27.5.20

ဆလင်ဒါမှန်နှင့်စံသင်္ကေတများ (၈/၁၁/၂၀၁၉ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး)


       


                                               
          ဆလင်ဒါပါဝါဟူသော အသုံးအနှုန်းကို မျက်မှန်တပ်ဆင်ကြရသူများသာမက နီးစပ်ပတ် သက်သူ များပါ ကြားဘူးနားဝရင်းနှီးကြပြီးဖြစ်ပါသည်။ဆလင်ဒါပါဝါရရှိရေးအတွက် ဆလင်ဒါမှန်ကို မျက်မှန်ကိုင်း အတွင်းသို့ ပညာရှင်များက စနစ်တကျ ပြုပြင်တပ်ဆင်မှသာ အသုံးပြုသူအတွက် အဆင်ပြေမည်ဖြစ်ရာ၊ ဤအကြောင်းကို ဗဟုသုတအလို့ငှာ ရေးသားလိုပါသည်။

          အက်စတီမက်တစ်မှန်(ဆလင်းဒါမှန်)များကို မှန်အမျိုးအစားအားဖြင့်နှစ်မျိုးတွေ့ရပြီး၊ဆ လင်ဒါ မှန်နှင့် စဖီရိုဆလင်ဒါမှန်ဟူ၍ ဖြစ်ပါသည်။အခြားသော အခေါ်အဝေါ်များအဖြစ်…….. ဆလင်ဒါမှန်များကို… Cylinderical  Lens = Cylinder Lens = Cylinder ဟူ၍လည်း ကောင်း၊ စဖီရိုဆ လင်ဒါမှန်များကို….. Sphero – Cylinderical Lens = Spher – Cylinder Lens = Sphero – Cyl Lens စသည်ဖြင့်လည်း ခေါ်ကြသည်ကို မျက်မှန်သုံးမှန်များအကြောင်းကို ရေးသားစဉ်က ထည့်သွင်းရေးသားပြီးဖြစ်ပါသည်။

          ဆလင်ဒါမှန်များသည် အက်စတစ်မက်တစ်ဇန်ရှိ၍ မျက်စိမှုန်သူများအား အမြင်အာရုံတိုး တက် အောင်ပြုပြင်ပေးပြီး၊စဖီရိုဆလင်ဒါမှန်များသည် အက်စတစ်မက်တစ်ဇန်နှင့်တွဲလျှက်ရှိသော အမြင် အလျားရှည်မျက်စိမှုန်၊အမြင်အလျားတိုမျက်စိမှုန်နှင့် သက်ကြီးအနီးမှုန်သူများအား ကြည် လင်သော အမြင်ကိုရရှိစေရန်ပြုပြင်ပေးသည်ကိုလည်း သိရှိပြီးဖြစ်ပေမည်။

အက်စတီမက်တစ်မှန်(ဆလင်ဒါမှန်)၏ အထူအပါးသည် မှန်၏အနားသတ်ပတ် ပတ်လည် တွင်ပင် တနေရာနှင့်တနေရာ တူညီမှုမရှိသော်လည်း၊မျက်နှာပြင်များမှာမူ စဖီးရစ်မှန် များ၏ မျက်နှာ ပြင်များကဲ့သို့ အမျိုးမျိုးရှိကြပါသည်။ပြင်ညီ-Plano(Flat)၊ မျက်နှာပြင်ခုံး-(Convex)၊ မျက်နှာပြင် ခွက်(Concave) စသည်ဖြင့်ဖြစ်ပါသည်။

စဖီရိုဆလင်ဒါမှန်များသည် ဆလင်ဒါပါဝါနှင့်စဖီးရစ်ပါဝါတို့အတူတကွပေါင်းစပ်ထားသော မှန် များဖြစ်ရာ ၊၎င်း၏အဓိကအမြင်လမ်းကြောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျနေရာ (၉၀ံ)တွင် ဆုံတွေ့ကြပါသည်။ ဆုံတွေ့ရာနေရာသည် ကြက်ခြေခတ်သဏ္ဍာန်အမြင်လမ်းကြောင်း (Optical Cross)နေ ရာပင်ဖြစ်သည် ။ထိုနေရာသည် ဆလင်ဒါမှန်၏ အမြင် ချိန်ဆနိုင်မှုပါဝါကိုရှာ ဖွေရာ၌  အထောက်         အကူပြုသောနေရာဖြစ်ရာ၊အမြင်ဆိုင်ရာပညာရှင်များက ပုံစံများရေးဆွဲ၍ အသုံးပြုကြပါသည်။
ဆလင်ဒါ(အက်စတီမက်တစ်)မှန်များ၏ပါဝါကို ဒိုင်အော့ပ်တာဆလင်ဒါ(Dioptres Cylinder)ဖြင့် တိုင်းတာပါသည်။အတိုကောက် သင်္ကေတအဖြစ် DC ဟူ၍ရေးမှတ်ကြ၏။

