက်နှာပြင်ခွက်ပါဝါသည် -4.00 D ဖြစ်လျှင်၊ပြင်ညီမျက်နှာ ပြင်ပါဝါသည်
0 ဖြစ်သောကြောင့် မှန်ဘီလူး၏ပါဝါသည် (- 4.00 D)+ 0 = -4.00 D ဖြစ်၏။
- နှစ်ဖက်ခွက်မှန်တွင်
မျက်နှာပြင်ခွက် တခုချင်းစီ၏ပါဝါသည် - 2.00 D ဖြစ်လျှင် ၊ မှန်ဘီလူး၏ ပါဝါသည် (-
2.00 D )+(-2.00D)= - 4.00 D ဖြစ်ပေမည်။
- တဖက်ခုံး
တဖက်ခွက်မှန်တွင် မျက်နှာပြင်ခုံးပါဝါသည် +2.00 D ဖြစ်ပြီး၊မျက်နှာပြင်ခွက်ပါဝါ သည်
- 6.00 D ဖြစ်ပါက၊မှန်ဘီလူး၏ပါဝါသည် (+2.00 D)+(- 6.00 D) = -4.00 D ဖြစ်ပေ လိမ့်မည်။
ပြည့်အောင်(COA)
(ICEE
– International Centre For Eyecare
Education(Brien Holden Vision Institute Foundation),Refractive Error
Training Package,Student Manual ကို မှီငြမ်းပါသည်)

No comments:
Post a Comment