နေရာပြသင်္ကေတ စံသတ်မှတ်ချက် (Standard Axis Notation)

        စဖီးရစ်မှန်များနှင့် ဆလင်ဒါမှန်များ၊စဖီရိုဆလင်ဒါမှန်များ၏ အဓိကခြားနားသော အချက်မှာ ဆလင်ဒါပါဝါအညွှန်းကိုရေးသားရာတွင်ဖြစ်စေ၊ဆလင်ဒါမှန်များကို မျက်မှန်ကိုင်း အတွင်း သို့ ထည့်သွင်းရာတွင်ဖြစ်စေ၊နေရာပြ သင်္ကေတ စံသတ်မှတ်ချက်များကိုလိုက်နာ၍ ဆောင်ရွက် ကြရ ပါသည်။နေရာပြသင်္ကေတ စံသတ်မှတ်ချက် ဆိုသည်မှာ - ဆလင်ဒါမှန် သို့မဟုတ် စဖီရို ဆလင်ဒါ မှန် တစ်ခု ၏ ပါဝါအမြင်လမ်းကြောင်း(Power Meridian)တည်ရှိရာနေရာကို ဖော်ပြသော စနစ် တခုဖြစ်ပါ သည်။၎င်း စနစ်အရ ဘယ်ညာ မျက်စိနှစ်ဖက်စလုံးကို နာရီလက်တံ၏ ဆန့်ကျင် ဖက် လမ်းကြောင်း (Anti – Clockwise) အတိုင်း၊ကန့်လန့်ဖြတ်(Horizontal) နေရာမှစတင်၍ ဒီဂရီ( Degrees “ံ” )ဖြင့် ရေတွက် မှတ်သား တိုင်းတာပါသည်။

          ကန့်လန့်ဖြတ်လိုင်း(Horizonal Line) သည် အများအားဖြင့်ပြောကြသော ၁၈၀ံ(180ံ)ဖြစ် သည့် “၀” မှ “၁၈၀” (0ံto 180ံ)ထိရှိသော အမှတ်အသားများပင်ဖြစ်ပါသည်။သို့ဖြစ်ရာ ဆလင်ဒါ သို့မဟုတ် စဖီရိုဆလင်ဒါမှန်များ၏ Axis (နေရာပြဝင်ရိုး သို့မဟုတ် အချို့အခေါ် နေရာပြမီတာ) သည် ၁ မှ ၁၈၀ ဒီဂရီ( 1 to 180 degree) အတွင်းရှိနိုင်သည်ဟု ဆိုရပါမည်။သင်္ကေတပြုရာတွင် ဒီဂရီ၏ သင်္ကေတဖြစ်သော (ံ ) ကိုအသုံးနည်းပြီး (Axis = 1,45,180) စသည်ဖြင့်သာ အသုံး များပါသည်။ အဘယ့်ကြောင့်ဆိုသော် (ံ ) သင်္ကေတသည် သုံည(၀)နှင့်မှားယွင်း နိုင်သော ကြောင့်ဖြစ်ပေသည်။

စဖီရိုဆလင်ဒါမှန်များ၏ပါဝါကို ညွှန်ကြားရေးသားမည်ဆိုပါက မျက်မှန်ပါဝါညွှန်ကြားလွှာ၏ စဖီးရစ် ပါဝါနေရာ၌သာမက၊ဆလင်ဒါပါဝါနေရာတွင်ပါ ရေးသားရန်လိုပါသည်။ဆလင်ဒါပါဝါကို ရေးသားရာတွင် ဆလင်ဒါ၏ Axis (ဝင်ရိုး သို့မဟုတ် မီတာ) ကိုနေရာပြသင်္ကေတ စံသတ်မှတ် ချက်အတိုင်း လမ်းညွှန်ရေး သားရန်လိုပါသည်။

ဥပမာအားဖြင့် - 4.00/-1.00×90ံ ကို “minus four , minus one , axis ninety” (အနုတ် လေးရာ၊ အနုတ်တစ်ရာ၊ဝင်ရိုး ကိုးဆယ်) ဟုအလွယ်ပြောကြပါသည်။

          ဆလင်ဒါ၏ Axis (ဝင်ရိုး သို့မဟုတ် မီတာ)သည် မျက်မှန်ပါဝါရှာဖွေသူ အသုံးပြုသော စမ်းသပ် မျက်မှန်ကိုင်း(Trial Frame)တွင် မှတ်သားထားသောအမှတ်အသားများ၊မျက်မှန်ကိုင်း အတွင်းသို့ဆလင်ဒါ သို့မဟုတ် စဖီရိုဆလင်ဒါမှန်ကို သွေး၍ထည့်ပေးရသူပညာရှင်(Edging Technician )အသုံးပြု သော သင်္ကေတကဒ်ပြား(Standard Meter Chart)တွင် မှတ်သား ထားသော အမှတ် အသားများပင်ဖြစ် ပါသည်။မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်က စမ်းသပ်မျက် မှန်ကိုင်းတွင်ရှိသော အမှတ်အသားများ ကိုကြည့်၍၊ စမ်းသပ်ခံသူ၏ အကောင်းဆုံးအမြင်အာရုံကို ရရှိစေသည့် Axis ကိုရေးမှတ်ညွှန်ကြားရသကဲ့သို့ ၊မျက်မှန်ကိုင်းတွင်းသို့ မှန်ကိုသွေးထည့်ပေးရ သည့် ပညာရှင်ကလည်း မျက်မှန်ပါဝါညွှန်ကြားလွှာအတိုင်း လိုက်နာ၍ သင်္ကေတကဒ်ရှိ အမှတ် အသားအတိုင်း မှန်တွင်မှတ်သား၍ သွေးထည့် ပေးရပါသည်။

          အက်စတစ်မက်တစ်ဇန်(ဆလင်ဒါပါဝါ)ရှိသူ၏ ပကတိအမြင်သည် အမြင်စမ်းကဒ်ပြား သို့မဟုတ် ခေတ်မီပရိုဂျက်တာ ပေါ်ရှိ စာ ရုပ်ပုံ သင်္ကေတ များကို နှစ်ရုပ် နှစ်ထပ်မြင်ခြင်းမျှသာ မဟုတ်မူပဲ၊၎င်း စာ ရုပ်ပုံ သင်္ကေတ များ၏ အောက်ခြေ သို့မဟုတ် အပေါ်တည့်တည့်တို့တွင်၊ ခဲခြစ်ရာကဲ့သို ဒေါင်လိုက် အစင်းကြောင်းများ ကန့်လန့်ဖြတ်အဆင်းကြောင်းများကို လည်း မြင် တွေ့ရတတ် သည်ဖြစ်ရာ၊ဆလင်ဒါ ပါဝါ၏ Axis သည် ၎င်းတို့ကိုပျောက်ကွယ်သွားစေပြီး၊ ကြည် လင်သောအမြင်ကို ရရှိစေမည့် နေရာပြ သင်္ကေတပင်ဖြစ်ပါသည်။

လက္ခဏာသင်္ကေတ ပြောင်း၍ရေးသားခြင်း(Transposition)

        ဆလင်ဒါ၏ မျက်မှန်ပါဝါညွှန်ကြားချက်ရေးသားရာတွင် လက္ခပြောင်း၍ရေးသားခြင်းကို တခါတရံ လိုအပ်ချက် အရ အသုံးပြုကြရသည်များရှိပါသည်။အသုံးပြုမည့် မှန်လိုအပ်ချက်အရ ဖြစ်စေ၊နည်းပညာ သဘောတရားအရ ဖြစ်စေ ဆလင်ဒါပါဝါ အနုတ်သင်္ကေတမှ အပေါင်း သင်္ကေ တသို့ လည်းကောင်း၊ အပေါင်းသင်္ကေတမှ အနုတ်သင်္ကေတသို့လည်းကောင်း ပြောင်းလဲ ရေးသား အသုံးပြုကြပါသည် ။ရေးသား ပုံအဆင့်ဆင့် ကိုအောက်ပါအတိုင်းပြုလုပ်နိုင်ပါသည်။လိုအပ်သူတို့ အသုံးပြုနိုင်စေရန်ဖြစ်ပါသည်။

အဆင့်(၁) စဖီးရစ်ပါဝါတွင် ဆလင်ဒါပါဝါကိုပေါင်းလိုက်ပါ၊စဖီးရစ်ပါဝါအသစ်ရပါမည်။              အဆင့်(၂) ဆလင်ဒါပါဝါ၏သင်္ကေတ( + or - ) ကိုပြောင်းပါ။                                            အဆင့်(၃) Axis ကို ထောင့်မှန်ကျ ( 90ံ)သို့ ပြောင်းပါ။

ဥပမာ(၁) +3.25/- 1.25×180  ပါဝါအညွှန်းတွင်၊ဆလင်ဒါပါဝါ၏သင်္ကေတကို အပေါင်းလက္ခဏာ သို့ ပြောင်းမည်ဆိုပါက …………

(၁)စဖီးရစ်ပါဝါတွင် ဆလင်ဒါပါဝါကိုပေါင်းလျှင်……+3.25+(- 1.25)=+2.00 ဟူသော စဖီးရစ် ပါဝါအသစ်ကိုရပါမည်။ 
                                                                                                                               (၂) ဆလင်ဒါပါဝါ၏အနုတ်လက္ခဏာ သင်္ကေတကို၊အပေါင်းလက္ခဏာသို့ပြောင်းလျှင် …. -1.25 Change to +1.25  ဖြစ်ပါမည်။ 
                                                                                                                               (၃) Axis ကိုထောင့်မှန်ကျပြောင်းလျှင် ……. 180ံ Change to 90ံ ဖြစ်ပါမည်။
သို့ဖြစ်ရာ အနုတ်လက္ခဏာရှိသော ဆလင်ဒါပါဝါကို အပေါင်းလက္ခဏာသို့ပြောင်းလဲပြီးသော မျက်မှန်ပါဝါ အသစ်ကိုအောက်ပါအတိုင်းတွေ့ကြရပါမည်။ 

+3.25/-1.25×180ံ …..Become …….. +2.00/+1.25×90ံ …..ဖြစ်ပါမည်။

ဥပမာ( ၂ )….+1.00/+2.00×45  ဟူသောပါဝါအညွှန်းတွင် ဆလင်ဒါပါဝါ၏ သင်္ကေတကို အနုတ် လက္ခဏာသို့ပြောင်းမည်ဆိုလျှင်……

(၁) စဖီးရစ်ပါဝါနှင့်ဆလင်ဒါပါဝါကိုပေါင်းပါက ….. +1.00+(+2.00)=+3.00 ဖြစ်ပါမည်။                  (၂) ဆလင်ဒါပါဝါ သင်္ကေတကို အနုတ်လက္ခဏာသို့ပြောင်းပါက …+2.00  to  -2.00 ဖြစ်၏။             (၃) Axis ကိုထောင့်မှန်ကျ ( 90ံ) ပြောင်းလျှင်… 45ံ change to 135ံ ကိုရပါမည်။

ဤသို့ဖြင့် ပေးထားသောပါဝါအညွှန်း +1.00/+2.00×45ံသည် +3.00/-2.00×135ံဟူ၍ ဆလင်ဒါ ပါဝါအနုတ်လက္ခဏာ သင်္ကေတဖြင့် ပါဝါအညွှန်း အသစ်ကိုရပါမည်။

`        သတိပြုရန်အချက်မှာ မှန်တစ်ခု၏ ကြက်ခြေခတ်အမြင်လမ်းကြောင်း(Optical Cross)မှာ ပြောင်း လဲသွားမည်မဟုတ်ပဲ၊သင်္ကေတ(အနုတ်နှင့်အပေါင်းလက္ခဏာများ)ရေးသားရာတွင်သာ ပြောင်းလဲရေး သားခြင်းဖြစ်ပါသည်။ဆိုလိုသည်မှာ မှန်၏ပါဝါကိုပြောင်းလဲခြင်းမဟုတ်ပဲ၊ သင်္ကေ တလက္ခဏာကိုသာ ပြောင်းလဲ၍ရေးသားခြင်းဖြစ်ပေသည်။

          စဖီးရစ်ပါဝါရှိသူ၏ ပကတိအမြင်သည် ဝေဝေဝါးဝါးမထင်ရှားခြင်းမျှသာဖြစ်၍၊ဆလင်ဒါပါဝါ ရှိသူ၏ ပကတိအမြင်သည် ဝေဝါးမထင်ရှားခြင်းမျှသာမဟုတ်ပဲ စာလုံးစောင်းများ၊စာလုံးဆက်များ၊ခဲ ခြစ်ရာကဲ့သို့ ခြစ်ရာများဖြင့် အချို့သောသူများတွင် ရှုပ်ထွေးနေတတ်သည်ဖြစ်ရာ၊ဆလင်ဒါပါဝါရှိသူ အား ကြည် လင်သော အမြင်ကိုရရှိစေရန်အတွက်(ကိုက်ညီသောမျက်မှန်ကောင်း ကောင်းတလက် ရရှိစေရေးအတွက်) ပါဝင်ကုစားမှုပြုကြသူ ပညာရှင်များသည် ဆလင်ဒါပါဝါအတွက် သတ် မှတ် ထားသော စံသင်္ကေတ သတ်မှတ်ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သင့်ကြပေသည်။

 ပြည့်အောင် (COA)

(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)   

No comments:

Post a Comment